Sunday, March 4, 2018

အင်္ဂ၀ိဇ္ဖာပညာခန်း

အင်္ဂ၀ိဇ္ဇာဗေဒင်ပညာနှင့်
ထူးဆန်းသော ခြင်္သေ့နှစ်ကောင်အကြောင်း

(သူ့အမည်က ကိုစိုး)
အများက သူ့ကို ကိုစိုးဟူသော အလွယ်ခေါ်နေကြသော်လည်း အမည်ရင်းက ကိုခင်စိုး ဖြစ်ပါသည်။ သူက အင်္ဂ၀ိဇ္ဇာဝါသနာရှင် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းကို လစဉ် လတိုင်းအပိုင်ဝယ်၍ မလွတ်တမ်းဖတ်နေသူ။
တစ်နေ့ ကျွန်ုပ်၏ဟောခန်းရှိရာ ဟေမ၀န်ဈေးသို့ သုတ်သီးသုတ်ပြာနှင့် ရောက်ချလာရာ၊
''ဟော ---- ကိုခင်စိုးတို့ကတော့ လုပ်လာပြန်ပြီ (၃)ကြွင်းလို့ မပြောရဘူး၊ အမြဲတမ်း ကြည့်လိုက်ရင် ပျာယီးပြာယာနဲ့ ---- ''
''ဟဲ ---- ဟဲ င့ါညီနဲ့အစ်ကိုကလည်း နီးပြီးမှဝေးခဲ့သူ သီချင်းထဲကလို ဖြစ်နေတာကိုးကွ ၊ ကိုယ့်အလုပ်နဲ့ ကိုယ်အားကြာတာမဟုတ်ဘူးလေ၊ ခုလည်း အလုပ်လေးနည်းနည်းပါးတုန်း ကမန်းကတန်း ပြေးချလာခဲ့ တာ ငါ့ညီကို အစ်ကိုမေးစရာရှိလို့ ----''
''မေးပါ ---- အစ်ကို ဘာမေးချင်တုန်း ၊ ကျွန်တော်သိသလောက်ကတော့ အစ်ကို့ကို ရှင်းပြမှာပေါ့။ အစ်ကိုနဲ့ ကျွန်တော်က ဟိုးငယ်ငယ်လေးထဲက ညီလိုအစ်ကိုလိုနေလာကြတာပဲ''
''ဒီလိုကွ --- ငါ့ညီရ --- အစ်ကိုမိတ်ဆွေတစ်ယောက်က အဆောင်တစ်ခုလုပ်ခိုင်းထားလို့၊ အဲဒါ ဆောင်သင့် မဆောင်သင့် ၊ ညီလေကို အစ်ကိုလာမေးတာ''
'' ဘာအဆောင်လည်း ကိုစိုးရဲ့ ----  ''
''မိတ် (၃)ချက်နဲ့ စီးပွားတက် အဆောင်လေကွာ''
''အစ်ကိုက တနင်္လာသားဆိုတော့ အပြင်မိတ်က ဗုဒ္ဓဟူး၊ အတွင်းမိတ်က ရာဟု၊ ဓာတ်မိတ်က ကြာသပတေး မဟုတ်လား။ အဲဒါကြောင့် သူက အစ်ကို့ကို သူက ၀ါးသားကို ကြက်ဖရုပ်ထုပြီး ရွှေချ ဆောင်ခိုင်းတယ်ကွ ''

၂ x (၄) = ကုလား (အပြင်မိတ်) = (၀ါး)   မိတ် (၃) ချက်
၂ x (၅) = ဂမ္ဘေ  (ဓာတ်မိတ်)    = (ကြက်ဖ)  နှင့် စီပွား
၂ x (၈) = ကိုရှာ (အတွင်းမိတ်) = (ရွှေချ)  တက်ခြင်း
'' (၀ါး) ဆိုတော့ကွာ ဗုဒ္ဓဟူးနံ အပြင်မိတ်ကိုယူပြီး (ကြက်ဖ) ဓာတ်မိတ်နဲ့ (ရွှေ) အတွင်းမိတ်နဲ့ ပေါင်းလိုက်တော့ မိတ် (၃)ချက်မိပြီး စီးပွားတက်တယ်လို့ သူကပြောတယ် --- အဲဒါကောင်းတယ် မဟုတ်လား ညီလေး''
''အစ်ကို့ စိတ်ထဲကောင်းတယ်ဆိုရင် ဆောင်ပေါ့ အစ်ကိုရ''
''ဟာ --- ညီလေးကလည်း အဲဒီလိုတော့မလုပ်ပါနဲ့ ဆောင်သင့်ရင်လည်း ဘာကြောင့်၊ မဆောင်သင့်ရင်လည်း ဘာကြောင့်လို့ရှင်းပြရဦးမှာပေါ့ ''
ကျွန်ုပ်က ပြုံးစိစိနှင့် ပြောနေသည်ကို ကိုစိုး တစ်ယောက် အတည်ပြောနေသည်ဟု ထင်ပြီး၊ မျက်စိမျက်နှာ ပျက်နေသည်ကိုတွေ့ရ၍ ကျွန်ုပ်လည်း နောက်ချင်ပြောင်ချင်စိတ်များ ပျောက်၍ သွားပါ သည်။
''အလကားနောက်တာပါ အစ်ကိုရာ၊ ကျွန်တော်ရှင်းပြပါ့မယ်၊ အစ်ကို့မျက်နှာကြီးက ဆူပုတ်နေ တော့ ကျွန်တော်တောင် ဘယ်ကစပြီး ရှင်းပြရမှန်းတောင် မသိတော့ဘူး''
ကိုစိုးမေးတဲ့ မေးခွန်းကို ကျွန်တော်အရင်မပြောဘဲနဲ့ ကျွန်တော်သင်တန်းတက်ခဲ့တဲ့ အချိန်က  သင်ခဲ့ရတဲ့ ဆရာတော်ခင်ကြီးဖျော်ရဲ့ ကျမ်းရင်းလင်္ကာလေးကို ကျွန်တော်ရှင်းပြရဦးမယ်။
အင်္ဂ၀ိဇ္ဇာကျမ်းတွေကို ပြုစုခဲ့တဲ့ အတုလဆရာတော်ခင်ကြီးဖျော်ရဲ့ ကျမ်းရင်းလင်္ကာ ပထမတွဲ စာမျက်နှာ (၅၅)၊ တတိယအပိုဒ်စာနံပါတ် (၄၈)ရဲ့ အဝေးခြင်္သေ့ဟောက်အဖွင့်မှာ ပြဌာန်းထား တာကတော့ ---
အဝေးခြင်္သေ့ဟောက်ဟူသည် တြိရန်းဓာတ်ခိုက်ကြသဖြင့် အပျက်အစီးပြုခြင်းဟုဆိုသည်။
ထိုဓာတ်ခိုက်ကား တနင်္ဂနွေသည် အင်္ဂါဓာတ်ခိုက်သည်။ တနင်္လာသည် ဗုဒ္ဓဟူးဓာတ်ခိုက်သည်၊ အင်္ဂါသည် ကြာသပတေးဓာတ်ခိုက်သည်။ ဗုဒ္ဓဟူးသည် သောကြာဓာတ်ခိုက်သည်။ ကြာသပတေးသည် စနေဓာတ်ခိုက်သည်။ သောကြာသည် တနင်္ဂနွေဓာတ်ခိုက်သည်။ စနေသည် တနင်္လာဓာတ်ခိုက်သည်။
တစ်ဖန်စာမျက်နှာ (၅၆)၏ တတိယအပိုဒ် စာအပိုဒ် (၅၉)ရဲ့ အနီး၊ ခြင်္သေ့ဟောက် ဆင်ဝှေ့ ပြန်အဖွင့်တွင် ပြဌာန်ထားသည်မှာ -
အနီးခြင်္သေ့ဟောက် ဆင်ဝှေ့ပြန်ဟူသည် စတုရန်းဓာတ်ခိုက်ကြခြင်းတည်း။ အပျက်အစီးကို ဖြစ်စေ တတ်သည်ဟူ၏။  တနင်္ဂနွေသည် ဗုဒ္ဓဟူးဓာတ်ခိုက်၏ ။ ထို့အတူ တနင်္လာသည် ကြာသပတေး ဓာတ်ခိုက်၏။ အင်္ဂါသည် သောကြာဓာတ်ခိုက်၏ ။ ဗုဒ္ဓဟူးသည် စနေဓာတ်ခိုက်၏။ ကြာသပတေးသည် တနင်္ဂနွေဓာတ်ခိုက်၏။ သောကြာသည် တနင်္လာဓာတ်ခိုက်၏။ စနေသည် အင်္ဂါဓာတ်ခိုက်၏ ။
၎င်းအပိုဒ်များကို အိန္ဒိယပြန် အရှင်ဣန္ဒ၀ံသမထေရ်၏ အင်္ဂ၀ိဇ္ဇာအလင်းပြဓာတ်ရိုက်ကျမ်း၏ စာမျက်နှာ (၂၆)အပိုဒ် (၂)တွင် ပြန်လည်ဖွင့်ဆိုထားသည်မှာ အဝေးခြင်္သေ့ဟောက်ခြင်းဟူသည်ကား မည်သည့်နေ့သားသမီးများ မတူ  မိမိတို့၏ မွေးနေ့နှင့်သက်ဆိုင်ရာဖြစ်သော တြိရန်းဓာတ်ခိုက်အပင် တို့ကို အိမ်၊ တိုက်များ၏ ဥစာအရံ အတွင်းဘက် ရန်ကြသောအရပ်များတွင် စိုက်ပျိုးမိကြပါက ထိုဓာတ် အားလျော်စွာ ပျက်စီးတတ်သော သဘာဝမျိုးကို ဆိုလိုသည်ဟု အမြဲတမ်းနှလုံးသွင်းကြရန် ---
တနင်္ဂနွေသားသမီးအတွက် အဝေးခြင်္သေ့ပုံစံ
(အဝေးခြင်္သေ့)
တနင်္ဂနွေသားသမီးသည် မိမိတို့၏ အပြင်ရန်ကျသော နေအိမ်၏ အရှေ့တောင်အရပ်တွင် (ဆီးပင်)နှင့် အခြားအင်္ဂါနံပါသော အပင်တို့ကို စိုက်ပျိုးမိပါက မိမိတို့၏ စီးပွားရေးတစတစ ပျက်စီးမည်ဟုဆိုလိုပါသည်။
တစ်ဖန်စာမျက်နှာ (၂၆၅)အနီး ဆင်ဝှေ့ပြန်အဖွင့်တွင် အနီးဆင့်ဝှေ့ခြင်းဆိုသည်မှာ (၇)ရက် သားသမီးတို့ မိမိတို့မွေးနံနှင့် သက်ဆိုင်ရာဖြစ်သော စတုရန်းဓာတ်ခိုက်သစ်ပင်များကို အိမ်၊ တိုက်တို့ ၏ ဥပစာခြံဝင်း အတွင်းရန်ကျသော အရပ်တွင်  စိုက်ပျိုးမိပါက ထိုဓာတ်ခိုက်အား လျော်ညီစွာ ဆုတ်ယုတ်ပျက်စီးသွားတတ်သော သဘာဝကိုဆိုလိုသည်။
တနင်္ဂနွေသားသမီးအတွက် အီးဆင်ဝှေ့ပြန်


       (အနီးဆင်ဝှေ့)
''ကဲ ---- ကိုစိုး ကျမ်းတွေရဲ့ အဆိုအမိန့်တွေကိုတော့ အထောက်အထားနဲ့ စနစ်တကျ ရှင်းပြ ပြီးပြီး၊ အစ်ကိုရဲ့ (ရွှေကြက်ဖ)လေးကို ဇာတာပြန်စစ်လိုက်အောင် အစ်ကို (၃)ကြွင်း၊ တနင်္လာသားနော်။
''ဟုတ်တယ်လေ --- ညီလေးရဲ့''
ရွှေကြက်ဖအား ကိုခင်စိုး၏ မူလဇာတာနှင့် စစ်ဆေးခြင်း
၂  (ကြက်ဖ) = (အနီးဆင်ဝှေ့)
၎ (၀ါး + ရွှေ) = (အဝေးခြင်္သေ့)
    (မွေးနံတိုင်)
(၃)ကြွင်း မဟာဘုတ်ဆိုတာက (၇)နေ့ (၇)နံအတွက် ဖော်ပြထားတာဆိုတော့ သူတစ်ခုတည်းနဲ့ မပြီးဘူး၊ အစ်ကိုက တနင်္လာသားဆိုတော့ မွေးနံတိုင်မှာ စတုရန်းဓာတ်ခိုက်နဲ့ တြိရန်းဓာတ်ခိုက်မိ နေတယ်။ အဲဒီ အဆောင်က တနင်္လာသားသမိးအတွက် မိတ်(၃)ချက်နဲ့မိပေမယ့် အမြဲဆောင်ရင်တော့ မကောင်းဘူး။ ဆရာတော်ခင်ကြီးဖျော်ရဲ့ အထက်မှာ ဆောင်ပန်း၊ အောင်မှာ နင်းကြမ်း တစ်ခန်းယူမှီးကြ ဆိုတဲ့ လင်္ကာနဲ့လည်းမကိုက်ညီဘူး၊ အစ်ကိုဆောင်ထားတာက နင်းကြမ်းတွေကြီးပဲ ဖြစ်နေတယ်၊ ထာဝရအဆောင်ဆိုရင် အထက်(၃)လုံးထဲကပဲ ရွေးရမယ်။
၃  ဆောင်ပန်း
ဝ  
-၂- ၂   (ကြက်)
၅   (ဖ)
၁    နင်းကြမ်း ၁   နင်းကြမ်း
၎   (ရွှေ)
ကျွန်ုပ်သည် ဒလကြမ်း ရှင်းပြလိုက်ရသဖြင့် အနည်းငယ်မောလာရာ စားပွဲပေါ်ရှိ ရေနွေးအိုးထဲမှ ရေနွေး တစ်ခွက်ကိုငှဲ့၍ ဖြည်းဖြည်းချင်းမှုတ်သောက်၍ ကိုခင်စိုး၏မျက်နှာကို လှမ်းကြည့်လိုက်ရာ ကိုစိုး၏ မျက်နှာသည် ပီတိနှင့်ယှဉ်သော အပြုံးမျက်နှာကို တွေ့လိုက်ရသည်။
''ကျေးဇူးတင်လိုက်တာ  ညီလေးရာ၊ အစ်ကိုကတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ပီတိလည်းဖြစ်မိတယ်။ တင်ဆက်တည်း ညီလေးကိုအကူအညီ တခုတောင်းချင်တာက အခြားနေ့သား တွေလည်း အစ်ကို့လိုပဲ စမ်းတ၀ါးဝါးဖြစ်နေခဲ့ရင် အစ်ကိုရှင်းပြလို့ရအောင် အစ်ကို့ကို (၇)နေ့သား အတွက် ဇယားလေးဆွဲပြီး ပေးလိုက်ပါလား''
'' ရေးပေးရမှာပေါ့ အကိုရာ၊ ကျွန်တော်လည်း ကုသိုလ်ရတာပေါ့ဗျာ''
ကိုစိုးတယောက် ကျွန်ုပ်ရေးဆွဲပေးလိုက်သော (၇)နေ့နံဇယားများကို သူ၏မှတ်စုစာအုပ်ထဲသို့ ကူးသည့်ကာ ကျွန်ုပ်အား ကျေးဇူးတင်စကားပြော၍ ထွက်ခွာသွားသည်ကို ငေး၍ကြည့်နေစဉ် ဟေမ၀န် ဈေး၏ ဈေးအစောင့်မှ ဈေးသိမ်းခေါင်းလောင်း ခေါက်သံကြားမှ ကျွန်ုပ်၏အလုပ်ခန်းကို ကမန်းကတန်း သိမ်းကာ ဈေးတံခါးပေါက်ဆီသို့ အမြန်ပြေးထွက်ခဲ့ပါတော့သည်။
၇ နေ့နံသားသမီးများ အမှန်ကိုမြင်၍ အမြင်မှန်ရကြပါစေ ---- ။







No comments:

Post a Comment