Thursday, March 8, 2018
လောကဓံ (၈) ပါး ဆိုတာ
လောကဓံကို အံတုသူများ
        ကျွန်ုပ်၏ ဗေဒင်သက်တမ်းတစ်လျှောက်တွင် အင်မတန်ခွကျကျနိုင်သော လူတစ်စုနှင့် အမြဲတမ်း အတိုက်အခံ ဖြစ်ခဲ့ရပါသည်။
          သူတို့သည် လောက၏ သဘာဝဓမ္မများနှင့် ဘာသာရေးဆိုင်ရာ ကိစ္စများကို ဥာဏ်နှင့် ဆင်ခြင်မှုမလုပ်ဘဲ တစ်ယူသန်တစ်ဇွတ်ထိုး ပြုလုပ်တတ်ကြ၏။
          ''ယခုလည်း ကြည့် - - -''
          ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး
          သူကစနေသား၊ အသက်က (၄၉)နှစ်၊ ကျွန်ုပ်က သူ့ကို (၃)ကြွင်း စနေဖြစ်သည့်အတွက် အသက် (၄၉)နှစ်မှာ ခရီးနှင့်ပတ်သက်၍ အန္တရာယ်ရှိကြောင်း၊ ယတြာပြုသင့်ကြောင်း ပြောခဲ့သည်။
                   ၆ (ခရီး) ခိုက်
             (မွေးနံတိုင်)
          ကျွန်ုပ်ဆိုလိုသည်မှာ လောကသဘာဝဓမ္မအရ မိုးရွာလျှင် ထီးဆောင်းရပါမည်။ ဘာသာရေး ကျင့်စဉ်များ နှင့် ကာကွယ်၍ မရပါ။
          တစ်နေ့
          အဲဒီနေ့က ဒီဇင်ဘာလဖြစ်၍ နှင်းတွေ အားကျနေသည်။ အချိန်က နှင်းတွေ တအားကျတဲ့ အချိန် မနက် (၅)နာရီ၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က တနင်္ဂနွေနေ့ - - ။
          စနေသားများအတွက် တနင်္ဂနွေနေ့သည် (ခိုက်) နေ့ဖြစ်သည့်အတွက် အလွန်သတိထားရမည့် နေ့တစ်နေ့ဖြစ်ပါသည်။
                 -၁-       
                   ၀ (စနေသား)ခိုက်
(တနင်္ဂနွေနေ့)
        သူက လမ်းထဲမှ စက်ဘီးစီး၍အထွက် လမ်းမကြီးပေါ်မှ တစ်ဟုန်ထိုးမောင်းနှင်လာသော ကားနှင့် မျက်နှာချင်းဆိုင် တိုက်မိလိုက်သဖြင့် စက်ဘီးတခြား လူတခြားဖြစ်သွားရသည်။
        ထိုသူ ဆေးရုံပေါ်ရောက်သောအခါတွင် အသက်မရှိတော့ပါ။ ထို့ကြောင့် လောကဓ့ (၈)ပါးကို အန်တုလျှင် အန်တုသူသာ ၄င်းအဖြစ်မျိုးနှင့် ကြုံတွေ့ရတတ်ပါသည်။ လောကဓံကတော့ ဘယ်တော့မှ ပြောင်းမည်မဟုတ်ပါ။ (စာကြွင်း)
        နောက်တစ်ယောက် ကတော့ သူက တနင်္ဂနွေသား ကိုကိုအောင် - - -
        သူက ကျွန်ုပ်ကိုယ်တိုင်ဖွင့်ထားသော ဟေမ၀န်ဈေးဗိုလ်ထွဋ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေကျ - - -။
        တစ်နေ့သူက ကျွန်ုပ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း - - -
        '' ကိုထွဋ် ကျွန်တော့်မိန်းမ အိမ်ပွဲစားလုပ်တာ (၁၅)သိန်း လောက်ရတယ်ဗျ။ အဲဒါ ဒီလဆန်း လောက်အိမ်မှာ အလှူလုပ်မလို့''
        ကျွန်ုပ်မှ - - -
        '' ကောင်းတာပေါ့ဗျ၊ ဘယ်နေ့လုပ်မှာလဲ၊ ကျွန်တော်ဘာကူညီပေးရဦးမလဲ''
        ''ဘာမှမလိုပါဘူးဗျာ၊ ၀ိုင်းလုပ်မယ့်သူတွေ ခေါ်ထားပြီးပါပြီ၊ ကျွန်တော့်ကို ရက်လေးဘာလေးပဲ တွက်ပေးပါ။ ဘယ်နေ့လုပ်ရင် ကောင်းမလဲလို့''
        ''လဆန်းလောက်မှ လုပ်မှာဆိုတော့ လိုပါသေးတယ် ကိုကိုအောင်ရဲ့ -- အခုလိုအပ်တာက ကိုကိုအောင်ရဲက ကံဇာတာကို အရင်စစ်လိုက်ပါလား - - ''
        ကိုကိုအောင်မှ - - -
        ''မလိုပါဘူးကိုထွဋ်ရယ် --- အလှူလုပ်တာပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲ''
        ''မဟုတ်ဘူး ကိုကိုအောင်ရဲ့ ၊ တစ်ခါတလေမှာ ကောင်းတာတွေဟာ အချိန်အခါမမှန်ရင် အဆိုးဖြစ်တတ်တယ်၊ ဥပမာဗျာ --- နေ့ခင်းလင်းတဲ့ ''နေ''ရဲ့ အလင်းရောင်ဟာနေ့အတွက်ပဲ။ ညဘက်မှာ အသုံးမ၀င်ဘူး။ ညဘက်မှာသာတဲ့ ''လ''ရဲ့ အလင်းရောင်ဟာလည်း ညအတွက်ပဲ အသုံးဝင်တယ်။ နေရဲ့အလင်းဟာ နေ့ခင်းဘက် အတွက် အကောင်းလို့ဆိုပေမယ့် ညအတွက်တော့ အဆိုးပဲ၊ လောကဓံမှာလည်း ဒီလိုပဲ၊ နိန္ဒာလိုသက်ရောက်နေတဲ့ ကံဇာတာမှာ နေအိမ်မှာအလှူတို့၊ မင်္ဂလာဆောင်တို့ လုပ်လိုက်ရင် အကောင်းကနေ အဆိုးဖြစ်တတ်တယ်''
        ''ဟာဗျာ - - ကိုထွဋ်ကလည်း ဘာတွေလာပြောမှန်းမသိပါဘူး၊ အလှူရက်ရွေးခိုင်းပါတယ်။ ဋီကာ ချဲ့နေပြန်ပြီ''
        ကျွန်ုပ်သည် ကိုကိုအောင် ဆိုသူကို ဘာမှပြန်ပြောလိုစိတ်မရှိတော့ပါ။ ထို့ကြောင့် - - -
        ''ကိုကိုအောင် ကလည်း ခက်တာပဲဗျာ - -၊ ကျွန်တော်က စေတနာနဲ့ပြောတာ''
        ကျွန်ုပ်က ''ကိုကိုအောင်သဘောပါပဲဗျာ''ဟု ဆိုပေမယ့်လည်း အရာရာတိုင်းတွင် ကိုကိုအောင် သဘောအတိုင်း မဖြစ်ခဲ့ပါ။
        ကိုကိုအောင်နှင့် ကျွန်ုပ်တွေ့ပြီး တစ်ပတ်ခန့်အကြာ ၄င်း၏ ညီမဖြစ်သူ မစိုးစိုးမှတစ်ဆင့် ကိုကိုအောင် ဆုံးသွားပြီဖြစ်ကြောင်း၊ အကောင်းကြီးမှ ရုတ်တရက် လေဖြတ်ကာ ဦးနှောက်သွေးကြော ပြတ်ကာ အလှူအတွက် ၀ယ်ခြမ်းထားသော ဆန်များ၊ ဆီများမှာလည်း ၄င်း၏နာရေးကိစ္စတွင် သုံးလိုက်ရကြောင်း သိရှိခဲ့ပါသည်။
        ကျွန်ုပ်ဘယ်လိုမှ ဖြေလို့မရခဲ့ပါ။ အတန်တန်သတိပေးခဲ့ပါလျက် နှင့် အခုလိုအဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်ုပ်လည်း ကိုအောင်အောင် ၏ ကံဇာတာမှာ နေ့ဘက်မှာလား၊ ညဘက်မှာလား သိချင်သောကြောင့် ၄င်း၏ညီမ်ဖြစ်သူထံမှ သူ၏ မွေးနေ့ခုနှစ် တောင်းယူ၍ စစ်ဆေး ခဲ့ပါသည်။
အမည်                            -        ကိုကိုအောင်
အသက်                           -        (၄၄)နှစ်
မဟာဘုတ်ဇာတာ              -        (၁)ကြွင်း၊ တနင်္ဂနွေသား
စစ်ဆေးတွေ့ရှိချက်
(၁)    သက်ရောက်နယ်မြေ (ဒုက္ခံလောကဓံ) ဘုမ္မိနယ်မြေ (မာရဏ) သက်ရောက် + အတွင်းရန် သက်ရောက်
(၂)    ဂြိုလ်အိပ်ကြီးနယ်မြေ (ဒုက္ခံလောကဓံ) ဘုမ္မိနယ်မြေ (မာရဏ သက်ရောက် + အတွင်းရန် သက်ရောက် ကိုကိုအောင်၏ ကံဇာတာမှာ သက် (၄၄)နှစ်တွင် မရဏာ (၂)ထပ်ကျနေခြင်း၊ ဘုမ္မိ နှစ်ထပ်ကျနေခြင်းနှင့် အတွင်းရန် (၂)ထပ်ကျနေခြင်းတို့ကြောင့် ဆိုအား (၆)ထပ်ကျနေပါသည်။ ၄င်းနယ်မြေတွင် သက်ရောက်နေသော လူများသည် သေကွဲ၊ ရှင်ကွဲကြုံတတ်သောကြောင့် အကယ်၍ ဘုန်းကြီးကျောင်းများတွင် ပြုလုပ်ခြင်းက ပို၍ သင့်တော်မည်ဖြစ်သည်။ အကယ်၍ ညဘက် (၈)နာရီမှ (၉)နာရီတွင် မှောင်မည့်အစား တစ်လောကလုံး လင်းထိန်နေပါက သင်ရော ကျွန်ုပ်ပါ လောကသဘာဝ ဖောက်ပြန်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
        ကိုကိုအောင်၏ ကံဇာတာသည် ပုံမှန်ဖြစ်ပျက်မည့် သဘောမှာ-
(၁)    ငွေရှာရခက်ခဲခြင်း
(၂)    အိမ်ထောင်ရေးအဆင်မပြေခြင်း၊
(၃)    လူမှုရေးဂုဏ်သိက္ခာကျခြင်း၊
        တို့ကို ကြုံတွေ့ရမည့်အစား ၄င်းသည် - -
(၁)    ငွေဝင်ခြင်း
(၂)    အိမ်ထောင်ရေးသာယာခြင်း
(၃)    လူမှုရေးကိစ္စများ အောင်မြင်မှုရှိခြင်း
        တို့ကြောင့် ဆန့်ကျင်ဘက်ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာထိခိုက်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကိုကိုအောင်မှ မဟုတ်ပါ။ ထိုကဲ့သို့သော ဇာတာရှင်များကို ကျွန်ုပ်တို့ ဗေဒင်နည်းနှင့် တွက်ကြည့်လျှင် ဆိုးနေပါသည်ဟု ဟောမှာဖြစ်ပါသည်။ အကယ်၍ မဆိုးဝါးပါဟု ပြန်ပြောလျှင် အသက်အန္တရာယ် သတိထားပါဟု ဆက်လက်၍ ဟောရမှာ ဖြစ်ပါသည်။
        လောကသဘာဝဓမ္မသည် ကျယ်ဝန်းလှပါသည်။ လောကစသည်လည်း လှည့်စားတတ်သည့် သဘာဝရှိပါသည်။
        ကျွန်ုပ်အပါအ၀င် လူသားအားလုံးသည် လောကဓံ၏ လှည့်စားမှုအောက်မှ လွတ်မြောက်လိုပါက
        အလင်းသဘာဝဖြစ်သော ကံအမြင့်ပိုင်းတွင် ကြိုက်ရာလုပ်ပါ။ လှူပါ၊ တန်းပါ။
        အမှောင်သဘာဝဖြစ်သော ကံအနိမ့်ပိုင်းတွင် မိမိလှူဒါန်းသော ကိစ္စရပ်များ၌ ဂုဏ်တုပြိုင် ကြွားဝါ ခြင်းတို့ကို လျှော်ပြီး သိုသိုသိပ်သိပ် နေထိုင်ပါ။ တတ်နိုင်လျှင် မိမိလှူဒါန်းသော ကိစ္စရပ်များကို လူမသိ  လျှင်ကောင်းပါသည်။
        အကယ်၍ လူသိသော် လှူဒါန်းမည်ဆိုပါက နာရေးကူညီမှုအသင်း၊ မိဘမဲ့ ကလေး စာသင်ကျောင်း၊  ငှက်လွှတ်၊ ငါးလွှတ်ခြင်း များကိုလည်း လုပ်ပါဟု ကျွန်ုပ်ဗေဒင် ဆရာဘ၀ အတွေ့ အကြုံများအရ တိုက်တွန်းလိုက်ရပါသည်။
No comments:
Post a Comment