Tuesday, December 26, 2017

သုခံ လောကဓံ



သောကြာဂြိုလ် သို့ သုခံဂြိုလ်

သောကြာဂြိုလ်ထဲရောက်နေတဲ့သူတွေဟာ ပြည်တွင်းပြည်ပ ခရီးသွားမယ့်ကိစ္စမျိုးတွေ တစ်မြို့တစ်ရွာ တစ်ရပ်တစ်ကျေးကို ပြောင်းရွေ့ရမယ်ဆိုတဲ့ကိစ္စမျိုးတွေ ရာထူးတတ်ပြီးတော့အလုပ်ငှာနတွေပြောင်းရွေ့ရမယ်ဆိုတဲ့ကိစ္စမျိုးတွေ အရပ်တကာ နယ်တကာလှည့် ဘုရားဖူးသွား အပျော်တမ်းခရီးတွေမှာ အလွန်အားကောင်းနေတဲ့ဂြိုလ်တစ်လုံးဖြစ်တယ်


ဒီတော့ သောကြာဂြိုလ်ဟာ ခရီးဂြိုလ်ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေး ကြီးပွားရေးကိုရည်မှန်းချက်ပန်းတိုင်တစ်ခုအနေနဲ့ အလုပ်လုပ်နေတဲ့မည်သူမဆို အပျော်တမ်းခရီးထွက်ခြင်းနဲ့ ဘုရားဖူးသွားခြင်းဆိုတဲ့ကိစ္စမျိုးတွေကို ဒီဂြိုလ်ထဲမှာအတတ်နိုင်ဆုံးရှောင်ရှားဖို့လိုတယ်

သောကြာဂြိုလ်ထဲရောက်နေတဲ့သူမှန်သမျှ မိမိရည်းမှန်းချက်ပန်းတိုင်တစ်ခုရောက်ဖို့အားကြိုးမာန်တတ်ကြိုးစားဖို့လိုတယ် မိမိစီမံဆောင်ရွက်တဲ့ကိစ္စတွေမှာလဲ အထောက်အပံ့အကူအညီရလွယ်တယ် ရည်မှန်းချက်အကောင်အထည်ပေါ်တဲ့သဘောမျိုးတွေလည်းကြုံရမယ်
သောကြာဂြိုလ်မှာကာမဂုဏ်ကိစ္စတွေလည်းရူပ်ရူပ်ထွေးထွေးပေါ်လာတတ်တယ် အဲ့ဒါကြောင့် သောကြာဂြိုလ်ရောက်နေတဲ့သူတစ်ယောက်ဟာ လက်တွေ့အကျိုးခံစားရမဲ့အချိန်ကာလအပိုင်းအခြားလေးထဲမှာ အဲ့ဒီကာမဂုဏ်ကိစ္စတွေ တိုက်ဆိုင်ကြုံတွေ့ပြီး လိုရာခရီးမရောက်ဘဲ လမ်းတ၀က်ကနေ ခေါက်ချိုးပြန်ခဲ့ရတဲ့အဖြစ်မျိုးတွေလည်းရှိတယ်

ဒီဂြိုလ်မှာ ပြည်တွင်းပြည်ပခရီးသွားတဲ့နေရာမှာလည်းအားကောင်းတယ် တချို့ကခရီးမထွက်ဘဲ စီးပွားရေးတွေစွန့်စွန့်စားစား တိုးချဲ့လုပ်ကိုင်မယ်ဆိုရင်လဲ အောင်မြင်နိုင်တယ် ပစ္စည်းဟောင်း ကြွေးဟောင်း ငွေဟောင်း မိတ်ဟောင်းဆွေဟောင်း အပေါင်းအသင်းတွေနဲ့ ပြန်လည်ဆုံစည်း ပျော်ရွှင်ရတဲ့ဂြိုလ်တစ်လုံးဖြစ်တယ်

သောကြာဂြိုလ်ရောက်နေတဲ့သူမှန်သမျှ အချိန်မဖြုန်းနဲ့ ယောင်လည်လည်မလုပ်နဲ့ မိမိကျွမ်းကျင်ရာ လုပ်ငန်းတစ်ခုခုကိုအမြန်စတင်ပါ
သောကြာဂြိုလ်မှာ ၃ ကြွင်းသမားတွေအထူးသတိပြုရမယ် ဘာကြောင့်လဲဆိုတော့ ဒီဂြိုလ်မှာ ခရီးထွက်ရင် ဥပ္ပစ္စေဒကံဆိုတဲ့ဘေးကြုံတွေတတ်တယ် သွားလာတဲ့
ရီးမှာလဲအခကအ်ခဲတွေနဲ့ရင်ဆိုင်ရမယ် ဒါကြောင့် ၃ကြွင်းတွေ မိမိသဘော နဲ့ခရီးထွက်ခြင်း စွန့်စားသွားလာတဲ့လုပ်ငန်းတွေကိုထိန်းသိမ်းရပ်တန့်ပါ

သောကြာဂြိုလ်ထဲမှာ အခက်အခဲ အတားအဆီးလေးတွေ ယာယီဖြစ်နေမယ် ကြန့်ကြာမူတွေအထစ်အငေါ့လေးတွေတွေ့နေတယ်ဆိုရင် ခြံဝင်းအတွင်း သို့ လမ်းမ သို့ ကျောင်းကန် ဇရပ် ဘုရား အဲ့လိုနေရာတွေမှာ သန့်ရှင်းရေးများများလုပ်မယ် သောက်သုံးရေတွေဖြည့်မယ် စေတနာသန့်သန့်နဲပ့ါဝင်လုပ်ကိုင်ဆောင်ရွက်ပေးရမယ်

သောကြာဂြိုလ်ရောက်နေတဲ့သူတွေ ကြိုးစားပါ အချိန်မဖြုန်းပါနဲ့
ရာထူးတိုးခြင်း အပြောင်းအရွေ့တွေလည်းဖြစ်တတ်သည် ထို့သို့ပြောင်းရွေ့ခြင်းဟာ ကောင်းတဲ့ဒေသ ကောင်းတဲ့ အလုပ်အကိုင်ဆိုတဲ့နေရာတွေကို ပြောင်းရွေ့ရခြင်းဖြစ်သည်

သောကြာဂြိုလ်ထဲတွင်ရောက်နေသော ၇ နေ့သားသမီးများ၏အသက်အပိုင်းအခြားများ

တနင်္ဂနွေ -            ၈ , ၁၃ , ၂၄ , ၃၂ , ၄၀ , ၄၈ , ၅၆ , ၆၄ , ၇၂ , ၈၀

တနင်္လာ -             ၇ , ၁၅ , ၂၃ , ၃၁ , ၃၉ , ၄၇ , ၅၅ , ၆၃ , ၇၁ , ၇၉

အင်္ဂါ -                  ၆ , ၁၄ , ၂၂ , ၃၀ , ၃၈ , ၄၆ , ၅၄ , ၆၂ , ၇၀ , ၇၈

ဗုဒ္ဓဟူး                - ၅ , ၁၃ , ၂၀ , ၂၉ , ၃၇ , ၄၅ , ၅၃ , ၆၁ , ၆၉ , ၇၇

ကြာသပတေး -       ၃ , ၁၁ ,၁၉ , ၂၇ , ၃၅ , ၄၃ ,၅၁ , ၅၉, ၆၇ , ၇၅

သောကြာ -            ၁ , ၉ , ၁၇ , ၂၅ , ၃၃ , ၄၁ , ၄၉ , ၅၇ , ၆၅ , ၇၃

စနေ -                   ၄ , ၁၂ , ၂၀ , ၂၈ , ၃၆ , ၄၄ , ၅၂ , ၆၀ ,၆၈ , ၇၆




No comments:

Post a Comment