Monday, January 1, 2018

အယသောလောကဓံ

အင်္ဂါဂြိုလ် သို့မဟုတ် အယသောဂြိုလ်

အင်္ဂါဂြိုလ်သက်ရောက်နေတဲ့ဘယ်သူပဲဖြစ်ဖြစ် သက်ရောက်သည့်ကာလအပိုင်းအခြားကစပြီးတော့ အဲ့ဒီဂြိုလ်သက်တမ်းကုန်ဆုံးသည့်တနှစ်တာကာလအတွင်းမှာ ဆင်းရဲသူပဲဖြစ်ဖြစ် ချမ်းသာသူပဲဖြစ်ဖြစ် ကြီးသူဖြစ်စေ ငယ်သူဖြစ်သူဖြစ်စေ ဂုဏ်ရာထူးမည်မျှပင်ကြီးမားစေကာမူ အကြောင်းတစ်ခုခုတိုက်ဆိုင်ပြီးတော့ အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ဆင်းရဲရခြင်း ဥပါဒါန်တစ်ခုခုကို ရင်ဆိုင်ရတတ်တယ်


အင်္ဂါဂြိုလ်ထဲရောက်နေတဲ့သူမှန်သမျှစိတ်ပင်ပန်းဆင်းရဲမူဒဏ်ကိုကြံ့ကြံ့ခံနိုင်ရမယ် ဒါမှ အင်္ဂါဂြိုလ်ရဲ့စိတ်ဖိစီးမူဒဏ်ကို အတော်အသင့်ကာကွယ်သက်သာမူရနိုင်မယ်
အင်္ဂါဂြိုလ်ဟာ ၇ နေ့သားသမီးတွေကိုစိတ်ဆင်းရဲအောင် စိတ်ပင်ပန်းအောင် အထက်လူဖိတတ်တယ်ဆိုတဲ့သဘောတွေ မိမိလက်အောက်ကလူတွေကလည်းမိမိကိုမရိုသေ တော်လှန်တဲ့သဘောတွေ ကြံစည်လုပ်ကိုင်နေတဲ့စီးပွားရေး လူမူရေး
ကဏ္ဏတွေမှာလည်းအဆင်မပြေတတ်တဲ့သဘောတွေ နောက်ဆုံးကိုယ်မွေးထားတဲ့သားသမီးတွေကအစ ကိုယ့်ကိုတော်လှန်ပုန်ကန်လာကြတယ်ဆိုတဲ့အဖြစ်မျိုးတွေကိုကြုံရတတ်တယ်


အင်္ဂါဂြိုလ်ထဲရောက်ပီဆိုရင် ဘယ်သူပဲဖြစ်ဖြစ်ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေပေါ်မှာလည်းကောင်း မိမိနဲ့ပူးတွဲပေါင်းစပ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာလည်းကောင်း စိတ်ရှည်သည်းခံပြီးတော့ ဖြည်းဖြည်းမှန်မှန်လုပ်ပြီး ရသမျှနဲ့ရောင့်ရဲတင်းတိမ်သွားမယ်ဆိုရင် ဤဂြိုလ်ရဲ့နှိပ်စက်ဖျတ်စီးမူဒဏ်ကို ဘယ်လိုမှပြင်းပြင်းထန်ထန်ခံစားရလိမ့်မည်မဟုတ်ဘူး
အင်္ဂါဂြိုလ်ထဲရောက်နေတဲ့သူမှန်သမျှ သီလဆောက်တည်ခြင်း အဓိငှါန်ဝင်ခြင်း မိမိနေအိမ် အိပ်ယာမှအစ ပတ်ဝန်းကျင်သန့်ရှင်းရေးကိစ္စများကိုဖြည်းဖြည်းမှန်မှန်ဆောင်ရွက်ပေးရမယ် လူစုလူဝေးအဖွဲအစည်းတွေမှာလည်း ပါဝင်ဆောင်ရွက်တဲ့အနေမျိုးနဲ့မနေဘဲ အခိုင်းခံ နောက်လိုက် သို့ တစ်ကိုယ်တည်းအေးဆေးစွာလုပ်ကိုင်သွားတတ်ဖို့လည်းလိုတယ်


အင်္ဂါဂြိုလ်သက်ရောက်နေတဲပု့ဂ္ဂိုလ်တွေဟာ မိမိရဲ့အိမ်ထောင်ဖက်တွေနဲ့စကားပြောတာကအစအဆင်မ
ပြတတ်ကြဘူး တဦးနဲ့တဦးမယုံသင်္ကာကိစ္စတွေ အထင်မှားတဲ့ကိစ္စတွေ တဦးပေါ်တဦးသံယောဇဉ်ကုန်ခမ်းလာတဲ့သဘောတွေ အိမ်ထောင်သည် တဦးမှာရှိသင့်တဲ့ချစ်ခြင်းမေတ္တာတရားတွေလည်း လျော့ပါးပျက်စီးတတ်တယ် အဲ့ဒါကြောင့် တဦးနဲတဦးအနစ်နာခံမယ် ခွ့င့်လွှတ်တတ်ရမယ်


အင်္ဂါဂြိုလ်ရောက်နေတဲ့သူကကိုယ်လက်မအီမသာဖြစ်နေတဲ့သဘောတွေ မလုပ်ချင်မကိုင်ချင်ဆိုတဲ့သဘောတွေ အရာရာကိုစိတ်တိုနေတဲ့သဘောတွေဖြစ်တတ်တယ် စက်မူလုပ်ငန်းမှာလုပ်နေတဲ့သူဆိုရင် ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးတတ်တယ်
အင်္ဂါဂြိုလ်ထဲမှာသားသမီးတွေ သားမယားတွေပြိုကွဲပျက်စီးတတ်တယ်
ဒါကြောင့်အင်္ဂါဂြိုလ်မှာအတတ်နိုင်ဆုံး အရင်က ခြေတစ်လှမ်းလှမ်းရင် ခုဆယ်လှမ်းလှမ်းပါ လို့အကြံညဏ်ပေးချင်တယ်


အင်္ဂါဂြိုလ်ထဲတွင်ရောက်နေသော ၇နေ့သားသမီးများ၏အသက်အပိုင်းအခြားများ














တနင်္ဂနွေ -        ၃ , ၁၁ , ၁၉ , ၂၇ , ၃၅ , ၄၃ , ၅၁ , ၅၉ ,  ၆၇,၇၅ , ၈၃

တနင်္လာ -        ၂ , ၁၀ ,၁၈ ,၂၆ , ၃၄ , ၄၂ , ၅၀ , ၅၈ ,   ၆၆  , ၇၄ , ၈၂

အင်္ဂါ -             ၁ , ၉ , ၁၇ , ၂၅ , ၃၃ , ၄၁ , ၄၉ , ၅၇ ,  ၆၅   , ၇၃ , ၈၁

ဗုဒ္ဓဟူး            -၈ , ၁၆ , ၂၄ , ၃၂ , ၄၀ , ၄၈ , ၅၆ , ၆၄ ,   ၇၂ , ၈၀ , ၈၈

ကြာသပတေး -     ၆ , ၁၄ , ၂၂ , ၃၀ , ၃၅ , ၄၆ , ၅၄ , ၆၂ , ၇၀,၇၈,၈၆


သောကြာ -        ၄ , ၁၂ , ၂၀ , ၂၈ , ၃၆ , ၄၄ , ၅၂ , ၆၀ , ၆၈ , ၇၆ , ၈၄

စနေ -              ၇, ၁၅ , ၂၃ , ၃၁ , ၃၉ ,၄၇ , ၅၅ , ၆၃ , ၇၁ , ၇၉ , ၈၅


No comments:

Post a Comment