Monday, April 2, 2018

၅၀ကျေိာအချစ်

၅၀ ကျော် အချစ်ဇာတ်လမ်း

လေပြေလေညှင်းတို့သည် ကျွန်ုပ်၏ဟောခန်းရှေ့ပြူတင်းပေါက်မှ ညင်သာစွာ ၀င်ရောက်လာကာ ကျွန်ုပ်၏ပါးပြင်သို့ ကလူ၏သို့မြူ၏သို့နှင့် မထိတထိစနောက်ကာသွားကြလေ၏။
ကျွန်ုပ်သည် ရေးလက်စစာမူကို စာကြည့်စားပွဲပေါ်သို့ ခေတ္တမျှချကာ အဝေးဆီသို့ လှမ်းမျှော် ကြည့်လိုက်ပါသည်။
လွန်ခဲ့သော (၁၅)နှစ်ခန့်က အဖြစ်အပျက်တစ်ခု - - -
ဇာတ်လမ်းအစ
တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းရှိရာ ကျိုက္ကဆံဘုရားအနောက်ဖက်မုခ် ဘီလူးညီနောင် ဓါတ်ခန်းအနီးသို့ အသက်၅၀၀န်းကျင်ခန့် အမျိုးသမီးနှစ်ဦး ရောက်ရှိလာပြီး ကျွန်ုပ်အား ဗေဒင်မေးချင် သည်ဟုပြောကာ ကျွန်ုပ်၏ဗေဒင်ဟောသည့် စားပွဲခုံရှေ့တွင်ဝင်ရောက်၍ ထိုင်လိုက်ကြပါသည်။
အမျိုးသမီးတစ်ဦးမှာ လွန်စွာဥပဓိရုပ်ကောင်းပြီး ကျန်တစ်ဦးမှာ သာမန်ရုပ်ရည်တစ်မျိုးပင် ဖြစ်ပါသည်။ ဥပဓိရုပ်ကောင်းသော အမျိုးသမီးမှာဗေဒင်တွက်မည့် အမျိုးသမီးဖြစ်ပြီး ကျန်တစ်ယောက်မှာ ကွမ်းစားချင်သည်ဟုပြောပြီး ကွမ်းယာဝယ်ခိုင်းလိုက်သည်ကို တွေ့လိုက်ရပါသည်။
ကျွန်ုပ်သည် ဗေဒင်တွက်မည့်ကာယကံရှင်အမျိုးသမီး၏ ခုနှစ်သက္ကရာဇ်များကို စာအုပ်တွင်ချရေး နေစဉ် ကွမ်းဝယ်သွားသူအမျိုးသမီးသည် ပြန်ရောက်လာကာ ကျွန်ုပ်ရှေ့ကအမျိုးသမီးအား ကွမ်းတစ်ရာ ကိုလှမ်းပေးလိုက်သည်။ ဗေဒင်တွက်မည့် အမျိုးသမီးသည်ကွမ်းယာကိုလှမ်းယူ၍ ပါးစပ်ထဲသို့ထည့်ကာ အားရပါးရ၀ါးနေသည်ကို တွေ့လိုက်ရပါသည်။ ကျွန်ုပ်သည်သတိနှင့် ဥာဏ်ကိုလက်မလွတ်စေဘဲ လက်မှနာရီကိုကြည့်လိုက်ရာဗုဒ္ဓ အချိန်ဖြစ်ကြောင်းကိုသိလိုက်ရပါသည်။
ကျွန်ုပ်လည်း သူတို့နှစ်ဦးအား တစ်ချက်မျှလှမ်းကြည့်လိုက်ပြီး ကာယကံရှင်၏ဇာတာကို ပြန်၍ကြည့်လိုက်ပါသည်။
အမည် ဒေါ်မိုးမိုးခိုင်
မွေးသက္ကရာဇ် ၃-၉-၁၉၅၉ ကြာသပတေး
ဗေးဒင်စစ်ဆေးချိန် ၂၄-၂-၂၀၀၉ အင်္ဂါနေ့မနက် (၁၁း၃၀)
       -၃- -၄- -၅-
ဗုဒ္ဓတိုင်သည်၏ ပင်ကိုယ်သဘောမှာ တစ်ကိုယ်တော်လူစွမ်းကောင်း ကိုယ်ထင်ရာကိုယ်လုပ်မည့် သဘောဖြစ်ပြီး န၀င်းတွင်ရှိသော တနင်္ဂနွေဂြိုဟ်အရ အိုးအိမ်၊ အိမ်ထောင်၊ အုပ်စုနှင့် ပတ်သက်ပြီး ဆန့်ကျင်မည့်သဘောများ သက်ရောက်နေပါသည်။
၂(စုတ်) ၂(ကွမ်းယာစားခြင်း)
-၄- -၄-
ကျွန်ုပ်သည် ထိုအသက်(၅၀)ခန့် အမျိုးသမီးအား သူပေးသည့် (နိမိတ်)ကွမ်းယာစားနေခြင်း ကြောင့်ဗေဒင်ဥပဒေအရ ဗေဒင်လာရောက်တွက်သောကိစ္စမှာ ငွေကြေးကိစ္စ အချစ်ရေးကိစ္စများ ဖြစ်ကြောင်းသိလိုက်ရပါသည်။
သို့သော်လည်း ငွေကြေးကိစ္စဟောကြားရန်ဝန်မလေသော်လည်း သူ၏အသက်အရွယ်အရ အိမ်ထောင်ရေးရှုပ်ထွေးမှုကို ဟောရန် ၀န်လေးနေပါသည်။
ကျွန်ုပ်မှ
ဒေါ်မိုးမိုးခိုင်မှာ ကိစ္စနှစ်ခုပေါ်ပေါက်နေတယ် တစ်ခုကတော့ ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာပဲ ကိုယ့်ငွေတွေသူမျာကိုပေးထားတာ ပြန်တောင်းရခက်နေတယ်။ အဲဒီငွေတွေပြန်ရမှ ကိုယ်ပေးစရာရှိတဲ့ ငွေတွေပေးနိုင်မယ်။
''ပြန်ရဘို့ရှိလားဆရာ''
ပြန်ရဘို့ရှိပါတယ် ဒါပေမဲ့ တစ်ခါတည်းတော့မရဘူး (၂)ကြိမ် (၃)ကြိမ်လောက်ခွဲရလိမ့်မယ်။
ကျွန်ုပ်မှ ထိုသို့ဟောကြားလိုက်ရာ ဒေါ်မိုးမိုးခိုင်ဆိုသော အမျိုးသမီးသည် သူ့ဘေးမှ ပါလာသော အမျိုးသမီးအား ဘောပင်နှင့်စာရွက်ပေးကာ လိုက်မှတ်ခိုင်းလေသည်။
ထို့နောက်၎င်းမှစ၍
''နောက်တစ်ခုကတောဆရာ''
''နောက်တစ်ခုကနှလုံးသားရေးရာပြဿနာပဲ''
''ဘယ်လိုနှလုံးသားရေးရာပြဿနာလည်းဆရာ''
''ငယ်ချစ်ဦးပေါ့နော်'' ''အသက်ကြီးမှပြန်ဆုံရတာမျိုးပေါ့''
ကျွန်ုပ်မှ ထိုသို့ဟောလိုက်ပြီး ဒေါ်မိုးမိုးခိုင်၏မျက်နှာကို လှမ်းကြည့်လိုက်ရာ သူ့မျက်နှာမှာ အသက်(၅၀)ကျော်လောက် မျက်နှာမျိုးမဟုတ်တော့ဘဲ (၁၆)နှစ်သမီးရည်းစားထားတာ လူမိသွားသည့် မျက်နှာမျိုး ရှက်ပြုံးကလေးနှင့် ပြန်ကြည့်နေပါသည်။
ကျွန်ုပ်မှဆက်၍ ''ဘယ်လိုလည်း ဒေါ်မိုးမိုးခိုင် မဟုတ်လို့လား'' ဟု
မေးလိုက်ရာ ဒေါ်မိုးမိုးခိုင်တစ်ယောက်ရှက်ပြုံးကလေးပြုံးကား ခေါင်းငုံ့သွားပါသည်။
ပြီးတော့မှ ''ဆရာလည်းသိပြီးတော့မှ ရှက်မနေတော့ပါဘူး ဆရာရယ်တဲ့''
ဒေါ်မိုးမိုးခိုင်သည် အသက်(၂၀)အရွယ်တွင် အရူးအမူးချစ်ခဲ့ဖူးသူတစ်ယောက်ရှိခဲ့၏ သို့သော် လည်း ကံကြမ္မာအလှည့်အပြောင်းတစ်ချက်တွင် ၄င်းချစ်ဦးသူနှင့် လွဲခဲ့ပါသည်။
မိဘများသဘောတူသူနှင့် အိမ်ထောင်ကျခဲ့သော်လည်း နှလုံးသားရေးရာမပါသည့် အိမ်ထောင် ရေးသည်သာယာမှုမရှိခဲ့ပါ လက်ရှိအိမ်ထောင်ကျနေသော အမျိုးသားသည်လည်း ငွေကြေးပြည့်စုံသူ ဖြစ်သဖြင့် နောက်အငယ်အနှောင်းများထားကာ သူမအားပြန်မကြည့်ခဲ့ပေ။ မိဘများ၏ဂုဏ်သိက္ခာ ကြောင့် အိမ်ထောင်ဘက်နှင့် ကွဲသည်လည်းမဟုတ် မကွဲသည်လည်းမဟုတ် တစ်အိမ်ထဲအတူနေကာ ဆန့်ကျင်ဘက် ၃နှင့်၎ ဖြစ်ခဲ့ကြ၏။
ယခု အသက်(၅၀)ခန့်တွင် ချစ်ဦးသူနှင့် ပြန်ဆုံခဲ့သည်။ ငယ်ချစ်သည် အိမ်ထောင်မရှိသူ လူလွတ် တစ်ယောက်ဖြစ်နေ၍ ဒေါ်မိုးမိုးခိုင်အား ထားဝရလက်တွဲရန် ကမ်းလှမ်းခဲ့ပါသည်။
ဒေါ်မိုးမိုးခိုင်တစ်ယောက် ဝေခွဲ၍မရသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့၏။
''ဆရာတဲ့ ကျွန်မဘယ်လိုလုပ်ရမှာလည်း'' တဲ့
ကျွန်ုပ်မှ ၄င်းကိစဿည် အကြံဥာဏ်ပေးရန်ခက်ကြောင်း သူ၏ကံဇာတာအရ (ယသောလောကဓံ) သည်ကံအမြင့်ပိုင်းသို့ရောက်ရှိနေ၍ မိမိကြိုက်သလို လုပ်နိုင်ကြောင်း တက်ချင်ရင်လည်း တက်နိုင် ကြောင်းဆုတ်ချင်ရင်လည်း ဆုတ်နိုင်ကြောင်း သို့သော်လည်း ယသောလောကဓံသည် အိမ်ထောင်ရေး နှင့်ပတ်သက်၍ ပြဿနာပေါ်ပေါက်ခဲ့ပါက ဘုမ္မိကြီးနယ်မြေများတွင် ကြီးမားသောဥပါဒ်ကြီးများ ကြုံတွေ့နိုင်ကြောင်း ကံအမြင့်ပိုင်းတွင်လည်းမိမိ၏ ရပိုင်ခွင့်များဆုံးရှုံးနိုင်ကြောင်း ကျွန်ုပ်တို့၏ လောကဓံ ဥပဒေများကိုရှင်းပြခဲ့ပါသည်။
နောက်တစ်ယောက်
သူ့နာမည်က လွင်လွင်ခန့်
အဆင်သင့်တုန်းပြောရဦးမယ် သူက(၃)ကြွင်း တနင်္လာ အသက်က(၅၂)
အမြဲတမ်းပေါက်ပေါက်ဖေါက်တတ်သူ ကိုယ့်ယောင်္ကျားကို ဘယ်မိန်းခလေးမှစေ့စေ့ကြည့်တာ မကြိုက်သူ စကားတစ်ခုကိုရင်ထဲမှာ အကြာကြီးသိမ်းမထားတတ်သူ ဗွင်းဗွင်းသမားနိုင်ငံခြားပြန်ရောက်တာ မကြာသေးဘူတဲ့ ဆရာတဲ့ ဆရာအကြောင်းကို မိတ်ဆွေတစ်ယောက်ဆီက ကြားလာတာတဲ့ ဆရာက အိမ်ထောင်ရေးပြဿနာတွေဖြေရှင်းတဲ့နေရာမှာ အရမ်းတော်တာဘဲတဲ့ အခုရက်ပိုင်းအတွင်း သူ့ ယောင်္ကျားနိုင်ငံခြားကပြန်လာရင် အပြီးတိုင်ကွာရှင်းဘို့လုပ်မှာတဲ့ အဲဒါဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာဆရာနဲ့တိုင်ပင်ချင်လို့ပါတဲ့ - - - -
ကျွန်ုပ်က သူမ၏ကံဇာတာမှာ တနင်္လာသမီး အသက်(၅၂)နှစ်မှာ နိန္နာလောကဓံတွင် ကျရောက်နေကြောင်း ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်မှားနိုင်ကြောင်း အလျှင်စလိုမပြောသင့်ကြောင်း မလုပ်သင့်ကြောင်းပြောပြခဲ့ပါသည်။
သူမ၏ အမျိုးသားမှာ အခြားမိန်းခလေးများနှင့် ရှုပ်နေကြောင်း သူကလည်းသိသိကြီးနှင့် ဆက်ပေါင်းရမှာ မသတီကြောင်း သူ့လိုပဲကိုယ်ကျင့်သိက္ခာထိန်းသိမ်းတဲ့သူမျိုးသာ လိုချင်ကြောင်း ပြန်ပြောခဲ့ပါသည်။ ကျွန်ုပ်မှ အမျိုးသားကိုပဲအပြစ်မတင်သင့်ကြောင်း ကိုယ့်ဘက်ကလည်း (၃)ကြွင်းမရဏဥာဉ်များဖြစ်သည့် စကားပြောဆိုမှုများ အပြစ်ပြောဆိုမှုများ ဆင်ခြင်သင့်ကြောင်း ကိုယ့်ယောင်္ကျားကို မျက်စေ့ ဒေါက် ထောက်ကြည့်ကာ လိုက်မပြောသင့်ကြောင်း ကိုယ့်အကြိုက်သူ့အကြိုက် လိုက်လျှောညီထွေနေသင့် ကြောင်း ယခုသူအပြင်မှာတွဲနေတဲ့ မိန်းကလေးများသည်လည်း အတုများသာဖြစ်ကြောင်း အိမ်တွင်းဇနီး ၏ယုယမှုများကို လိုအပ်နေကြောင်း၊ အိမ်တွင်းမှာယုယမှုမရှိ၍ အပြင်မှားစမ်းတ၀ါးဝါးနှင့် ယုယမှုများ ရှာနေကြောင်းပြောပြလိုက်ရာ ဒေါ်လွင်လွင်ခန့်တစ်ယောက်မှာ တွေဝေသွားပြီျး
ဆရာပြောသလိုဆင်ခြင်လိုက်ရင် ဘာတွေဆက်ဖြစ်နိုင်မလဲဆရာတဲ့
ဘာတွေဆက်ဖြစ်မလည်းဆိုတာ အချိန်ကအဖြေပေးသွားလိမ့်မယ် ဒေါ်လွင်လွင်ခန့် ကိုယ့်ဘက်ကသာ လုပ်စရာရှိတာတွေ ပြည့်ပြည့်စုံစုံလုပ်ပေးပါ နောက်ပြီးရောက်နေတဲ့ သက္ခတ်အရ နာရေးကူညီမှု အသင်းမှာ ငွေလှူရမယ် ကန်တော်ကြီးမှာ ငါးလွှတ်ရမယ် ကိန်းအရဆိုးနေတာရော ကိုယ်ကိုတိုင်ကလည်း ပြုပြင်လိုက်ရင် ဒေါ်လွင်လွင်ခန့်ကိုယ်ရောစိတ်ရော သုခရမှာပါ။
ကျွန်ုပ်စဉ်းစားကြည့်သည် နှလုံးသားရေးရာကိစ္စများသည် ငယ်ရွယ်သူများကြုံတွေ့နေသော ပြဿနာများထက် အသက်(၅၀)ကျော် အချစ်ဇာတ်လမ်းများက ပိုဆိုးနေသည်ကို တွေ့ရှိရပါသည်။
လောကကြီးတွင် အိမ်ထောင်ရှင်များသည် သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းသင့်ကြောင်း သူ့ဘက်ကိုယ့်ဘက်စဉ်းစားသင့်ကြောင်း ကိုယ့်ဘက်မှမိမိ၏ အိမ်ထောင်ဘက်အပေါ် အကောင်းမြင်ဝါဒ နှင့် ကောင်းတာတွေအရင်လုပ်ပေးနိုင်မှသာ သူ့ဘက်မှကောင်းတာတွေ ပြန်လည်ရနိုင်ကြောင်း ကိုယ်ကိုတိုင်အရင်ဆင်ခြင်သင့်ကြောင်း ထိုမှသာအိမ်ထောင်ရှင်များ သာယာချမ်းမြေ့သည့် အိမ်ထောင် တစ်ခုကိုတည်ဆောက်နိုင်ကြောင်း ကျွန်ုပ်၏ဗေဒင်ဆရာဘ၀ အတွေ့အကြုံများအရ စေတနာထား၍ အကြံပေးလိုက်ရပါသည်။


No comments:

Post a Comment