Tuesday, March 27, 2018

ကြွေးကြေန၀င်း

ကြွေးကြေနဝင်း တီထွင်ခဲ့စဉ်က
========================

ဂဠုန်မင်းထံခြင်္သေ့မှန် ဆဒ္ဒန်ဝင်လာရောက်
ဂဠုန်မသွေ ပျက်ပြားကြေ သေလေပြီးအရောက်
ရေနတ်နဂါး ဝင်လာငြား ငှက်ကားဂဠုန် ချမ်းသာတုံ
မာန်ဟုန်ပယ်လွင့်ပျောက်
ပူး ကျား ကြွက်မှာ နံသင့်ရှာ လျောရာ ကိုပင်ကောက်
လုပ်ရပ်မှာမူ ကတ္တားယူ နံတူဆေးနှင့်ပေါက်
ပြိုပျက်ကွဲကြေ ရုပ်ကံသေ ကြံလေပြီးစီးရောက်
စရေ ဓါတ်ပျက် သွားရင်တနင်္ဂနွေဂြိုလ်ကိုလာထိ
တတ်တယ် အိမ် အလုပ် အိမ်ထောင် စသည်ဖြင့်
ပေါ့
နဝင်းစီးတဲ့အခါလည်းစရေဓါတ်ကိုပြန်ကစားရတယ်
သူ့ပျက်တဲ့ဓါတ်ကိုပြန်ဖြည့်ရတယ် သူများနဝင်းဆို
တိုင်းလိုက်ပြီးနဝင်းလုပ်လို့ကတော့ ပညတ်နဝင်း
ဘဲဖြစ်မှာ
နဂါးနဲ့ ကယ်မှရမယ် နဝင်းကိုင်ရင် ကံနဲ့ကတ္တားလေး
တော့သိဘို့လိုတာပေါ့ အပေါ် ၃ လုံးကိုနံတူနဲ့
ပေါက်မှရမယ် အမြစ်အညွန့်မတွန့်စေရပါဘဲ
ကြွေးကြေယတြာလို့ပြောပေမဲ့ အိမ်ထောင်ရေး
မှာ အိမ်ကိစ္စ အလုပ်အကိုင် အဆင်မပြေတာ
အကုန်သုံးလို့ရတယ်
သုံးကြည့်ပြီးမှသိမှာ ရုပ်နဲ့နာမ်ကိုတွဲသုံးထားတာ
သုံးကြည့် ထိရောက်မှု ရှိတယ် ဝိဇ္ဇာပညာ
နဂါးကယ်ထားတာကို ထပ်ပြီးမိတ်ဓါတ်ဆင့်လိုက်
တာ ကံနဲ့ကတ္တား ထိ သိ မှု ခွဲပြီးသုံးလိုက်တာ
ပုဂံထဲ ထန်း ၁၀ ခင်း ပြီးတော့ပုဂံနောက်တစ်ချပ်တင်
ဒုတိယပုဂံမှာ ပိတောက် ၂၉ ကိုခင်း ပြီးမှဖန်ခွက်
ထဲနို့ထည့် ပြီးရင်ကန့်ကော် ၁၅ ညွန့်ထိုး
နို့ထည့်ဘို့မလွယ်ရင်နို့မှုန့်ထည့် မရရင်ထန်းညက်
ခလေး ၃ လုံးလောက်ထည့်လည်းရတယ်
ဒါကလည်းစမ်းကြည့်မှသိမှာ ခွေးဟောင်တိုင်းမလန့်
နဲ့ ကိုယ့် အလုပ်ကိုယ်လုပ်တာ ဓါတ်လာသဘော
ဆိုတာစမ်းကြည့်ရမှာ ဟုတ်နိုးနိုးနဲ့ ဝေဝါးနေရင်
အချိန်တွေပေးဆပ်ရမယ်
တနင်္ဂနွေမနက် ၉ နာရီမှ ၁၀ နာရီခွဲ အချိန်မမှီရင်
နေ့လည် ၁၂ နာရီမှ ၁ နာရီခွဲ တွင်းပြုလုပ်ရန်

No comments:

Post a Comment