Sunday, March 4, 2018

အင်္ဂ၀ိဇ္ဖာပညာခန်း

မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ

သင်္ကြန်ပြီးတာနဲ့နေကချစ်ချစ်တောက်ပူတော့သည်၊ နေကတအားပူနေ၍ကျွန်ုပ်၏ဗေဒင်သင်တန်း ခန်းမအတွင်း ပန်ကာများဖွင့်ကာ သဘာဝ၏ဘေးဒဏ်ကို လူသားများဖြစ်သော ကျွန်ုပ်တို့ဥာဏ်နှင့် ကာကွယ်နေကြရသည်။
သင်တန်းခန်းမတွင်း လူစုံပြီမို့ ကျွန်ုပ်ကပင် စတင်၍ ``ကဲ ဒီနေ့သင်မယ့် သင်ခန်းစာက န၀င်းနဲ့ ခိုက် ဆန့်ကျင်တဲ့ အကြောင်းဖြစ်တယ်၊ တပည့်တို့အနေနဲ့ မရှင်းတာရှိရင် ခုထဲကကြိုတင်မေးကြပါ၊ ပထမဦးဆုံးနေ့ဖြစ်တဲ့အတွက် တနင်္ဂနွေတိုင်ပညာခန်း၊ ဒါမှမဟုတ် တရားအမှုတိုင်ကို အကရင်ဆုံး စသင်လိုက်ကြရအောင်´´
ထိုအခါ (၂၀၀၃)ခုနှစ် ဆရာဖြစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျွန်ုပ်၏ တပည့်တစ်ဦးဖြစ်သူ ဆရာအောင်မြတ်စိုးမှ
``ဆရာ ကျွန်တော် တစ်ခုမေးပါရစေ´´
``မေးပါ ကိုအောင်မြတ်စိုး မေးပါ´´
`` န၀င်းချိန်မှာ လာတဲ့သူကို (န၀င်း)သမားလို့ ပုံသေမှတ်ထားရမှာလားလို့ပါ´´
``အကြမ်းအားဖြင့် (န၀င်း) ချိန်မှာလာတဲ့သူ ကို (န၀င်း)သမားလို့ ပြောလို့ရပါတယ်´´ ဒါပေမဲ့--
န၀င်းသမားစစ်မစစ်ကိတော့ လာတဲ့သူရဲ့ ဟိတ်လက္ခာကို ပြန်စစ်ဆေးရဦးမယ်။
ဥပမာဗျာ ခင်ဗျားက ကြာသပတေးသား တနင်္ဂနွေချိန်မှာ န၀င်းပေါ့။ ဒါပေမယ့် ခိုက်လက္ခာဖြစ်တဲ့ လောဘတွေ၊ မာန်မာနတွေ ထင်ပေါ်မှုတွေ တအား မက်မောနေရင် န၀င်းသမားအစစ်မဟုတ်တော့ဘူး။ အဲဒါ အယောင်ဆောင်န၀င်းပဲ။
(ကြာသပတေး)န၀င်း
သူရဇ္ဇတိုင်
`
(လောဘ၊ မာန်မာန၊ ထင်ပေါ်မှု)
``ကဲ--- ကဲ အားလုံးနားထောင်ကြပါ။ ဒီနေ့ သင်ခန်းစာမှာ တနင်္ဂနွေတိုင်းရဲ့ န၀င်းလက္ခဏာရှိသူ တစ်ယောက်အကြောင်းးကို ပြောပြပြီးမှ ဒီတိုင်ရဲ့အကြောင်းကို ဆက်သင်လိုက်ရအောင်---
သူ့နာမည်က ဦးမြင့်စိုးတဲ့ သူ့ကိုဇာတာစစ်ဆေးတဲ့အချိန်က (၄-၁-၀-၂)ရက်နေ့၊ သောကြာနေ့၊ နေလယ် (၃း၀၀)အချိန်၊
အဲဒီနေ့က ဇာတာလာစစ်တာ သူကိုယ်တိုင်မဟုတ်ဘူး၊ သူ့အမျိုးသမီးက ကျွန်တော့်တပည့် တစ်ဦးနဲ့အဖော်လိုက်လာရင်း ဗေဒင်ဝင်မေးတာ၊ သူ့အမျိုသမီးနေ့နံက ကြာသပတေး၊ သူ့ပုံသဏ္ဌာန်က ကျွန်တော်တို့ ပညာအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံပဲ၊ ရောက်ရောက်ချင်း ဘုရားဦးချတယ်၊ ပြီးတော့မှ ကျွန်တော်ဘက်လှည့်ပြီး ကျွန်မအမျိုးသားအတွက် ဗေဒင်မေးချင်လို့ပါ ဆိုပြီး သတ်မှတ်ထားတဲ့ ဥာဏ်ပူဇော်ခကို လက်နှစ်ဖက်နဲ့ရိုရိုသေသေ စားပွဲပေါ်တင်လိုက်တယ်။
ဗေဒင်မဟောသေးပေမယ့် သူ့ရဲ့ဟန်ပန်အမူအရာက န၀င်းလက္ခဏာပြနေတယ်။ န၀င်းမှာရှိတဲ့ ကြာသပတေးဂြိုလ်ရဲ့လက္ခဏာပဲ၊ ယဉ်ကျေးသိမ်မွေ့မှု၊ ဆရာသမားကို ဆရာမှန်းသိတယ်ဗျ၊ ဘာသာ ရေးကိုင်းရှိုင်းမှုတို့ဟာ (ခိုက်) ကို အလိုလိုပယ်သတ်ပြီးသားဖြစ်နေတယ်။
ကိုမြင့်စိုးရောက်လာတဲ့နေ့၊ အချိန်၊ အဋ္ဌလဂ် ဇာတာခွင်ကို ကြည့်လိုက်ရအောင်
 နေ့အဋ္ဌလဂ်ကိုကြည့်ရင် တနင်္ဂနွေဂြိုလ်ဟာ (အလဘော) ကြာသပတေးနယ်မြေမှာ ရပ်တည်နေတယ်၊ အဲဒါကို အရင်လေ့လာရအောင် (အလဘော) ကြာသပတေးနယ်မြေမှာ တနင်္ဂနွေတိုင်ရပ်တည်နေရင် အမှုအခင်း(သို့) အိမ်ထောင်ရေးတစ်ခုခုနဲ့ ပြဿနာ ကြုံတွေ့နိုင်တယ်။
ဒုတိယလေ့လာရမှာက နေ့တိုင်းဘဲ နေ့တိုင်က သောကြာတိုင် ဒါမှမဟုတ် အရူးပျော်တိုင် လာမေးတဲ့ ကိုယ်စားလှယ် ကိုမြင့်စိုး အမျိုးသမီး မွေးနံက ကြာသပတေး၊ သောကြာတိုင်ရဲ့ခိုက်မှာ ရပ်တည်နေတယ်၊ ကာယကံရှင် ကိုမြင့်စိုး မွေးနံက (ဆပွတ်) နေရာမှာရှိတယ်၊ ယာယီတိုင်ရဲ့ သဘောကို ပြန်လေ့လာရင် ရွှေ့လျားမှုသဘောပဲ၊ အဲဒီတော့ အိမ်ထောင်ရေးကိစ္စတော့ မဖြစ်နိုင်ဘူး၊ အပြင်မှာ အလုပ်ထဲမှာ အမှုအခင်း သဘောမျိုးကြုံတွေ့နေလိမ့်မယ်။
၅(ကိုယ်စားလှယ်မွေးနံ)
၎(ကိုမြင့်စိုး)
၁(နဂိုတိုင်)
(နေ့တိုင်တွင်ရပ်တည်မှုများ) (အခါတိုင်ရပ်တည်မှု)
တတိယအနေနဲကတော့ အခါတိုင်ကို သုံးသပ်ခြင်းပဲ၊ အခါတိုင်က တနင်္ဂနွေတိုင် ဒါမှမဟုတ် (တရားအမှု)တိုင်၊ လာမေးတဲ့ ကိုယ်စားလှယ် မွေးနံက (န၀င်း)မှာ၊ ကာယကံရှင်ကိုမြင့်စိုး မွေးနံဗုဒ္ဓဟူးက (စတုရန်းဌာန) `နာ´ နေရာမှာ၊ အတိတ်တိုင်းမှာ အင်္ဂါ (စိတ်) န၀င်းရောက်နေမှုနဲ့ အခါတိုင်းမှာ အတွေးအခေါ် (န၀င်း) ရောက်နေမှုနှစ်ခုကို ဆက်စပ်ကြည့်မယ်ဆိုရင် အတွေးအခေါ်မှန်တယ်၊ ဆုံးဖြတ် ချက်မှန်တယ်၊ ဒါပေမဲ့ ပြဿနာကိုတော့ ကြုံတွေ့ရမယ်။
နေ့တိုင်းမှာ တနင်္လာနံ (ငွေ) က စတုရန်းမှာ ရောက်နေတယ်၊ ကိုမြင့်စိုးရဲ့ မွေးနံကလည်း အခါတိုင်းမှာ (နာ)နေရာ၊ စတုရန်းပဲ၊ အဲဒီတော့ အကြောင်းတရားကငွေ(နာ)ကြောင့် အကျိုးတရား(လူ) နာဖြစ်ရတာပဲ၊ ငွေ(နာ)သဘောက ငွေသုံးစွဲမှု မမှန်ကန်ခြင်း(ဒါမှမဟုတ်)လာဘ်စားခြင်း ဖြစ်တယ်။
ကိုမြင့်စိုးဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လာဘ်စားမှုတစ်ခုကြောင့် ဒီအမှုကို ရင်ဆိုင်ရမယ်၊ နေ့တိုင်မှာ (စိတ်) န၀င်းရောက်ပြီး၊ အခါတိုင်မှာ (ပညာ)န၀င်းရောက်ရင်၊ ဒီကိစ္စမှာ ကိုမြင့်စိုးဟာ အဲဒီအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးဖြစ်လိမ့်မယ်။
ကဲ ---- အားလုံးပဲ၊ အဲဒီတုန်းက ဗေဒင်လာကြည်တဲ့ ကိုမြင့်စိုး မိန်းမပြောသွားတဲ့ ဇာတ်လမ်း လေးကို နားထောင်ကြည့်လိုက်ရအောင် -------
ကိုမြင့်စိုးသည် အစိုးရအမှုထမ်းတစ်ဦးဖြစ်ပြီး ဌာနတစ်ခုတွင် အကြီးအကဲဦးစီးအရာရှိ ဖြစ်ပါ သည်။ သူသည ၄င်းဌာနတွင် လုပ်သက် အနှစ်(၃၀)ခန့်ရှိပြီး၊ ကိုယ့်ကျင့်တရားကောင်းသူ တစ်ဦးလည်း ဖြစ်ပါသည်။ တစ်နေ့တွင် ၄င်းလက်အောက်မှ အရာရှိတစ်ဦးနှင့်အဖွဲ့သားများသည် ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စတစ်ခုကိုပြုလုပ်ရန် ကိုမြင့်စိုးအား တိုင်ပင်ရာ ကိုမြင့်စိုးသည် ထိုကိစ္စကို လုံးဝ လက်မခံခဲ့ပါ။ ထိုအခါ၎င်းအဖွဲ့သည် ကိုမြင့်စိုးမသိအောင် ၄င်းတို့ဘာသာ ထိုကိစ္စကို တိတ်တဆိတ် ဖန်တီးလိုက်ကြသည်။ (မကြာပါ) မကောင်းမှုဟူသမျှသည် စိတ်ကွယ်ရာမရှိဆိုသည့်အတိုင်း သက်ဆိုင်ရာ အာဏာပိုင်များမှ ၀င်ရောက်စစ်ဆေးမှုပြုလုပ်ရာ ကိုမြင့်စိုးအပါအ၀င် အပေါင်းအပါ(၁၀)ဦး ခန့်အား မင်္သာဖွယ်ရာတွေ့ရှိရ၍ ခေတ္တခေါ်ယူထိန်းသိမ်းခဲ့၏။
တရားသောသူကို တရားကစောင့်ရှောက်၏ ဆိုသည့် ဗုဒ္ဓ၏ ဓမ္မတရားတော်သည် လွန်စွာမှ မှန်ကန်ပါသည်။ ကျန်လူအားလုံး ဥပဒေအရ အရေးယူခံခဲ့ရ၍ ကိုမြင့်စိုးတစ်ယောက် အမှုမှလွတ်ကင်း စေခဲ့သည်။
` ကျွန်တော်အနေနဲ့ကတော့ သင်တန်းသားများအားလုံးကို ပြောချင်တာက ကိုမြင့်စိုးရဲ့ အဖြစ် အပျက်ကိုကြည့်ရင် သူလာတွက်တဲ့ အချိန်မှာ သူ့မွေးနံက တနင်္ဂနွေတိုင်ရဲ့ စတုရန်းမှာ ဒါပေမဲ့ လာတွက်တဲ့ သူရဲ့ န၀င်းလက္ခဏာကိုကြည့်ပြီး သူ့ကို န၀င်းသမားအနေနဲ့ ဟောလိုက်သည်တာပဲ။
ထိုအခါ (၂၀၀၄)ခုနှစ် ဆရာဖြစ်သင်တန်းကို အောင်ဝင်းမှ -----
``ကျွန်တော်တစ်ခုမေးပါရစေဆရာ´´
`` မေးပါ ကိုအောင်ဝင်း --- မေးလို့ရပါတယ်၊ ဒီသင်တန်းက အဆင့်မြင့်သင်တန်းပါ၊ မရှင်းတာ ရှိရင်လည်းတစ်ခါတည်း မေးလို့ရပါတယ်´´
`` ဆရာ့ဆုံးဖြတ်ချက်မှာ ကာယကံရှင် ကိုမြင့်စိုး မွေးနံက တနင်္ဂနွေတိုင်မျာ (စတုရန်း) ရောက်နေပေမယ့် ကိုယ်စားလှယ်သူ့အမျိုးသမီး မွေးနံက (န၀င်း) ရောက်နေလို့ ပြန်လွတ်မယ်လို့ ဟောကွက် ထုတ်လိုက်သလားလို့ပါ´´
`` အဲဒါက အခြေခံအယူအဆပါ၊ အရေးကြီးတာက ကိုယ်စားလှယ်လာမေးတဲ့ သူ့အမျိုးသမီးရဲ့ လက္ခဏာပဲ၊ ကာယကံရှင်ကိုမှ ကျွန်တော်တို့က မမြင်ရတာ၊ မြင်ရသူကိုပဲ အဓိကကြည့်ရမယ်၊ လာမေး တဲ့ သူရဲ့ပုံစံက (န၀င်း) လက္ခဏာလေဗျာ၊ (ခိုက်)မှာရှိတဲ့ (စနေ) ပရိယာယ်၊ မာန်မာနမရှိုတာ၊ သူတို့ နှစ်ယောက်လုံးရဲ့ မွေးနံတွေ၊ အရောင်တွေ ဘာမှမကြည့်လည်း မူလတိုင်ရဲ့ (ပရမတ်) တရားက န၀င်းလက္ခဏာပဲ၊ တိုင်ရဲ့မူလက တရားအမှုတိုင်၊ ဒီအချိန်မှာ (န၀င်း)ဟိတ် အပြည့်ရှိနေရင် အမှုအခင်း ဖြစ်နေလည်း ပြန်လွတ်မှာပဲ၊ အဲလိုပဲဟောရမှာ------
၅ (မာန်မာနမရှိ)န၀င်းလက္ခဏာ
ဝ (မာန်မာနကြီး) ခိုက်လက္ခဏာ
ကျွန်ုပ်မှ ထိုသို့ ရှင်းပြလိုက်သောအခါ (၂၀၀၂) ခုနှစ် ဆရာဖြစ်သင်တန်းဆင်း ဒုရဲအုပ်ဦးဋ္ဌေးဝင်း မှာ တစ်စုံတစ်ခုကိုပြောရန် ဟန်ပြင်လိုက်သည်။
`` ဆရာဦးဋ္ဌေးဝင်း မေးစရာရှိလို့လား´´
`` ဟုတ်ကဲ့ပါ ဆရာ --- ဆရာပြောသလိုဆိုရင် ကျွန်တော်တို့က တိုင်ရဲ့ပညတ်နဲ့ပရမတ်မှာ (ပရမတ်) တရားကို ဦးစားပေးကြည့် ရမှာပေါ့´´
`` ဟုတ်တယ် ဦးဋ္ဌေးဝင်း၊ တိုင်တစ်တိုင်မှာ ပညတ်နဲ့ ပရမတ်နှစ်ခုလုံးတွဲနေတယ်၊ ပထမ ဦးဆုံတိုင်ရဲ့ ပရမတ်သဘောကို အရင်ကြည့်ရမယ်၊ စင်ကြယ်ပြီဆိုတော့မှ ပညတ်တွေကို လိုက်ကြည့် ရမယ်။
ကျွန်တော်တို့ သူရဇ္ဇတိုင်ကို လေ့လာလိုက်ကြရအောင် ----´´
၁ (သူရဇ္ဇတိုင်)
ဝ (မာန်မာန၊ လောဘ၊ ထင်ပေါ်မှု) (အမှု)
သူရဇ္ဇ (တိုင်) (သို့) တရားအမှု (တိုင်)
`` ဒီတိုင်ရဲ့ မူလသဘောက တရားနဲ့ အမှုအားပြိုင်နေတာပဲ၊ မွေးနံတို့၊ အရောင်တို့ အပေါ်ရောက်တာ အောက်ရောက်တာ အရေးအကြီးဘူး၊ အဲဒါတွေက ပညတ်ပဲ၊ ဂြိုလ်ရဲ့သတ္တိတွေ၊ အားတွေလည်း ပညတ်တွေပဲ။
၅ (န၀င်း)
ဝ (ခိုက်)
အတိအကျပြောရမယ်ဆိုရင် မွေးနံအပေါ်မှာရှိပြီး (န၀င်း) လက္ခဏာမရှိရင် အဲဒီအချိန်မှာ လာတဲ့သူ (ခိုက်)ပဲ၊ မွေးနံအောက်ရောက်ပေမယ့်လည်း (န၀င်း) လက္ခဏာရှိရင် (န၀င်း)ပဲ၊ အဲဒါတိုင် တစ်တိုင်ရဲ့ ပရမတ်တရားပဲ။
ဥပမာဗျာ --- ၊ တိုင်ရဲ့ အညွန့်မှာ ငွေရှိနေတယ်၊ (တနင်္လာနံ) ပညတ်ပေါ့။ အဲဒီဟာကို ငွေရမယ် လို့  သွားမဟောနဲ့၊ မှားသွားမယ်၊ သူ့ပုံသဏ္ဍာန်နဲ့ ပြောတဲ့စကားကို နားထောင်လိုက်ဦး၊ သူကပြောမယ်၊ ကျွန်တော်ကတော့ ငွေသာရမယ်ဆိုရင် ဘယ်လိုလုပ်ငန်းမျိုးမဆို လုပ်ရဲတယ်လို့၊ ဟော  --- ကြည့်စမ်းပြောလိုက်တဲ့စကား၊ တိုင်ရဲ့ခိုက်မှာရှိတဲ့ (စနေ) ပရိယာယ်တွေ။ စနေဂြိုလ်ရဲ့ ပရိယာယ်က (လောဘ၊ ထင်ပေါ်မှု) အဲဒါဆို သူလိုချင်တဲ့အညွန့်က စီးပွားဖြစ်ရင်အောင် အမှုအခင်းဖြစ်လို့ ပြန်ကုန် လိ့မ်မယ်၊ သူရာတဲ့ငွေကို သူမသုံးရဘူး၊ သူ့မွေးနံက (န၀င်း)မှာ ရှိတဲ့ ကြာသပတေးသားဖြစ်ပစေဦး။ (ခိုက်) စကားပြောတဲ့သူဟာ (ခိုက်) သမားပဲလို့ ပုံသမှတ်ထားရမည်။
သင်တန်းသားတွေအားလုံး ကျွန်တော်ပြောတာ ရှင်းရဲ့လား မသိဘူး ''
''ရှင်းပါတယ် ဆရာ'' (သင်တန်းသားများအားလုံးရဲ့ အသံ)
''ရှင်းတယ်ဆိုရင် ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်ကြရအောင်၊ အချိန်ကလည်း တစ်နာရီခွဲ ပြည့်သွားပြီ၊ နောက်ရက်ကြမှ ခိုက်နဲ့ န၀င်းအချိန် တိုင်နဲ့နေ့တိုင် ဆက်စပ်ပြီး၊ ဟောကွက်ထုတ်တဲ့ အကြောင်းကို ထပ်ရှင်းပြဦးမယ်''
ကျွန်ုပ်သည် သင်တန်းခန်းမအတွင်းမှ ထွက်ခွာသွားသော သင်တန်းသားများအား မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း စိတ်ထဲမှနေ၍ ''သြော် --- လောကကြီးမှာ အမှန်တရားကို ရှာဖွေနေသူအားလုံး အမှန်ကို မြင်၍ 
အမြင်မှန်ရကြပါစေလို့ 
-


No comments:

Post a Comment