Thursday, March 22, 2018

နှလုံးလမ်ကြောင်းမှာကျွှန်းခံခြင်း


နှလုံးလမ်းကြောင်းမှာကျွန်းခံခြင်း

          တနေ့သ၌ ကျွန်ုပ်၏ဟောခန်းရှိရာ ကျိုက္ကဆံဘုရား အနောက်ဖက်မုခ်သို့ အလွန်လှပချောမော၍ ကိုယ်လုံးကိုယ်ပေါက်မှာ မယ်စကြ၀ဠာ အရှုံးပေးရမည်ဟုထင်သော မိန်းခလေးတစ်ဦး ရောက်ရှိလာ ပါသည်။ မိန်းခလေး၏ တစ်ကိုယ်လုံးတွင် ထူးခြားသောဟန်ပင်တစ်ခုမှာ ဆံပင်ရှည်ခြင်းပင်ဖြစ်ပါသည်။ သူ့ဆံပင်မှာ လွန်စွာနက်မှောင်ပြီး တင်ပါးအောက်သို့လွန်ကာ ခြေသလုံးများအထိ ပျော့ပျောင်းနူးညံ့စွာ ကျနေခြင်းပင်ဖြစ်ပါသည်။

                             " ဆရာမြတ်ထွဋ်ခေါင်ဆိုတာ"
                             "ဟုတ်ပါတယ် ကျုပ်ပါဘဲ၊ ဘာကိစ္စရှိလို့ပါလည်း"
                             "ကျွန်မရဲ့ ကံဇာတာလေး နည်းနည်း စစ်ဆေးချင်လို့ပါ"
                             "သြော် အေးအေးရပါတယ်၊ အထဲကိုဝင်ခဲ့ပါ"

          ကျွန်ုပ်က ထိုသို့လောကွတ်ပြုလိုက်သဖြင့် ထိုအမျိုးသမီးသည် သူ၏ရှည်ရှားသောဆံပင်ကို တချက်မျှလှုပ်လိုက်ပြီး ခေါင်းလေးငုံ့ကာ ကျွန်ုပ်၏ ဟောခန်းထဲကို ဖြေးညှင်းစွာ ၀င်ရောက်လာပါသည်။
          သူ့စတိုင်နှင့် ဟန်ပန်ကိုကြည့်ရသည်မှာ လွန်စွာဆွဲဆောင်မှုရှိနေသည်။ သာမန်ယောင်္ကျားလေး တစ်ယောက်မှာသူနှင့်တစ်နာရီလောက် စကားပြောလိုက်လျှင် သူ၏လှုပ်လီလှုပ်လဲ့ စတိုင်ကြောင့် ရင်တွေပန်းတွေတုန်လာပြီး သူ၏အလှတွင် ယစ်မူးသွားနိုင်ပါသည်။

          သူမပြောပြသောခုနှစ်အရ
          ၂၃-၁-၇၄ တနင်္လာသမီး
          ဗေဒင်စစ်ဆေးသည့်နေ့ရက် ၁၀-၂-၂၀၀၉
          ကြာသပတေးနေ့ ၁၂နာရီ ၁၀မိနစ်
          အကျီ်အရောင် (အဖြူရောင်)
          ကိုင်ဆောင်လာသောပစ္စည်း (လက်ကိုင်အိတ်အနက်)

          နေ့အဋ္ဌလဂ်တွင် ဗုဒ္ဓတိုင်သည် သူ၏မူလ ဗုဒ္ဓဟူးဂြိုလ်တွင် မရပ်တည်ဘဲ (လာဘော) အိမ်ရှင် သခင်ဂြိုဟ်တွင် ရပ်တည်နေသောကြောင့် တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့ခြင်း၊ အိမ်ထောင်ဘက် နှင့် စကားများခြင်း၊  အုပ်စုနှင့်မတဲ့ခြင်း၊ တိုက်ခိုက်ခြင်းသဘောကို ဆောင်နေပါသည်။

          နေ့တိုင်တွင် မွေးနံမှာ(န၀င်း)တွင် ရပ်တည်နေပြီး ကိုင်ဆောင်လာသော လက်ကိုင်အိတ် အနက် ရောင်မှာတြိရန်းဌာနတွင်ရပ်တည်နေပါသည်။ အချိန်တိုင်တွင် မွေးနံ (စုတ်)နေရာတွင် ရပ်တည်နေပြီး ၀တ်လာသောအကျီင်္အရောင်မှာ အဖြူဖြစ်သောကြောင့် (စုတ်)နေရာတွင်ဘဲ ထပ်မံ၍ ရပ်တည်နေ သောကြောင့်  အိမ်ထောင်ရေးနှင့်ပတ်သက်နေပြီး ကိုင်ဆောင်လာသော လက်ကိုင်အိတ်အနက်ရောင် ကြောင့်ဂုဏ်သိက္ခာကျဆင်းမည်ဟု ကျွန်ုပ်မှတ်ယူလိုက်ပါသည်။

          မူလဇာတာမှာ (၅)ကြွင်းဖြစ်သောကြောင့် အိမ်ထောင်ရေးပြဿနာများမှာ မွေးဖွားသည့် အချိန်မှ စ၍သေဆုံးသည့်နေ့တိုင် အနှောက်အယှက်ပေးနိုင်ကြောင်း ဇာတာခွင်မှပြနေပါသည်။
          ယခုရောက်ဆဲသက်ရောက်သည် (စနေဂြိုဟ်) နန္ဒာလောကဓံတွင် ကျရောက်နေသောကြောင့် (၅)ကြွင်းဇာတာရှင်များသည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းနိုင်ကြောင်း အကြမ်းမျှ သိထားရပါမည်။

          ကျွန်ုပ်သည် ထိုမိန်းကလေး၏ ဇာတာကိုအသေးစိတ်တွက်ချက်နေစဉ် ကျွန်ုပ်ဗေဒင်ခန်း၏ ဘေးခန်းမှ် သီချင်းသံတစ်ခု ကြားလိုက်သောကြောင့် ရုတ်တရက်တွက်ချက်မှုကို ခေတ္တရပ်၍ သီချင်း သံကိုနားထောင်လိုက်ရာ စိုင်းထီးဆိုင်၏ သီချင်းသံဖြစ်ကြောင်း သိလိုက်ရပါသည်။

          နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်။ မိန်းမနဲပတ်လာရင် အမြဲတမ်း ကံဆိုးနေတယ်။ ကျွန်ုပ်မှာ ထိုသီချင်းအသံကြောင့် တွက်ရိုးကိုအထောက်အပံ့ဖြစ်စေသဖြင့် ဇာတာရှင်မှာ အိမ်ထောင်ရေးတွင် ကံဆိုးမိုးမှောင်ကျခြင်းမှာ အဓိကဖြစ်ကြောင်း သိလိုက်ရ၏။

          ထို့ကြောင့် ကျွန်ုပ်မှ ''ကဲ မိန်းခလေး ကံဇာတာကတော့ အထူးဟောစရာမလိုတော့ပါဘူး အိမ်ထောင်ရေးတစ်ခုပါဘဲ မိန်းခလေးရဲ့ ကံဇာတာမှာ အိမ်ထောင်ရေးညံ့နေတယ်၊ အိမ်ထောင်ကျတုန်း ကလည်းအလိမ်ခံခဲ့ရတယ် အခုလည်း လက်ရှိအိမ်ထောင်က အိမ်ပေါ်ကဆင်းသွားတာမျိုး ကြုံတွေ့ နေရတယ်''

          ''ရှင်''
          ''ဟုတ်တယ်မိန်းခလေး၊ မင်းရဲ့မူလမဟာဘုတ်က (၅)ကြွင်းဆိုတော့ တနင်္ဂနွေဂြိုဟ် မရဏမှာ ရောက်နေတယ်။ ဂြိုဟ်ပရိယာယ်အရ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဘ၀တစ်လျှောက် ကံဆိုးနိုင်တဲ့ ဇာတာဘဲ''
          ကျွန်ုပ်မှထိုသို့ ရှင်းပြလိုက်ရာ မိန်းခလေးမှ '' ဟုတ်ပါတယ် ဆရာ ဆရာပြောသလိုပါဘဲ ကျွန်မရဲ့ အိမ်ထောင်ရေးက တကယ်ကိုမကောင်းပါဘူး။ အိမ်ထောင်ကျတုန်းကလည်း သူနဲ့ကျွန်မချစ်လို့ ကြို့လို့ ယူတာမဟုတ်ပါဘူး သူကကျွန်မကို အတင်းအဓမ္မ - - - ''
          မိန်းခလေးသည် ပြောရင်းပြောရင်း အသံများတိမ်ဝင်သွားကာ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်ပူ များမြစ်နှစ်သွယ်ကဲ့သို့ တလိမ့်လိမ့်ဆင်းလာတာကို တွေ့လိုက်ရပါသည်။
          ကျွန်ုပ်မှ စကားလမ်းကြောင်းလွှဲလိုသဖြင့် ''ကဲပါသမီးရယ် ငိုမနေပါနဲ့တော့'' '' သမီးရဲ့ ဘ၀ ဇာတ်ကြောင်းလေးကို ဆရာကို ထပ်ပြောပြပါဦး'' ဆရာစိတ်ဝင်စားလို့''
          ''ဒီလိုဆရာရေ''
          ''ကျွန်မလည်း တစ်ရှက်ကနှစ်ရှက်မဖြစ်ချင်လို့သာ သူနဲ့ယူလိုက်ရတာ ယူပြီးမှနောက်ပိုင်း သိလိုက်ရတာကလည်း သူ့မှာကျွန်မအရင်မိန်မတစ်ယောက်ရှိတယ်ဆရာ ကျွန်မလည်းဖြစ်ပြီးမှ ဘာမှ မတတ်နိုင်ပါဘူး ဒီလိုဘဲ သည်းခံပြီး ပေါင်းသင်းခဲ့ရတယ် အခုလည်း နောက်ထပ်ဇာတ်လမ်း တစ်ခုပေါ်လာလို့ ကျွန်မကိုယ်တိုင်အိမ်ပေါ်က နှင်ချလိုက်ရတယ် သူအိမ်ရှိလည်း ဘာမှမထူးပါဘူး ဆရာရယ်။ အလုပ်မှမလုပ်တာ ဆရာကိုတစ်ခုမေးရဦးမယ် ကျွန်မရဲ့ကံဇာတာက ဒီအတိုင်းဘဲ တစ်သက် လုံးသွားတော့မှာလား''
          ဒီလိုရှိတယ် သမီးရဲ့ ဇာတာမှာ အိမ်ထောင်ရေးညံ့တယ် ဆိုပေမဲ့ အဲဒါကို ကိုယ်ကပြုပြင်လို့ ရပါတယ်။ ဥပမာ (၅)ကြွင်းဆိုတော့ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စု(မရဏ)ကျတယ်ဆိုပါတော့ ကိုယ့် အိမ်ထောင်ရေးကို ကိုယ်တိုင်မရွေးချယ်ဘဲ မိဘသဘောတူတဲ့ သူနဲ့ယူတာတို့ အိမ်ထောင်ပြုတဲ့ အချိန်ကာလကိုလည်း ကံဇာတာအမြင့်ပိုင်းမှာ ပြုတာတို့ အိမ်ထောင်ဘက်ပေါ်မှာလည်း ကိုယ်ကသည်းခံ မယ် ကိုယ်ကျင့်တရားလည်းရှိမယ် အပျော်အပါးလည်းလျှော့ပြီး မိန်းမကောင်းတစ်ယောက်အဖြစ် ဘ၀မှာ ရပ်တည်လို့ရပါတယ် အိုးအိမ်(မရဏ)နေရာမှာရောက်နေလို့ နေအိမ်မှာစီးပွားရေးလုပ်တာ ရှောင်ရမယ် အုပ်စု(မရဏ)နေရာမှာရောက်နေလို့ ညီအစ်ကိုမောင်နှမတွေအပေါ်လည်း သည်းခံပေါင်းရမယ် အနစ်နာခံမယ် မိဘ ဆရာသမားတွေကို အမြဲစောင့်ရှောက်ရမယ်။ အဲဒါဆို မူလဇာတာ ပြောင်းသွား လိမ့်မယ်။

          ''ဘယ်လိုလည်း သမီးဆရာပြောတာတွေလုပ်နိုင်ရဲ့လား''
          ''ဟုတ်ကဲ့ပါ ဆရာကျွန်မ ကြိုးစားပါ့မယ်''
          ''ကဲ သမီးဆရာလည်း အနားယူတော့မယ်''

          ''ဟုတ်ကဲ့ပါဆရာ၊ သမီးလည်းပြန်လိုက်ပါဦးမယ်၊ ကျေးဇူးလည်းတင်ပါတယ် ဆရာ၊ အခုလို သေးစိတ်ရှင်းပြတာကို''
          ကျွန်ုပ်လည်း နှုတ်ဆက်၍ ထွက်ခွာသွားသော အမျိုးသမီးလေး၏ကျောပြင်ကို ငေးကြည့်ရင်း သြော် နှလုံးလမ်းကြောင်းမှာကျွန်းခံတတ်တယ်တဲ့ (၅)ကြွင်းအုပ်စုဝင် (၇)ရက်သားသမီးများ ထာဝရ အိမ်ထောင်ရေး ကံကောင်းပါစေလို့ ဆုတောင်းရင်း။




No comments:

Post a Comment