Friday, March 9, 2018

သုတပိုင်းဆိုင်ရာ

တွေးစရာလေးတွေဖြစ်နေပြီ
========================

လောကဓံ ၈ ပါးနယ်မြေမှာပေါ့
ယသော အခြွေအရံပေါသည်
သုခံ အေးချမ်းပျော်ရွင်သည်
ပဿံသာ ချီးမွန်းမြောက်စားခံရသည်
လဘော ငွေတွေတအားဝင်သည်
ဒီလိုသက်ရောက်တွေရောက်လာရင်လူတွေတအား
ကိုပျော်ကြရွင်ကြ မိုးမမြင်လေမမြင်ပေါ့
စီးပွားရေးတွေလုပ်လို့အဆင်ပြေ ခရီးတွေသွား
ဟိုသွားဒီသွား ပျော်စရာတွေကြီးပါဘဲ ဒါကိုအားလုံး
ကကြိုက်တယ်လက်ခံတယ်
အယသော အခြွေအရံမဲ့ခြင်း
ဒုက္ခံ ရုပ်ဆင်းရဲ့စိတ်ဆင်းရဲ ရောဂါ
နိန္နာ ကဲ့ရဲ့ရှုံ့ချခံရခြင်း
အလဘော ငွေမဝင် ငုတ်တုတ်မေ့
အဲဒီ ၄ ခွင်ကိုလူတွေလက်မခံနိုင်ကြဘူး
ဒါပေမဲ့ထူးဆန်းတာက အကောင်း ၄ ခွင် မှာငွေရ
မယ် မှန်ချင်မှမှန်တာ
အဆိုး ၄ ခွင် ငွေမဝင်ဘူး အရမ်းမှန်တာဘဲ
သဘာဝ တရားကိုလေ့လာကြည့်တော့လည်းဒီတိုင်း
ပါဘဲ ၆ ထပ်တိုက်ပေါ်တက်ရတာပင်ပန်းတယ်မော
တယ် ၇ ထပ်တိုက်ပေါ်ကပြန်ဆင်းလာတာ ချွှေး
တောင်မထွက်ဘူး သာသာယာယာဘဲ လေချွန်ပြီး
ဆင်းလို့ရတယ်
အတက်နှေးတယ် အဆင်းမြန်တယ်
လောက သဘာဝက အဲဒီအတိုင်းကိုဖန်တီးထားတာ
လေ ရပ်ကွက်တစ်ခုကိုကြည့် ဆင်းရဲသူနဲ့ချမ်းသာသူ
ဘယ်သူပိုများလည်း ပညာတတ်သူမတတ်သူဘယ်
ဟာက ပိုများလည်း လူနည်းစုဘဲချမ်းသာတာ
ဒါဆိုပြန်မေးမယ် တရပ်ကွက်လုံး တနိုင်ငံလုံးချမ်း
သာရင်ကောင်းမှာလား ဟုတ်တာပေါ့လူတွေ
အကုန်လုံးချမ်းသာကြရင်ကောင်းမှာပေါ့
ကျွန်တော်က တည့်တည့်ပြောမယ် လူတွေအားလုံး
ချမ်းသာမယ်ဆိုရင် အကုန်ဒုက္ခရောက်ကုန်မယ်
အားလုံးဒီထက်ကိုပိုဆိုးကုန်မယ် တိုးတက်မှု တွေ
ဆုတ်ယုတ်မယ်
မေးမယ် ဗေဒင်ဆရာကြီးရယ် ချမ်းသာကုန်ရင်
အားလုံးဒုက္ခရောက်မယ် ဆိုတာလေးတော့ပြန်ရှင်း
ပြပါဦး ချမ်းသာတော့ကောင်းတာမဟုတ်ဘူးလား
ဟုတ်ပြီ ရပ်ကွက်တစ်ခုမှာ အိမ်ခြေ ၁၀၀ ရှိမယ်
အကုန်သူဌေးတွေကြီးဘဲ လက်ဖက်ရည်သောက်ချင်
တယ် အီကြာကွေး ပလာတာစားချင်တယ် ကိုယ့်
ဖါသာ ဖျော် ကိုယ့်ဖါသာကြော် အကုန်သူဌေးတွေ
ကြီးဘဲ အိမ်ဆောက်ချင်တယ် ကိုယ့်ဖါသာ အုတ်ဖုတ်
ကိုဖါသာ လက်သမား ပန်းရံလုပ် အားလုံးကသူဌေး
တွေဘဲ ဘာလုပ်လုပ်ကိုယ့်ဖါသာတစ်ယောက်ထဲ
လုပ်ရမှာနော် အားလုံးကသူဌေးတွေလေ ကားပျက်
ရင်ကိုယ့်ဖါသာပြင် သူတွေတွေချည်းဘဲ လာမပြော
နဲ့အားလုံးသူလိုကိုယ်လိုချည်းဘဲ
လောကသဘာဝကိုက မျှတအောင်စီစဉ်ထားတာ
အဲဒါကိုလောကဓံက အကောင်းတွေဘဲ စမီးတို့ကွီး
တို့လက်ခံတာပါ မကောင်းသတင်းလာမပြောနဲ့
ဆိုတော့ ဘိုလိုပြောရမှန်းကိုမသိတော့တာ
ကြိုက်ကြိုက်မ ကြိုက်ကြိုက် ကြုံမှာကလောကဓံ
ကောင်းတလှည့် ဆိုးတလှည့် ရီလိုက် ငိုလိုက်
ပျော်ကြရွင်ကြ အခက်အခဲနဲ့ကောင်းတာတွေက
တလှည့်စီလာမှ သဘာဝကြမှာ
ရင်ဆိုင်နိုင်အောင်ကြိုတင်ပြင်ဆင်ထား အဆိုး
မရောက်ခင် အကောင်း ၄ ခွင်မှာပြင်ဆင်ထား
မိုးမရွာခင် အမိုးတွေပြင်ထား မိုးရွာမှမလုပ်နဲ့
ဝါတွင်းအိမ်မပြောင်းနဲ့ဆိုတဲ့ ဥပဒေ အလကားမ
ဟုတ်ဘူး မိုးတွင်းမှာမိုးနဲ့လေနဲ့အိမ်ပြောင်းရတာ
နွေဘက်လိုအဆင်မပြေဘူး ဒါကြောင့်ပြောတာ
အစကောင်းမှ အနှောင်းသေချာ
အကောင်း ၄ ခွင်မှာ သေသေချာချာ ပြင်ဆင်ထား
အဆိုး ၄ ခွင် မှာသေချာတယ် ဘာမှအခက်မတွေ့
ဘူး
ခင်ဗျားတို့ဗေဒင်ကလည်းဗျာ အဆိုးတွေမှန်လိုက်
တာလို့မပြောနဲ့ ကိုယ်ကရော အကောင်း ၄ ခွင်
မှာဘယ်လိုနေခဲ့လည်း
အဆိုး ၄ ခွင်ရောက်တော့ရော ဘာမှမလုပ်ဘဲ
ထမင်းမစားဘဲနေလို့ရလား ကောင်းကောင်းဆိုး
ဆိုး အလုပ်လုပ်ရမှာဘဲ
တဲအိုပျက်မှာ နေရ ထမင်းရေပူပူလေး အတူမှုတ်
သောက် ချစ်တာချစ်တာ ပဌာန လာမလုပ်နဲ့
သီချင်းတွေ ကဗျာတွေထဲမှာဘဲရှိတယ်
တကဲ့လက်တွေ့မှာ နေဘို့စားဘို့ ဝတ်ဘို့
အရေးကြီးတယ်
ကဲ လောကဓံ ကိုရင်ဆိုင်လိုက်ရအောင်


No comments:

Post a Comment