Wednesday, June 20, 2018

လူတော်ဖြစ်ချင်တာလား

မိုးတွေကတော့ရွာနေတယ်
ဘာနဲ့ခံမှာလည်း လက်ခုပ်နဲ့ခံမှာလား ရေဖလားနဲ့လား ရေပုန်းနဲ့လား ဇလားနဲ့ခံမှာလား စည်ပိုင်း
နဲ့လား
xxx xxx xxx xxx xxx xxx xxx
ကိုယ်ခံတဲ့ခွက်ပေါ်မူတည်ပြီး မိုးရေ ရမယ်
ကိုယ်လုပ်တဲ့ အလုပ်ပေါ်မူတည်ပြီးငွေဝင်မယ်
ကိုယ်က ဘာမှမဟုတ်ရင် ဘာမှဖြစ်မလာဘူး
အလုပ်လုပ်မှ ငွေရမှာ ဟုတ်ပြီ
လက်ဖက်ရည်ဆိုင်ဖွင့်တယ် QC လည်းကောင်း
တယ် ဆက်ဆံရေးကောင်းတယ် ငွေနဝင်းလည်း
ဓါတ်ဆင်ထားတယ် ကိုယ်ထင်ထားတာထက်ပို
ရောင်းရတယ် ဒီလိုပြောတယ် ဟုတ်ရဲ့လား
မှန်ရောမှန်ရဲ့လား
မိုးရွာနေတယ် ဘာနဲ့မှမခံဘူး ငုတ်တုတ်ထိုင်နေ
တယ် ငွေမဝင်ဘူးထိုင်အော်နေတယ်
ဘယ်လိုလုပ်ရမလည်း သူ့ဖါသာသူ ငွေကဝင်မလား
ငွေဓါတ်ဆင်ထားတယ် ငုတ်တုတ်ကြီးထိုင်နေတယ်
ဒီမှာ တော့ ငွေဓါတ်ဆင်တယ် အလုပ်လည်းကျိုးစား
လုပ်တယ် သူများတွေ ၈ နာရီလုပ်တယ် ကိုယ်က ၁၂
နာရီလောက်လုပ်တယ် ပိုးစိုးပက်စက် ငွေတွေဝင်နေ
တယ် ဟုတ်ရဲ့လား
ဗေဒင်ပညာ ဆိုတာ အချိန်ကိုအသုံးချတဲ့ပညာ
ဓါတ်ကိုအသုံးချတဲ့ပညာ ကြားဘူးမှာပေါ့ မိုးလွန်
မှထွန်ချဆိုတာ
ကံတွေစွတ်ကောင်းတုန်းကတော့ ပျော်လိုက်ပါးလိုက်
ဆိုလိုက်ကလိုက် ကံညံ့တော့မှ ဟဲ့ဟဲ့ လုပ်ကြပါဦး
ဆိုပြီး ရှိတာတွေပေါင်နှံ လိုက်ချေးငှားပြီး အလုပ်တွေ
နင်းကန်ထလုပ်ကြ အဲဒီမှာ ဂွမ်းကုန်ကြတာ
ဟုတ်ရဲ့လား ထွဋ်ခေါင်တို့ကတော့ ဗေဒင်ခန်းမှာ
အချိန်သိဘို့ မိုးရွာတုန်းရေခံဘို့ဘဲသတိအမြဲပေး
တယ်
စွတ်မလုပ်ကြနဲ့ လာအုန်းမယ်လောဘတွေနဲ့
ဟိုမှာ ရှယ်ယာ ဒီမှာ မဲအရောင်းအဝယ်
ကုန်ဦးမှာ ရှိတာတွေထပ်ရောင်းပေးလိုက်ဦး
ရိုးရိုး ကျင့် မြင့်မြင့်ကြံစမ်းပါ ပုံမှန်လေးလုပ်သွား
ထမင်းမငတ်ဘူး လောဘအရမ်းမကြီးနဲ့ အချိန်တန်
တော့ပန်းတိုင်ရောက်မှာဘဲ အချိန်သိဘို့ဘဲလိုတယ်
သိတဲ့နေ့ကစပြင်လိုက်တာ လူတော်ဘဲ


No comments:

Post a Comment