Thursday, December 28, 2017

ငွေန၀င်းပွဲကြီး(ရှယ်)

ငွေနဝင်းပွဲကြီး ( ရှယ်) အာဏာစက်ပေးပွဲကြီး

၃၁ .၁ . ၂၀၁၈  ဗုဒ္ဓဟူးနေ့  လပြည့်နေ့

မနက်ပိုင်း ၉ နာရီမှာသာသနာပွဲပေးသီလယူရန်နှင့်
ဂုဏ်တော် ၉ ပါးပုတီးစိတ်ရန် အမျှအတန်းပေးဝေရန်
ဖြစ်ပါတယ်
ငွေနဝင်းပွဲ ( ပွဲကြီး) နှင့်သာသနာအောင်သိဒ္ဓိပွဲကြီး
ပွဲပြင်ရန် ပစ္စည်းတွေလိုအပ်တာတွေစောစောတင်ပေး
လိုက်ပါတယ် ကြိုတင်ရှာထားရန်ဖြစ်ပါတယ်
-- -- --- --- ---- ---- ----- ----- ----- ----- ----
ငွေနဝင်းပွဲ = ပွဲကြီးအတွက်လိုအပ်သောပစ္စည်း
လိမ္မမော်သီး ၂ လုံး
လက်ဖက် ၉ ကျပ်သား
ဆန် ၉ လုံး
ဆီ ၉ ကျပ်သား
ဆား တစ်ဇွန်း
ဇီး ၈ ညွန့်
လင်ဗန်း ၂ ချပ်
ဖိယောင်းတိုင် ၉ တိုင်
အုန်း ၆ ညွန့်
မတ်စေ့ ၉ စေ့
အထက်ပါပစ္စည်းများသည် ငွေနဝင်းပွဲကြီးတွက်
ဖြစ်ပါသည်

======= ======= =======-
သာသနာပွဲကြီးအတွက်

ငှက်ပြော ၅ ဖီး
အုန်းသီးတစ်လုံး
တခွန်ကုက္ကားတစ်စုံ
ကနက္ကတန်ထီးတစ်လက်
နှင်းဆီအနီ ၅ ပွင့်
အောင်သပြေ ၂ စည်း
ငွေပန်း ရွေပန်း စပယ်
ကွမ်းရွက် ၁၀ သား
ကွမ်းသီး ၅ ကျပ်သား
လက်ဖက် ၁၀ သား
ဖိယောင်းတိုင်အနီ တစ်ထုတ် အဖြူ တစ်ထုတ်
အမွေးတိုင် ၅ ထုတ်( အသေး)
သာသနာပွဲပြင်ရန်
===========
ရှေးဦးစွာ ဇလုံတစ်ခုတွင်း ငှက်ပျော ၅ ဖီးကိုရေဆေး
ပြီးထည့်ပါပြီးလျှင် အုန်းသီးတစ်လုံးကိုထည့်ပါ ငှက်
ပြော ၃ဖီးကိုအောက်ခံပြီးအပေါ် ၂ ဖီးတင်ပြီးရင် အုန်း
သီး တင်လိုက်ရင်အဆင်ပြေပါတယ်
သပြေပန်းကတော့ ငှက်ပြော ၅ ဖီးအတွက်လောက်ငှ
အောင်ဝယ်ထားဘို့လိုပါတယ် သပြေပန်းတွေကို
ငှက်ပြောဖီးကြားတွေမှာလိုက်ထိုးထားပါ
လက်ဖက် ကိုကွမ်းရွက်နဲ့ထုတ်ပြီးကွမ်း ၅ ယာကို
ငှက်ပြောဖီးတွေမှာလိုက်ညပ်ထားပါ
ကွမ်းသီးနဲ့ကွမ်းရွက်ကိုလည်း ၅ ယာပြုလုပ်ထားပြီး
ငှက်ပြော ၅ဖီးမှာညှပ်ထားဘို့လိုပါတယ်
နှင်းဆီ ၅ ပွင့်ကို ငှက်ပြော ၅ ဖီးမှာစိုက်ထားပြီးရွှေပန်း
ငွေပန်းများချိတ်ဆွဲထားရန်လိုပါတယ် တံခွန်ကုက္ကား
တစ်စုံနဲ့ ကနက္ကတန်ထီးတစ်လက်ကိုစိုက်ပြီးအောင်
လံထူထားရန်လိုပါတယ်ဖိယောင်းတိုင်ကိုပွဲပေါ်တွင်
တင်ထားပါ အမွေးတိုင်ထုတ်များလည်းတင်ထားပါ
ဒီလောက်ဆို နားလည်လောက်ပြီဟုထင်ပါတယ်
ငွေနဝင်းပွဲကြီးဆက်ပြောရအောင်

ငွေနဝင်းပွဲကြီးရှယ် အတွက်
========= ======
ရှေးဦးစွာလင်ဗန်းနှစ်ချပ်ကိုယူပါ ပထမတစ်ချပ်ထဲမှာအုန်း ၆ ညွန့်ခင်းလိုက်ပါ
ဒုတိယလင်ဗန်းကိုအပေါ်ကထပ်လိုက်ပါ
ပြီးလျှင်လင်ဗန်းထဲကိုဆန် ၉ လုံးထည့်လိုက်ပါ
ဆန်ပေါ်ကိုစတီးပန်းကန်တစ်ချပ်တင်လိုက်ပါ

စတီးပုဂံထဲကို ဖန်ခွက်တစ်လုံးထည့်ပြီးဆီတစ်ဝက်
ခန့်ထည့်လိုက်ပါပြီးလျှင်ဆားတီးစပွန်းတစ်ဇွန်းခန့်
ထည့်လိုက်ပါ ဇီး ၈ ညွန့်ထပ်ထည့်လိုက်ပါ
ဆန်ဗန်းပတ်လည်တွင်မတ်စေ့ ၉ စေ့ကိုချထားပြီး
ယင်းမတ်စေ့ပေါ်တွင်ဖိယောင်းတိုင် ၉ တိုင်( တစ်
နာရီ) တိုင် တင်ထားရန် ဖိယောင်းတိုင်၉ တိုင်ကြား
တွင်အမွေးတိုင် ၉ တိုင်စိုက်ထားရန်
လက်ဖက် ၁၀ သားကိုစတီးပုဂံပတ်လည်တွင် ၉ ပုံပုံ
ထားပြီးထိုလက်ဖက်ပုံကြားတွင်လိမ်မော်သီးစိတ်လေး
၉ စိတ်ကိုလိုက်ညပ်ထားရန်
ပြီးလျှင်ဖိယောင်းတိုင်နှင့်အမွှေးတိုင်များကိုမီးထွန်းရန်
ပွဲမီးထွန်းနေစဉ်ဂုဏ်တော်ပုတီးတပတ်စိတ်ရန်
မီးညိမ်းလျှင်ပွဲထဲမှာရှိသော ဆန်များကို သီလရှင်သို့
မဟုတ်ဘုန်းကြီးများသို့ဆွမ်းချက်လောင်းရန်
ကျန်ပစ္စည့်များကိုအမှိုက်ပုံးသို့စွန့်ရန်
တစ်ရက်အတွင်းအပြီးပေးသောပွဲဖြစ်ပါသည်
လပြည့်နေ့တိုင်းပြုလုပ်ရန်ဖြစ်ပါသည်အချိန်များကိုတစ်ရက်ကြိုတင်ပြီးပြောမည်ဖြစ်ပါသည်
သာသနအောင်သိဒ္ဓိပွဲ ပေးရန်အဆင်မပြေသူများ
ငွေနဝင်းပွဲသာပေးနိုင်ပါသည်
ငှက်ပြောသီးကအဆင်ပြေရာသုံးပါ
ပွဲများအားလုံးကိုယခုပို့အောက်တွင်အာဏာစက်
ယူနိုင်ပါသည်

အားလုံးအောင်မြင်ကြပါစေ

Download Android Application




No comments:

Post a Comment