Monday, May 14, 2018

ပဿ နာဒဿ နများ အပိုင်း (၂)

သိထားတာလေးတွေက တကယ့်လက်တွေ့မှာ အံဝင်မဝင်ချိန်ကြည့်ရအောင်
ဗေဒင် မေးရင်မနက်မေးရပါတယ်တဲ့ အပုတ်ချိန်မမေး
ရပါတဲ့ ဒီစကားစုက ဘယ်လက်ထက်လောက်မှာ
စခဲ့တာလည်းတော့ ကျွန်တော်လည်းမသိဘူး အများ
တော့သုံးစွဲနေတာဘဲ
ကျွန်တော်က ဒီလိုဖြေပါတယ် ))))
အရက်က မနက်သောက်လည်း မူးပါတယ်
ညသောက်လည်းမူးပါတယ်
ကံဇာတာ ဆိုတာ မနက်ကြည့်လည်း ဒီတိုင်းဘဲ
ညဘက်ကြည့်လည်းဒီတိုင်းဘဲ ကံနိမ့်နေသူမနက်
အစောကြီးထဗေဒင်တွက်ကြည့်
နိမ့်တာက နိမ့်နေတာဘဲ
တခါက မိတ်ဆွေတဦး နေပူကြီးထဲ ဖိနပ်မပါဘဲ
လျှောက်သွားနေတာ ကျွန်တော်လည်းသိချင်တာနဲ့
ဟေ့လူ ဒီလောက်နေပူတာ ဘာလို့ဖိနပ်မစီးတာ
လည်းဆိုတော့ ဗေဒင်ဆရာ ကိုလူဆိုးက ကံနိမ့်နေ
လို့ဒဏ်ကြေအောင်မစီးခိုင်းတာပါတဲ့
ဟား လခွမ်းထဲမှဘဲ ခင်ဗျား အပူတွေဝင်မှာပေါ့
လို့ပြောတော့ ရပါတယ် ကိုထွဋ်ရယ်တဲ့
သူက ရပါတယ်လို့ပြောပေမဲ့ တကယ်တမ်းမရတာ
ကတော့သူ့ရဲ့ခန္ထာပါဘဲ အပူရှပ်ပြီးဆေးရုံရောက်
သွားတယ်လေ ))))) p
ဒါပေမဲ့ ထူးဆန်းတာက သူကအရင်ဗေဒင်မယုံဘူး
ဗျ ''
နောက်တော့ကံကြမ္မာရဲ့ထိုးစစ်က သူ့အရှိက်ကိုလာ
ထိတယ်ထင်ပါရဲ့ ပေါတောတောလုပ်ကွက်တွေ
လျှောက်လုပ်နေတာ
အက္ခရာ သင်္ချာမှာ အနုပ်ကိုအနုပ်နဲ့ ချေရင်အပေါင်း
ရပါတယ်တဲ့ သူချေတဲ့အနုပ်က သူ့ပြန်နုပ်နေတာ
တခါကလူတစ်ယောက်လည်း ကံနိမ့်လို့ဆိုပြီးအိမ်
အပြင်ထွက်အိပ်နေတာ အအေးပတ်ပြီးဆေးရုံတင်
ရတဲ့အဖြစ် ))))
နည်းပညာက သဘာဝယုတ္တိ ဖြစ်ဘို့လိုတာပေါ့နော်
ဗေဒင်မေးရင် ဆန်ကုန်ပါတယ်တဲ့ ဟိုးတုန်းက
ဆန်တပြည် ငွေတမတ်နဲ့ဗေဒင်ဟောကြတာ
ဗေဒ ဆိုတာ နည်းပညာပါ ကိုးကွယ်ရာမဟုတ်ပါ
ဓါတုဗေဒ ရူပဗေဒ ဘောဂဗေဒ အားလုံးကနည်း
ပညာပါဘဲ ကိုးကွယ်ရာမဟုတ်ဘူး
ဗေဒင်ပညာက လမ်းညွန်သက်သက်ဘဲ ကိုယ်က
သူပေးတဲ့နည်းကို ကိုယ့်အရည်အခြင်းနဲ့ ကိုက်
အောင်ညှိပြီးတိုးတက်အောင်ကိုယ်ဘဲလုပ်ရမှာ
တနေ့မှာမင်းချမ်းသာမယ် ထီပေါက်မယ်
ငွေဝင်မယ် ဝမ်းသာလုံးတွေဆို့ပြီးသေခါနီးမှ
အဲဒီအဟောမှန်တာမျိုး သူများကံကြမ္မာကိုသာ
တွက်ချက်နေတာ ဈေးဦးမပေါက်လို့အော်နေတဲ့
ဗေဒင်ဆရာတွေလိုမျိုး ကိုယ်ဘယ်လောက်အသက်
မှာငွေဝင်မလည်းဆိုတာမသိဘဲ အတင်းတွေလိုက်
လုပ်နေကြတာ
ကိုယ်ဘဝရဲ့ကံကြမ္မာဆိုတဲ့အကြောင်းတရားကို
ဗေဒ ဆိုတဲ့ နည်းစနစ်နဲ့ပေါင်းလိုက်ရင် အကျိုးတရား
တွေရမှာသိရက်သားနဲ့ မာန်တစ်ခုကြောင့်တွေဝေ
ကြောခိုင်းခဲ့တာမျိုး တွေ့ခဲ့ကြုံခဲ့ဘူးပါတယ်
ကံမရှိ ညဏ်ရှိတိုင်းမွဲ ဆိုတဲ့စကားစုမှာ ဘယ်အချိန်
ကံရှိမှာလည်းဆိုတာကိုသာ သိခဲ့ရင် =******


No comments:

Post a Comment