Thursday, March 8, 2018

စီးပွားရေးလုပ်ငန်းရှင်များ ဟော်တယ်ပိုင်ရှင်ကြီးများ
အတွက်အထူးစီးပွားရေးယတြာ
့သစ်စိမ့်ပန်းယ သူရဇ္ဇ စိုက်ထ လွန်ချမ်းသာ
အလင်္ကာလေးက ဆိုလိုကောင်းသား ဘယ်နေရာမှာ
သုံးရမှာလည်း ဘယ်လိုသုံးရမလည်းပြောဆိုတော့
အင်း အဲ ပေါ့
ကျွန်တော်တို့လိုက်စားနေတာ ဗေဒင်ပညာ
ဗေဒင်မှာအကြံတဲ့ ကဲကြံစည် လိုက်ရအောင်
တနင်္ဂနွေသားတွေ အတွက်သစ်စိမ့်ပင်စိုက်ခိုင်းတာ
က အခြေခံပါ
တကယ်ဆိုတော့ တနင်္ဂနွေကစရေတွက်ရင် ၅ ခု
မြောက်နဲ့ ၄ ခုမြောက် နေရာကို ၉ နဝင်းပြန်ရိုက်
ထားတာ
ကဲစလိုက်ရအောင် အယူတိမ်းရင်နတ်စိမ်းဖြစ်မှာနော်
သူက စိုက်ခိုင်းတာ ဘုရားလှူ ခိုင်းတာ မဟုတ်ဘူး
အထက်မှာဆောင်ပန်း အောက်မှာနင်းကျမ်းတစ်ခန်း
ယူမှီးကြဆိုတဲ့ အပိုဒ်နဲ့သွားမရောနဲ့
ပညာလိုသူတွေဂရုစိုက်ကြဦး
မည်သူမဆို မိမိလုပ်ငန်းဘုရားစင်အောက်ဒါမှမဟုတ်
ဆိုင်အဝင် ဟော်တယ်အဝင် ကုမဏ္ဍီရုံးခန်းအဝင်
တွေမှာလုပ်ရမှာ
တနင်္ဂနွေသားသမီးများအတွက်
မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်း
မိမိအိမ်တောင်ဘက်မှ မြေ ခွက် ၃၀ ခန့်ကိုယူပါ
ပန်းအိုးတစ်အိုးတွင်းသန့်ပြန့်သောသဲတို့နှင့်ရော၍
သစ်စိမ့်ပင်ကို စိုက်ပျိုးပါ
တနင်္လာသားသမီးများအတွက်
မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီတွင်း မိမိအိမ်တောင်
ဘက်မှ မြေခွက် ၃၀ ခန့်ကိုယူပြီးပန်းအိုးတစ်အိုးတွင်း
သန့်ပြန့်သောသဲတို့နှင့်ရော၍ သပြေပင်ကိုစိုက်ပျိုးပါ
အင်္ဂါသားသမီးများအတွက်
မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်းမိမိအိမ်
တောင်အရပ်မှ မြေ ခွက် ၃၀ ခန့်ကိုယူ၍ပန်းအိုးတစ်အိုး
တွင်းသန့်ပြန့်သောသဲတို့နှင့်ရောစပ်ကာ အိုးထဲတွင်
သီဟို စေ့ ၂၁ စေ့ဖြူးးကာဒါန်းပင်ကိုစိုက်ပျိုးပါ
ဗုဒ္ဓဟူးသားသမီးများအတွက်
မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းမိမိအိမ်
တောင်အရပ်မှ မြေခွက် ၃၀ ခန့် ကိုယူ၍ ပန်းအိုးတစ်အိုး
တွင်းသန့်ပြန့်သော သဲတို့နှင့်ရောစပ်ကာ အုန်းနှဲပင်ကို
စိုက်ပျိုးပါ
ကြာသပတေးသားသမီးများအတွက်
မိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်းမိမိနေအိမ်
၏ တောင်အရပ်မှ မြေခွက် ၃၀ ခန့်ယူ၍ ပန်းအိုးတစ်အိုး
တွင်းသန့်ပြန့်သောသဲတို့နှင့်ရောစပ်ကာ ခအောင်းပင်
ကိုစိုက်ပျိုးးပါ
သောကြာသားသမီးများအတွက်
ိမိမိမွေးနေ့ မနက် ၉ နာရီမှ ၁၀ နာရီခွဲ အတွင်းမိမိနေအိမ်
၏တောင်ဘက်အရပ်မှ မြေခွက်၃၀ ခန့်ယူ၍ ပန်းအိုးတစ်
အိုးတွင်းသန့်ပြန့်သောသဲတို့နှင့်ရောစပ်ကာစက္ကူ ပန်း
ပင်ကိုစိုက်ပျိုးပါ
စနေသားသမီးများအတွက်
မိမိမွေးနေ့ ၉ နာရီမှ ၁၀ နာရီခွဲတွင်း မိမိနေအိမ်တောင်
အရပ်မှ မြေခွက် ၃၀ ခန့်ကိုယူ၍ပန်းအုတစ်အိုးတွင်း
သန့်ပြန့်သောသဲတို့နှင့်ရောစပ်ကာ ဇီးသီး ၈လုံးထည့်
ပြီး ရွက်လှ ၁၇ ညွန့်ကိုစိုက်ပျိုးပါ
ကျွန်တော်က ဒီလိုအဆင်မြင့်တဲ့ ကစားကွက်တွေ
ပို့တင်တော့ ချက်ဘောက်ကနေ ဒီလိုအဆင့်မြင့်အကွက်
တွေမတင်ဘို့တားလာသူတွေရှိပါတယ်
ဒါပေမဲ့ကျွန်တော်ကတော့ ဂရုမစိုက်ဘဲဆက်တင်ခဲ့ပါ
တယ် ဒါကလည်း fb က မိတ်ဆွေတွေ ကိုကျေးဇူး
ဆပ်တာပါ
ကျွန်တော်ကိုချစ်တဲ့ပရိတ်သတ်ကို ကျေးဇူးဆပ်တဲ့
အနေနဲ့ရော ပညာလေ့လာသူတွေ အကျိုးရှိဘို့အတွက်
ပါရည်စူးပြီးတင်ခဲ့တာပါ
အားလုံးသောမိတ်ဆွေတွေ ကိုယ်စိတ်နှစ်ဖြာကျမ်းမာ
ကြပါစေ


No comments:

Post a Comment