Friday, March 9, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀ (၉)

ကျွန်တော် ဗေဒင်ဆရာဘဝ ( ၉ )
=====================

ဟိုတုန်းကပေါ့လေ
ကျွန်တော်ကဗေဒင်တတ်ခါစဆိုတော့
ကိုယ့်ကိုယ်ကိုမကွာကွယ်နိုင်ဘူး အိမ်ကြမ်းမြေကြမ်း
ဆိုလည်း ရှင်းလိုက်တာဘဲ အာဏာစက်ဆိုတာ နား
မလည်ခဲ့တာ ခုတော့ခံရပါများလို့သိနေပါပြီ

သူများအတိုက်တွေကိုရှင်း ပြီးရင်ကိုယ်ဘဲပြန်ခံရတာ
အာဏာစက်မယူခဲ့တာ ကိုယ်လုပ်ချင်ရာလုပ်ခဲ့တာ
ခုတော့ဘာလုပ်လုပ် ဆရာကိုအသိပေးတယ်

ဆရာကခွင့်ပြု မှလုပ်တာ ဆရာခွင့်မပြုရင်ဘာမှမလုပ်
တော့ဘူး လူမမာတွေ နဝင်းလုပ်ရင်လည်းဒီတိုင်းဘဲ
အာဏာစက်မရှိရင်လာကုတဲ့သူတွေသေကုန်မှာ
ခုတော့ မြတ်ထွဋ်ခေါင်နဝင်းလုပ်တဲ့ကျမ်းမာရေး
သမားအကုန်အောင်တယ် ဆရာဆီကအာဏာစက်
ယူထားတာ ကိုယ်တိုင်လည်း ကျင့်စဉ်တွေအဆင့်ဆင့်
ဝင်ခဲ့ရတယ် တချို့ကျင့်စဉ်တွေက လူပင်ပန်းမှ စိတ်
စွမ်းအင်ရတာလေ

ကျိုက်တဲ့နေရာကိုသွား ဝိဇ္ဇာတွေရဲ့စောင့်ရှောက်မှု
ရတယ် ထူးဆန်းတာတွေတွေ့ရတယ် တခါကဆရာ
တစ်ယောက်ပြောတယ် အော်တဲ့ ဆရာဆီမှာဒီဘုရား
ရောက်နေပြီဘဲတဲ့ ဒီဓါတ်လုံးတွေရောက်ပြီဘဲ
ကျွန်တော်ကမရောက်သေးဘူးထင်နေတာတဲ့

ကိုယ်ကသံလိုက်ဓါတ်တစ်ခုလိုဘဲ သံလိုက်စွမ်းအား
တွေများရင်အဝေးကြီးကသံတွေကိုလှမ်းဆွဲလို့ရတယ်
ကျွန်တော်ဆီမှာဆေးတော်ကြီးအစုံရှိတယ်
တစ်ခုမှကျွန်တော်မဖေါ်ဘူး သူ့ဓါတ်နဲ့သူဘဲ အလိုလို
ရောက်လာတာ တိဘက် အိန္ဒိယ သီဟို သီရိင်္လကာ
အစရှိတဲ့ဆေးစွမ်းကောင်းတွေ ကျွန်တော်ဆီအလိုလို
ရောက်လာတာ ဆရာရဲ့အာဏာစက်ကိုခံယူထား
တာလေ အကုန်စွမ်းတာပေါ့

သတိရလိုပြောရဦးမယ် ဟိုတုန်းကလေ ကျွန်တော်
ကစာရေးဆရာသိပ်ဖြစ်ချင်တာ စာရေးဆရာကြီးတွေ
ရဲ့အာစရိယဝါဒ အမြဲခံယူခဲ့တာ ဆရာဦးပေါ်ထွန်း
ကဘာပြောလည်းဆိုတော့ မောင်ထွဋ်ရာမင်းစာရေး
တတ်ချင်ရင်စာဘဲများများဖတ်ပါတဲ့

စာပေလောက ထဲမှာအနှိမ်ခံရတာတော့မပြောတော့
ပါဘူး လကုန်လို့မဂ္ဂဇင်းထွက်ချိန်မှာလေ ကျွန်တော်
တို့လမ်းထိပ်က အငှားဆိုင်လေးကိုပြေးရတယ်
ကိုယ်စာမူလေးများပါမလားလို့ ပါပြီဆိုရင်တော့ချက်
ချင်းငှားပြီး ရှိတဲ့သူငယ်ချင်းတွေကိုကိုယ်ကလက်ဖက်
ရည်တိုက်ပြီးလိုက်ပြရတာ သူတို့ကလည်းသည်းခံ
ဖတ်ရှာပါတယ် လက်ဖက်ရည်တန်ခိုးလေးပေါ့

ဗေဒင်အတွေ့အကြုံလေးပြောပြရဦးမယ် ဟိုတုန်း
ကပေါ့ ကျွန်တော်က အင်္ဂဝိဇ္ဇာကိုဘဲအားသန်တာ
တခြားသိပ်သိတာမဟုတ်ဘူး တနေ့တော့ဗေဒင်
ဆရာတစ်ယောက်က ကျွန်တော်ကိုလာနှိမ်နှိမ်ချိုးချိုး
ပြောတာနဲ့ ဒေါက်ကနဲ ဟောလိုက်တာ ရင်ကိုထိမှန်
စေတဲ့ဟောကွက်ဖြစ်လို့သူနဲ့ပြဿ နာတက်တော့
မလို့
သူပြောတာဘဲကြည့်လေ မခံချင်စရာ ကိုယ်ထွဋ်ရာ
ခင်ဗျားလိုက်စားတဲ့ဗေဒင်က ၇ စား ၈ စားပါ
၇ ရက်လောက်သင်ရင်တတ်တယ်တဲ့ ကြည့်စမ်းပါဦး
ကျွန်တော် အနှစ် ၂၀ ဘာမှမသိသေးဘူး
ကျွန်တော်လည်း ခင်ဗျားနဲ့ ကျွန်တော်ပြိုင်မလား
ခင်ဗျားခုနှစ်ကျွန်တော်မသိဘူး ဟုဟောပြမယ်လို့
ပြောလိုက်တော့ စိန်လိုက်လေ သူကပြန်ပြောတယ်
အချိန်က အင်္ဂါချိန်ကြီး


၁ အနီရောင်ဝတ်လာသည်
၃ အင်္ဂါချိန်




သူက စွပ်ကျယ်အနီဝတ်လာတာ ကျွန်တော်လည်း
ခင်ဗျား သူများမယား ကြာခိုနေတယ် အမှု ဖြစ်မယ်
အဲလိုလည်းဟောရော သူက ဝုန်းကနည်းထပြီး
ကိုယ်ထွဋ် ခင်ဗျား အရမ်းလွန်သွားပြီ ဆိုကာ
ရှုး ရှုးရှဲ ရှဲ ထပြန်သွားသည် ကျွန်တော်လည်းစိန်ခေါ်
ပွဲမလို့ဟောလိုက်တာ ပြီးတော့မှ အားနာသွားမိတယ်
ဟိုတုန်းကပေါ့နော် အဲလိုရိုက်ပေါက်တွေဟောတာ
ထိုမိတ်ဆွေလည်း နောက်တပတ်အကြာ တရားရုံး
မှာမယားခိုးမှု နဲ့ရင်ဆိုင်နေရကြောင်းကြားလိုက်ရပါ
တယ် ခုတော့အဲလိုမျိုးဟောကွက်မဟောတော့ပါဘူး

ဟိုတလောက အဲလိုကိန်းလာတွေ့တယ် သူကကျွန်
တော်ဆီမလာခင်မိန်းမတစ်ယောက်နဲ့ တည်းခိုခန်းက
လာမှန်းသိတယ် ဒီမိန်းမ အိမ်ထောင်ရှိမှန်းသိတယ်
ထိမ်းဟောလိုက်ပါတယ် ခင်ဗျားမှာ မိန်းမအနှောက်
အယှက်ရှိပါတယ်လို့ပေါ့ သူကိုယ်တိုင်ကမှားနေတာ
သိရက်နဲ့ ဗြောင်းပြန်ဟောလိုက်ရတာ

ကျမ်းမာရေးလည်းဒီလိုဘဲ ထိမ်းဟောရတယ်တလော
ကမိတ်ဆွေတစ်ယောက်က သူယောက္ခမ ကျမ်းမာရေး
လာမေးတယ် တနင်္ဂနွေ ချိန်ကြီး မေးသူကစနေ
လူမမာက စနေ ညနေ ၅ နာရီကိုဆုံးမယ်ဆိုတာသိပြီ
ဒါပေမဲ့သူစိတ်မကောင်းမှာစိုးတာနဲ့ ညနေ ၅ နာရီ
ကိုဖုန်းဆက်ပါ လူမမာအခြေအနေကိုပြော အဝတ်
အစားယူလာခဲ့ ယတြာပြု ပေးမယ် လို့ပြောပြီးပြန်
လွတ်လိုက်တယ် ထိုမိတ်ဆွေဖုန်းဆက်ပါတယ်
၅ နာရီလောက် ဆုံးသွားပါပြီတဲ့ အဲလိုမျိုး ဆရာ
ဆိုတာပါးနပ်ရတယ်

အင်္ဂဝိဇ္ဇာကိုမကျွမ်းကျင်ဘဲ နေကောင်းမယ်သက်သာ
မယ်လို့ပြောလိုက်မိရင် ဂွမ်းပြီ ဂျောက်ဂျက်ကွဲလိမ့်
မယ်



၁ တနင်္ဂနွေချိန်

ဝ လူမမာ ± လာမေးသူ


အဲလိုမျိုးတွေကြုံခဲ့ရတာ တော်ကြာသူ့ဖါသာရောဂါ
နဲ့သေတာ ကိုယ်သတ်ပါတယ်ဆိုပြီး တိုင်လာပတ်
နေတတ်တယ်

အပိုင်း ၁၀ ဖုတ်ထုတ်ခဲ့သောအတွေ့အကြုံများ
မျော်ပါ


No comments:

Post a Comment