Tuesday, March 27, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀ ၂၃

ကျွန်တော် ဗေဒင်ဆရာဘဝ ( ၂၃ )
=========================
ဟိုးတုန်းကပေါ့လေ
ကျွန်တော်ကမနက်ပိုင်းဗေဒင်ခန်းဖွင့်ပြီးညပိုင်းဈေး
ရောင်းရတာမှတ်မိသေးတယ် တခါတလေမိုးတွေ
လေတွေကျရင် သမီးငယ်နဲ့နှစ်ယောက်ထဲ ထီးကြီး
အောက်မှာယိမ်းထိုးနေတာ လေကတိုက်တော့ထီး
ကလွင့် လိုက်ဖမ်း မိုးတွေကစို ရောင်းကုန်တွေစို
တွေးမိတိုင်းရီချင်တယ် ဘယ်တော့မှဒီအဖြစ်အပျက်
တွေမမေ့ဘူး
ကိုယ်က မစွန့်စားရဲတာ ကိုယ်တစ်ယောက်ထဲဆို
အကြောင်းမဟုတ်ဘူး သားသမီးတွေငတ်မှာစိုးတာ
မစွန့်စားရဲတဲ့သတ္တိ မဆုံးဖြတ်ရဲတဲ့စိတ်ဓါတ်က
ဘဝကိုအောက်ဆုံးကိုဆွဲချ ခဲ့တာ
အိမ်ရှင်မကလည်းကိုယ်ကစွန့်စားမယ် ဗေဒင်ပညာ
ကလွဲရင်ဘာမှမလုပ်တော့ဘူး ငတ်ချင်ငတ်ပါစေ
ပြောတော့ သူက စဉ်းစားပါဦး ရှင်ရယ်တဲ့
သူက ၃ ကြွင်းလေ လက်ထဲငွေမပြတ်ရှိနေမှ ရောဂါ
ကင်းတာ ငွေပြတ်တဲ့နေ့ အမည်မဖေါ်နိုင်တဲ့ရော
ဂါတွေက မဖိတ်ဘဲ အလိုလိုရောက်လာတာ
လမ်းသွားရင် ဈေးဘက်ခန လျှောက်လိုက်ဦးမယ် ကို
ရေ ဆိုလက်ထဲတစ်သိန်းနှစ်သိန်းလောက်ပါမှသွား
တာ ပြီးတော့သူသုံးတာလည်းမဟုတ်ဘူး လမ်းတွေ့
တဲ့သူတွေသနားတယ်ဆိုပြီး လှူ နေတာ အဲလိုနေ
တတ်တဲ့သူ ဗေဒင်ဆရာလုပ်ရင် ထမင်းအရင်ငတ်
ခံရမှာသူ ခံနိုင်ရေရှိမှာမဟုတ်ဘူး
၃ ကြွင်းတွေစိတ်ထားတော့ အလွန်ကောင်းတယ်
ဖြူ စင်တယ် ဘယ်သူ့အပေါ်မှမတရားမလုပ်ဘူး
ပေးချင် ကြွေးချင်စိတ်ရှိတယ် သဒ္ဒါတရားကောင်းတယ်
ဘာသာရေးကိုင်းရှိုင်းတယ် ဒါပေမဲ့ စိုးရိမ်စိတ်လွန်ကဲ
တယ်
ဒီလိုနဲ့ တနေ့ ရှင်မ'' ကျုပ်ဗေဒင်ဆရာဘဲလုပ်တော့
မယ် ကျန်စီးပွားရေးမလုပ်တော့ဘူး အဲလိုပြောတဲ့
နေ့က ကျွန်တော်အိမ်ရှင်မ မျက်ဝန်းထဲ မျက်ရည်တွေ
ပြည့်နက်ပြီးပြောတဲ့စကား ဘယ်တော့မှ မမေ့ဘူး
အကို သဘောပါဘဲတဲ့ ကျွန်မဘာလုပ်ပေးရမလည်း
တဲ့ ကျွန်တော်က ဟောခန်းတစ်ခုရှာရမှာပေါ့
လက်ထဲမှာငွေမှမရှိတာ ရှင်မ ဆွဲကြိုးလေးကိုပေါင်
ချင်ပေါင် ရောင်းချင်ရောင်းရမှာပေါ့ သူက တစ်ချက်
ခေါင်းငုံ့သွားတယ် သူမျက်ရည်ဝဲနေတာ ကျွန်တော်
မြင်မှာစိုးလို့ထင်ပါတယ်
ရောင်းလိုက်ပါ အကိုတဲ့ ကျွန်မတို့ပြန်ရွေးနိုင်ရင်အ
ကြောင်းမဟုတ်ဘူး မရွေးနိုင်ခဲ့ရင် အတိုးတွေတက်
မယ်တဲ့
စိတ်ထဲမကောင်းလိုက်တာ သူ့ပခုံးကိုအသာဖက်
လိုက်ပြီး အေးပါကွာ ရှင်မရယ် အကိုစွန့်စားလို့
အောင်မြင်ခဲ့ရင် ရှင်မကိုပြန်ဝယ်ပေးပါ့မယ်
တုံရီနေတဲ့လက်နဲ့ သူ့လည်ပင်းကဆွဲကြိုးလေးချွတ်
ပေးခဲ့တာ ဒီနေ့ထိမေ့မရခဲ့ပါ
ဒီလိုနဲ့ ဗေဒင်ပညာ လောကထဲ မြတ်ထွဋ်ခေါင်
ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်
အပိုင်း ၂၄ မျှော်ပါ



No comments:

Post a Comment