Friday, March 9, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀ (၁၄)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၁၄ )
====================
ဟိုတုန်းကပေါ့လေ
ကျွန်တော်က ဗေဒင်ပညာကိုတအားလိုက်စားနေခဲ့တာ မိသားစုစီးပွားရေးကိုပြန်မကြည့်နိုင်ခဲ့တာ
စားဝတ်နေရေးကတအားကျပ်တည်းလာတော့လေ
အိမ်ရှင်မကလည်းခံနိုင်ရည်မရှိတော့ဘူး

ကိုယ်ပိုင်အိမ်ကလေးတစ်လုံးတော့လိုချင်တာပေါ့
နော် ဒါမှမဟုတ်တိုက်ခန်းလေးတစ်လုံးဆိုလည်း
ဖြစ်ပါတယ် အိမ်လခတွေကလည်းတနှစ်ကို ၁၀
သိန်းကျော်လောက်ကျနေတာ

ဒီလိုနဲ့ နိန္နာဆိုတဲ့လောကဓံကို ကျော်ဖြတ်ခဲ့ပါတယ်
အလဘောဆိုတဲ့ ကြာသပတေးနယ်မြေကိုရောက်
လာတော့ ကစားကွက်အသစ်တစ်ခုကိုကစားလိုက်
တယ် မနက်အစောကြီးထပြီး ပန့်သကူထပြစ်လိုက်
တယ်

ကစားကွက်ကမြင့်တော့ တစ်ပတ်တွင်း တိုက်ခန်းတစ်
ခုကို လပေးနဲ့လာရောင်းတဲ့ပုံစံကြုံခဲ့တယ် အဲဒီမှာ
တင်တိုက်ခန်းလေးတစ်လုံးပိုင်လိုက်တယ်

တစ်နှစ်ကျော်ကျော်လောက်တော့ငွေကိုအလီလီခွဲပေး
ရတာပေါ့ လောကဓံ စီမံခန့်ခွဲမှု ကစားကွက်က
အဲဒါတွေကောင်းတာ ကိုယ်ဘယ်အချိန်ငွေရမယ်
ကြို သိနေတာ ကိုယ့်ဘာသာဘဲဓါတ်ဆင်လိုက်တာ
ဂွပ်ကနဲ တန်းဝင်တာဘဲ

ဟိုတုန်းကပေါ့လေ လဘော လောကဓံကုန်ခါနီးမှာ
အပြင်ဘဏ်တစ်ခုမှာ ငွေကိုရှယ်ယာထည့်ထားတာ
လဘော အထွက် ၂ လမှာ ရှယ်ယာခွဲ ငွေပြန်သိမ်း
ရမှာ ဘဏ်မန်နေဂျာ ကိုပြောပြီးငွေတွေပြန်ထုတ်
ခဲ့တာ နောက်နှစ်လအကြာ အဲဒီဘဏ်ဒေဝါလီခံ
သွားတယ် မိတ်ဆွေတွေက ကိုထွဋ်သိပ်ကံကောင်း
တာဘဲလိုပြောကြတယ် ပညာလေ ပညာ
ပညာကပြောနေတာ ငွေပြန်သိမ်းပါတဲ့ ကျွန်တော်
ကမသိမ်းရင် ပညာကိုသစ္စာ ဖေါက်တာဘဲ ပြန်သိမ်း
မှရမှာ

အဲဒီမှာ စကားကြုံလို့ပြောရဦးမယ် မိတ်ဆွေတစ်ဦး
အလဘောလောကဓံ ရောက်နေတာ ဘဏ်က ၎
ကျပ်တိုး ဆိုတော့သူအိမ်ကိုရောင်းပြီးဘဏ်ထဲထည့်
လိုက်တယ် ကျွန်တော်က အလဘောမှာ မလုပ်ဘို့
ပြောတော့ သူလမ်းသူလျှောက်ပါရစေတဲ့

ကျွန်တော်လည်း ကိုယ့်လမ်းကိုကိုယ်ဘဲဖေါက်ပါတယ်
သူနဲ့မတွေ့တာလအတော်ကြာတော့ တနေ့အဲဒီရပ်
ကွက်ကအသုတ်ဆိုင်အသစ်ဖွင့်တယ် လက်ရာကောင်း
တယ်ဆိုတာနဲ့ သွားစားမိတယ် ဆိုင်မှာထိုင်ပြီး
အသုတ်တပွဲမှာမယ်လုပ်တော့ အဲဒီအမျိုးသမီးအသုတ်
ရောင်းနေတာတွေ့လိုက်ရတော့
ဟာ'' ဘယ်လိုဖြစ်တာလည်းအမရယ် သူကမရီချင်
ရီချင်မချိပြုံးလေးနဲ့ အမ မှားသွားပါတယ် ကိုထွဋ်
ရယ်တဲ့
သူက မှားပါတယ် ကိုထွဋ်ရယ် ဆိုပေမဲ့ တကယ်
တန်းသူမှားတာက တစ်ဘဝစာပါ ဟိုတုန်းကအိမ်
ဖေါ်နှစ်ယောက်နဲ့ဈေးကိုလာတာ လူကလည်းဝတော့
ကားကား ကားကားကြီးပေါ့ သူ့အမျိုးသားလည်း
ဘဏ်မှာငွေတွေဒေဝါလီခံရတဲ့စိတ်နဲ့ ဆုံးပါးသွား
ပါတယ် အိမ်ဆုံး လင်ဆုံး ငွေဆုံး ပဒါမြေလူးပါဘဲ
လောကဓံပညာကသိပ်ပိုင်တာ အင်္ဂဝိဇ္ဇာကလည်း
အားဆေးတမျိုးပါဘဲ




၆ သောကြာ အခါ
၂ ငွေ



စတုရန်းဟောကွက်မှာ ငွေက နာနေတာဆိုရင်
ကိုယ့်ရှိတဲ့ငွေ ကိုယ်မပိုင်တော့တာ ငွေနာတယ်
ဆိုတာ ရှိလို့နာတာ မရှိရင်ဘယ်နာမလည်း
နာနေရာ ရောက်လို့ငွေမရှိဘူးဟောရင်မှားသွားမှာ
ရှိတယ် နာနေတာ

လူတစ်ယောက်နာရင်လည်းဒီတိုင်းဘဲ ဘေးလူကြည့်
တော့ အကောင်းကြီးသွားနေတာ အတွင်းကလီစာ
တွေနာနေတာ ဘယ်သူမှမမြင်တာ
သူက ဗေဒင်မယုံပါ ကျွန်တော်ကဗေဒင်ဆရာ အဲဒီ
တော့ သူကလည်းကိုယ့်လမ်းကိုယ်လျှောက်မယ်
ပြောခဲ့တာ ခုတော့ သူဌေးဘဝက အသုတ်ရောင်း
ရမဲ့လမ်း

ဟိုးတုန်းက မိတ်ဆွေတစ်ယောက်လည်း ဒီလိုဘဲ
နိန္နာလောကဓံ မှာအပြင်ရန်ရောက်နေတာ ခရီး
မထွက်ဘို့တာတယ် ကျွန်တော့ကိုရိသဲ့သဲ့နဲ့
ခင်ဗျားနဲ့တွေ့တာ ကျွန်တော့မှာနေစရာမရှိဘူးလို့
ပြန်ပြောခဲ့တာ တကယ်တန်းတော့ သူခရီးထွက်ပြီး
အပြန်မှာ ကားမှောက်ပြီးဆုံးခဲ့တာ သူ့အမဆို
ကျွန်တော်အိမ်လာပြီးငိုလိုက်တာ ရင်ထဲတောင်
မကောင်းဘူး ကိုယ်ထွဋ် တားနေတဲ့ကြားထဲက
ဖြစ်ရလေတယ်လို့

မိတ်ဆွေတစ်ယောက်ဆို သူပြောတဲ့စကားဒီနေ့
အထိနားထဲမထွက်တာ
တနေ့ အဲဒီနေ့က ကျွန်တော်နဲ့သူတို့လင်မယား
လက်ဖက်ရည်ဆိုင်မှာ သူက ပွဲစားက ၁၅ သိန်းရလာ
တယ် အဲဒီအချိန်က ရွှေတစ်ကျပ်သား တစ်သိန်း
နေအိမ်မှာအလှူ လုပ်မှာတဲ့ ကျွန်တော်က ဒုက္ခံလော
ကဓံ မှာအလှူ လုပ်လို့မရဘူး လုပ်ချင်ရင်ဘုန်းကြီး
ကျောင်းသွားလုပ်ပါလို့ပြောတော့ ဒီမယ်ကိုထွဋ် ''
ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမှာဘဲ
ခင်ဗျားတို့ဗေဒင်ပညာကြမှ အိမ်မှာလုပ်တာအပြစ်
ဖြစ်ရတယ် တော်ပြီဗျာ လာမိန်းမ သွားမယ်ဆိုပြီး
လက်ဖက်ရည်ဆိုင်ထဲက ထထွက်သွားတာ
ကျွန်တော်ကသူတို့လင်မယားနှစ်ယောက်ရဲ့ကျော
ပြင်ကိုကြည့်ပြီး သက်ပြင်းတစ်ခုသာချနိုင်ခဲ့ပါတယ်

တစ်ကယ်တန်းကျွန်တော်ကသက်ပြင်းတစ်ခုသာချနိုင်
ခဲ့တာ ကျွန်တော့်မိတ်ဆွေက အဲဒီညက ဥနှောက်
သွေးကြောပြတ်ပြီး သက်ပြင်းမချနိုင်ဘဲ ဆုံးသွား
ပါတယ် သူ့အလှူ အတွက်စုထားတဲ့ ဆန်အိပ်တွေ
သူ့နာရေးမှာဘဲ သုံးလိုက်ရပါတယ်
အော် လောကဓံ ပညာ တိကျလွန်းပါတယ်

အပိုင်း ၁၅ မျှော်ပါ





No comments:

Post a Comment