Monday, January 1, 2018

ဒုက္ခံ လောကဓံသက်ရောက်

ဗုဒ္ဓဟူးဂြိုလ် သို့မဟုတ် ဒုက္ခံဂြိုလ်


ဗုဒ္ဓဟူးဂြိုလ်ဟာအလွန်ဒုက္ခများတဲ့ဂြိုလ်ဖြစ်တယ် မနှစ်ကဖြတ်ခဲ့တဲ့အင်္ဂါဂြိုလ်ထဲမှာ မိမိစိတ်ကိုအတတ်နိုင်ဆုံးထိနိးချုပ်ခဲ့မယ် အလျှော့ပေးခဲ့မယ် ခွင့်လွှတ်ခဲ့မယ် ရသမျှနဲ့ရောင့်ရဲတင်းတိမ်ခဲ့မယ်ဆိုရင်တော့ ခုရောက်နေတဲ့ဗုဒ္ဓဟူးဂြိုလ်က ဒုက္ခပေးမှာမဟုတ်ပါဘူး အဲ့လိုမဟုတ်ဘဲ အင်္ဂဂြိုလ်ထဲမှာအနိုင်ယူခဲ့မယ် ပေါက်ကွဲခဲ့မယ် တော်လှန်ခဲ့မယ် ဆိုရင်တော့ ခုရောက်နေတဲ့ ဗုဒ္ဓဟူးဂြိုလ်မှာ ဘေးဆိုးတွေ ထောင်တန်းအမူအခင်းတွေ ဂုဏ်ရာထူးပြုတ်တယ်ဆိုတဲ့သဘောတွေ


ရောဂါကြီးကြီးမားမားဖြစ်ပြီးတော့ ဆေးရုံတို့ခွဲစိတ်ဖြတ်တောက်တာတို့ အဲ့လိုအခက်အခဲကြီးကြီးမားမားတွေ လည်းကြုံရမှာဖြစ်တယ်
အဓိကအချက်အနေနဲ့ဗုဒ္ဓဟူးဂြိုလ်ဟာရုတ်တရက်ပျက်စီးတတ်တဲ့ဂြိုလ်ဖြစ်တယ် ဒါကြောင်မိမိယုံကြည်ရာ ကိုးကွယ်ရာ ဘာသာတရားကို ကိုယ်ကျင့်တရားသည်းခံခြင်းတရားဆိုတဲ့အကောင်မြင်ဝါဒကိုလည်းကျင့်သုံးတတ်ဖို့လိုတယ် တစ်ဖက်သတ်ဆန်တဲ့သူတွေ မတရားအမြတ်ကြီးစားတဲ့သူတွေ စီးပွားဥစ္စာနဲ့ပတ်သက်ပြီး နိုင်ထက်စီးနင်းပြုကျင့်တဲ့သူတွေ မာန်မာနထောင်လွှားတဲ့သူတွေ သေလွယ် ပျက်လွယ်တယ်
ဗုဒ္ဓဟူးဂြိုလ်ကနေရှေ့ ၁ နှစ်ကိုတိုးလိုက်မယ်ဆိုရင်စနေဂြိုလ်ကစောင့်
နေတယ် အဲ့ဒီစနေဂြိုလ်က ဖြတ်ခဲ့တဲ့အင်္ဂါဂြိုလ် ဗုဒ္ဓဟူးဂြိုလ်ထက်ကို ပိုမိုပြင်းထန်စွာဒုက္ခပေးနိုင်တဲ့ဂြိုလ်ဖြစ်တယ်


အထူးသဖြင့် ဗုဒ္ဓဟူးဂြိုလ်ထဲမှာဒုက္ခအပေးဆုံးခံရတဲ့ နေ့ကတော့ တနင်္ဂနွေ ကြာသပတေး အင်္ဂါသားသမီးတွေဖြစ်တယ် သူတို့ဟာ အခြားနေ့သားတွေထက်ပိုဂဂုစိုက်ဖို့လိုတယ် တနင်္ဂနွေဆိုရင် ကျန်းမာရေး ဘေးဆိုးတွေအပြင် အိုးကွဲအိမ်ကွဲ သားကွဲ မယားကွဲ အဲ့လိုကိစ္စတွေကြုံတတ်တယ် အင်္ဂါတွေကျတော့ ကျန်းမာရေးမဖြစ်နိုင်သော်လည်း ဆွေမျိုးအုပ်စုပြိုကွဲပျက်စီး အွိ
ထောင်ရေးပြိုကွဲတဲ့သဘောတွေဖြစ်တတ်တယ် ကြာသပတေးကျတော့ရုပ်ပျက်ဆင်းပျက် ဒုက္ခ ဆင်းရဲကြီးမားတယ်


ဗုဒ္ဓဟူးဂြိုလ်ရောက်နေတဲ့ ၇နေ့သားသမီးတိုင်းဟာ မိမိရဲ့စိတ်ဆန္ဒ လောဘဇောတွေကိုအတတ်နိုင်ဆုံးလျော့ဖို့လိုတယ် ဒုတိယအနေနဲ့ကတော့ မိမိကိုယ်တိုင်သာအပင်ပန်းခံနိုင်ဖို့ အနစ်နာခံတတ်ဖို့လည်းလိုတယ် နောက်တတိယအနေနဲက မတရားတဲအလုပ်တွေ ကိုယ်ကျိုးကိုရှေ့တန်းတင်တဲ့သဘောတွေ အဲ့ဒါတွေကိုပယ်နိုင်ဖို့အရေးကြီးပါတယ်


ဗုဒ္ဓဟူးဂြိုလ်ထဲရောက်နေသော ၇နေ့သားသမီး၏အသက်အပိုင်းအခြားများ

တနင်္ဂနွေ -           ၄ , ၁၂ , ၂၀ , ၂၈ ,၃၆ , ၄၄ , ၅၂ , ၆၀ , ၆၈ , ၇၆
တနင်္လာ              ၃ , ၁၁ , ၁၉ , ၂၇ , ၃၅ , ၄၃ , ၅၁ , ၅၉ , ၆၇ , ၇၅
အင်္ဂါ                   ၂ , ၁၀ , ၁၈ , ၂၆ , ၃၄ , ၄၂ , ၅၀ , ၅၈ , ၆၆ , ၇၄
ဗုဒ္ဓဟူး -              ၁ , ၉ , ၁၇ , ၂၅ , ၃၃ , ၄၁ , ၄၉ , ၅၇ , ၆၅ , ၇၃
ကြာသပတေး     - ၇ , ၁၅ , ၂၃ , ၃၁ , ၃၉ , ၄၇ , ၅၅ , ၆၃ , ၇၁ , ၇၉
သောကြာ          - ၅ , ၁၃ , ၂၁ , ၂၉ , ၃၇ , ၄၅ , ၅၃ , ၆၁ , ၆၉ , ၇၇
စနေ -                 ၈ , ၁၆ , ၂၄ , ၃၂ , ၄၀ , ၄၈ , ၅၆ , ၆၄ , ၇၂ , ၈၀


















No comments:

Post a Comment