Thursday, February 8, 2018

ပျားစွဲ နမိတ်




ဗေဒမကုဋမာလာကျမ်းကိုအရင်ရှင်းပြပေးပါ့
မယ် စာမျက်နှာ ၃၇၂ အပိုဒ် ၂ မှာပြဌန်းထား
တာကတော့

အိပ်ခန်းမှာစွဲသော် ရာထူးတက်မည်
အိမ်တွင်းမှာစွဲသော် ခိုက်ရန်ဖြစ်ပွားမည်
တောင်အရပ်ကစွဲသော် ဆွေမျိုးသားချင်းကြောင့်
သောကရောက်မည်
အရှေ့တောင်ကစွဲမူ မီးလောင်မည်
အနောက်တောင်ကစွဲမူသူခိုးခိုးခံရမည်
အနောက်မြောက်ကစွဲမူချမ်းသာမည်
မြောက်အရပ်ကစွဲမူ မင်းအစိုးရ၏ချီးမြောက်မှု
ခံရသည်
အရှေ့မြောက်မှစွဲမူငွေအထုတ်လိုက်ဝင်မည်
အိမ်၏ခေါင်တိုင်မှာစွဲမူ ဥစ္စာပစ္စည်းပျောက်မည်
ကြမ်းအောက်မှာစွဲလျှင်ဖျားနာတတ်သည်
တံစက်မြိတ်မှာစွဲမူ အမှုအခင်းဖြစ်တတ်သည်
တံခါမှာစွဲလျှင်တပည့်ကောင်းရတတ်သည်
လှေခါးအောက်စွဲလျှင်ရာထူးတက်မည်

ခေတ်သစ်ကျွန်တော်တီထွင်ခဲ့သောနမိတ်
ပညာ

တပည့်တစ်ယောက်ကမေးတယ် ဆရာတဲ့
သူ့မိတ်ဆွေတစ်ယောက်ကတဲ့လမ်းသွားရင်း
ကောင်းကင်ပေါ်ကကျီးကန်းတစ်ကောင်က
လေထဲမှာ ဥတစ်လုံးဥချလိုက်တာသူ့ရဲ့ဘယ
ဘက်ပုခုံးပေါ်မှာကျကွဲသွားပါတယ်ဘယ်လိုအ
တိတ်နမိတ်ပါလည်းတဲ့

အဖြေ
ကျီးကန်း ကြီးမှကန်းခြင်း ရာထူးကြီးသော
သူအလုပ်ပြုတ်ခြင်း

ဥတစ်လုံးလေထဲပြုတ်ကျ အလုပ်ပြုတ်ခြင်း

ဘယ်ပုခုံးကိုထိကွဲ လက်အောက်ငယ်သားတစ်
ဦးအကျင့်ပျက်ခြစားမှု နှင့်ပတ်သက်သည်

ပေါင်းစပ်မှု
ရာထူးကြီးသောသူတစ်ဦးသည်တစ်ပည့်တစ်ဦး၏
အကျင့်ပျက်မှုကြောင့်အမှု ဖြစ်ကာသူလည်းအလုပ်
ပြုတ်ခဲ့ပါသည်

အဖြစ်မှန်မှာကျွန်တော်၏နမိတ်ဟောပြောပြီး
တလအကြာတကယ်ပင်ထိုလူကြီးရာထူးပြုတ်ခဲ့
ပါသည် ထောင်တော့မကျခဲ့ပါ

21 comments:

  1. အရှေ့အရပ်မှာဆိုရင်ရောဆရာ

    ReplyDelete
    Replies
    1. အရှေကအရပ်မှာပျားစွဲရင်တော့မကောင်းပါ အိမ်မျက်နှာဆိုအမှုဖြစ်တတ်ပါတယ်

      Delete
  2. အိမ်ရဲ့အရှေ့တောင် တံစက်မိတ် ဒါပေမယ့် အိမ်အရ နောက်ဘေးဖြစ်နေရင်ရောဆရာ

    ReplyDelete
    Replies
    1. နောက်ဖေးဘက်ကပြဿနာမရှိပါ ထီထိုးလို့ရပါတယ်

      Delete
  3. အိမ်ရဲ့ခေါင်မိုးပေးမှာစွဲရင် ဘာတွေဖြစ်တတ်သလဲဆရာ

    ReplyDelete
    Replies
    1. ခေါင်မိုးပျားစွဲရင်မကောင်းပါအမှုအခင်းဖြစ်တတ်ပါတယ်

      Delete
  4. အိမ်​ရဲ့ ဘုရားစင်​​အောက်​မှာ ပျား၂ထပ်​ စွဲရင်​ ဘယ်​လို နမိတ်ယူလဲ ခင်​ဗျာ

    ReplyDelete
    Replies
    1. ဘုရားစဉ်မှာပျားစွဲရင် မိသားစုကျမ်းမာရေးညံ့တတ်ပါတယ်

      Delete
  5. အရှေ့မြောက်မှာ ၂ အုံစွဲနေပါတယ် ဆရာ.. ကောင်းလားရှင့်

    ReplyDelete
    Replies
    1. နမိတ်ကောင်းပါတယ် ထီထိုးပါ

      Delete
  6. အိမ်သာထဲမှာ ဆွဲ ရင် ဘာဖြစ် တတ် လဲ

    ReplyDelete
  7. အိမ်သာမှာ ပျားစွဲရင်ဘာဖြစ်လည်းဆရာခင်ဗျာ

    ReplyDelete
  8. အိမ်နောက်ဖေး အသက်ကယ်လှေကားမှာ ပျားစွဲရင်ကောဆရာ

    ReplyDelete
  9. အိမ်သာရဲ့​ရေခွက်မှာပျားစွဲရင်​ရောဆရာ
    အိမ်သာကအုံးမပြုတာ၂နှစ်​​​ျော်ပါပြီဆရာ
    ​အိမ်ရဲ့​တောင်အရပ်မှာရှိပါတယ်ရှင့်

    ReplyDelete
  10. အိမ်အနောက်ဘက်တံခါးကြားမှာ ပျားစွဲနေလို့့ဘာဖြစ်တတ်လဲ ဆရာ

    ReplyDelete
  11. နွားတွေထားတဲ့တဲ(နွားဇောင်း) အရှေ့ထိပ်
    ခေါင်တိုင်ပေါ်တင်ထားတဲ့ယောက်မှာ
    ပျားစွဲရင်ဘယ်လိုအတိနမိတ်လဲ ဆရာ

    ReplyDelete
  12. နွားတွေထားတဲ့တဲ(နွားဇောင်း) အရှေ့ထိပ်

    ReplyDelete
  13. နွားထားတဲ့တဲ(နွားဇောင်း) အရှေ့ထိပ်
    ခေါင်တိုင်ပေါ်တင်ထားတဲ့ယောက်မှာ
    ပျားစွဲရင်ဘယ်လိုအတိတ်နမိတ်လဲ ဆရာ

    ReplyDelete
  14. အိမ်ကအနောက်လှည့်ပါ အိမ်ရှေ့သရက်ပင် အမြင့် ပေ၂၀ လောက်မှာပျားစွဲနေတာကောင်းလားဆရာ

    ReplyDelete
  15. အိမ်မျက်နှာစာ အနောက်အရပ်ဆိုရင်ကောခင်ဗျာ အိမ်းအနောက်လှည့်ပါ

    ReplyDelete
  16. အိမ်မျက်နှာစာ အနောက်အရပ်ဆိုရင်ကောခင်ဗျာ အိမ်းအနောက်လှည့်ပါ

    ReplyDelete