Friday, February 16, 2018

သုတပိုင်း

ယတြာ  အဆောင်များနှင့်ပတ်သက်၍

၁      အဆောင်လုပ်ရင်အဆင်ပြေမှာလား
၂      အဆောင်လုပ်ရင်အဆင်မပြေဘူးလား
၃      အဆောင်လုပ်လုပ်မလုပ်လုပ်အဆင်မပြေ
        တော့ဘူးလား
၎     အဆောင်လုပ်လုပ် မလုပ်လုပ်အဆင်ပြေသွား
       မှာလား

ယတြာလည်း ထို့နည်းတူဘဲ

တွက်ရိုး အဖြေ

အဆောင်လုပ်ရင်အဆင်ပြေမည် သို့မဟုတ်ယတြာ
ပြု ရင်အဆင်ပြေမည်

အဆောင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေအဆင်မပြေတော့ပါ

အဆောင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေပြန်၍
အဆင်ပြေမည်

တခါတလေ တွက်ရိုးအဖြေမှာကြိမ်းသေအဆင်ပြေ
မယ်ဆိုတာ သိထားတော့ အဆောင်လေးပေးပြီး
ယတြာလေးချေ လိုက်တော့ ပိုပြီးအားကောင်းတာ
ပေါ့

တွက်မကြည့်ဘဲ အဆောင်လုပ်ရင်အဆင်ပြေမပြေ
သိဘို့မလွယ်ဘူး

ဆေးပညာမှာလည်း ဒီတိုင်းဘဲ

ဘာဆေးသောက်သောက် မရတော့ဘူး သေမယ်
ဆိုတာသိနေပြီ

ဆရာဝန်က ဘယ်လိုပြောမှာလည်း ခင်ဗျားတို့ကု
မနေနဲ့ သေမှာဘဲ လို့ပြောမှာလား  စိတ်မပူပါနဲ့
ကျွန်တော်တို့ ကျိုးစားကြည့်ပါဦးမယ် မရတော့လည်း
ကံပေါ့   အဲလိုပြောမှာလား

ဆေးသိပ္ပံပညာ မှာကံလို့သုံးသွားတယ်နော် သူတို့
လည်းကံတရားကို လက်မလွတ်ဘူး

သမားတို့ရဲ့စည်း   ဟူးရားတို့ရဲ့စည်း

ကျွန်တော်တို့ဟူးရားပညာမှာ ဘယ်လိုပြောမှာလည်း
ဘုမ္မိကြီးမှာ ရန်မာရဏ ခတ်နေတယ် လာတွက်ချိန်
မွေးနံခိုက်   ဘာယတြာမှ လုပ်မနေနဲ့ သေမှာဘဲ
လို့ဟောမှာလား  စဉ်းစားဘို့ပြောတာနော်

တခါတုန်းက လူမမာ တစ်ယောက်ဆေးရုံတင်ထား
တယ် ဗေဒင်လာမေးတယ် ညနေ ၅ နာရီမှာသေမယ်
ဆိုတာကို ကျွန်တော်တွက်လို့သိလိုက်ပြီ

ဘယ်လိုဟောမှာလည်း

အေးကွာ ကံကတော့ညံ့ နေတယ် ငါသေချာတွက်
ပြီးနမိတ်ကောက်ပေးမယ်  ညနေ ၅ နာရီခွဲလောက်
ငါ့ဆီဖုန်းဆက်လို့ပြောလိုက်တော့ လူမမာရှင်လည်း
ဟုတ်ကဲ့ပါဆရာဆိုပြီးဆေးရုံပြန်သွားစောင့်တာည
နေ ၅ နာရီလောက်ဖုန်းပြန်ဆက်တယ် ဆရာတဲ့နမိတ်
ကောက်မနေနဲ့တဲ့ လူမမာဆုံးသွားပြီတဲ့
နာရီဝက်ခွာလိုက်တာနော်  ဟူးရားစီးကမ်းတွေရှိတယ်

တွက်ကြည့်ရင်တော့ အဖြေသိတယ် ဒါပေမဲ့ပြောသင့်
မပြောသင့်ဘဲရှိတာ

တွက်ရိုးမှာတော့ အနှစ် ၃၀ ဘာမှ မှားစရာမရှိဘူး
မှန်တိုင်းလည်းဟောမရတာတွေရှိတယ် သူသေမှာ
သိရဲ့သားလည်း ချက်ခြင်းမဖြေဘူး နာရီဝက်ခွာပြီး
ဖုန်းပြန်ဆက်ခိုင်းတာ ဟူးရားစီးကမ်းတွေရှိတယ်

No comments:

Post a Comment