Friday, July 20, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀ (၈)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၈ )
ဟိုတုန်းကလေ
ကျွန်တော်က ဗေဒင်သင်ချင်တာလက်ထဲမှာလည်းငွေမရှိတော့ ဆရာဆီမှာအကြွေးသင်ခဲ့ရတယ်သင်တန်းကြေးက ၃ သောင်း ၃ နှစ်လောက်ခွဲပေးမှကြေတယ် ဆရာကဘာမှမပြောပါဘူး သင်ပေးရှာပါတယ် ပတ်ဝန်းကျင်မှာတော့ဂုဏ်သိက္ခာကျခဲ့ရတာဒီကောင် ဘာမှမတတ်ဘူး ဗေဒင်တောင်အကြွေးနဲ့သင်တာ ခုတောင်ကြွေးကျန်တွေရှိသေးတယ်မှတ်မိသေးတယ် ကျွန်တော်က ၂၀၀၁ ခုမှာသင်တန်းသေးသေးလေးတစ်ခုဖွင့်ဖြစ်တယ်သင်တန်းသား ၆ ယောက်လာတက်တယ် ပုတ်ခတ်တဲ့လူတွေက တစ်ပုံကြီး ကျွန်တော်က သင်တန်းကာလ ၆ လကိုပြီးအောင်ဖွင့်ဖြစ်သွားတယ်သင်တန်းသားတွေလည်း သင်တန်းလည်းပြီး ဇတ်ခေါင်းလည်းကွဲဘဲ ရီတော့ရီရတယ်အဲဒီတုန်းက လက်တွေ့တွေများတယ် ရွှေပျောက်ဆိုလည်း ချက်ချင်းလက်တွေ့ဖြေရှင်းရတာ ဘော်လုံးပွဲနှလုံးထီ ကျွန်တော်က အဲဒီလိုင်းကစတက်တာလက်တွေ့ဖြေရှင်းပြခဲ့တာ ကွက်တိတွေကြီးဘဲနောက်တော့ ဟောခန်းမှာဗေဒင်တွက်မည့်သူထက်မိုးလင်းရင်လောင်းကစားလုပ်မည့်သူတွေတန်းစီနေတော့ ဆရာကလာတားရတယ် မောင်ထွဋ်ရာဗေဒင်ဆရာဘဲလုပ်ပါလို့ --- --- -အဲဒီကတည်းက လောင်းကစား ကိစ္စရပ်သွားတာယူတော်မင်္ဂလာပညာ အဲဒီမှာတအားကျွမ်းကျင်သွားတာ ခုတော့မလုပ်တော့ပါဘူးတခါတုန်းက ကျွန်တော်လည်းဗေဒင်တတ်ခါစမြောက်ကြွမြောက်ကြွဖြစ်နေတဲ့အချိန် လက်ဖက်ရေဆိုင်မှာလူတစ်ယောက်က လက်ဖြောက်တီးပြီးကျွန်တော်ကိုဗေဒင်လာမေးတာ အချိန်က စနေချိန်ကြီး
၎ လူနဝင်း


ဝ စနေချိန်

၆ လှု ပ်လျှားမှု ခိုက်
သူ့မွေးနေ့ ခုနှစ်လည်းမပြောဘဲ ကျွန်တော်ကိုဗေဒင်လာမေးတာ လက်ဖြောက်တီးပြီးတော့ စီးပွားလုပ်ငန်းအဆင်ပြေနိုင်လားတဲ့ လှု ပ်လျှားမှု ခိုက်နေတဲ့စနေချိန် သူ့လှု ပ်ရှားနေတာ လက်ဖြောက်တီးသံခိုက်နေတာ ကျွန်တော်ဘယ်လိုဖြေမလည်း အကုန်ကုန်မယ်လို့ဟောလိုက်တယ်
ခုဆိုရင်အဲလိုဟောကွက်မျိုးမဟောရဲဘူး အဲဒီတုန်းကတတ်ခါစဆိုတော့ မြောက်ကားကြီးဖြစ်နေတာဒိုင်းကနဲ ဒိုင်းကနဲ ပြန်ဟောနေတာ ရိုက်ပေါက်တွေကြီးဘဲ မှန်လည်းမှန်တယ်လေ ဒီလူအကုန်ကုန်တာဘဲတခါတစ်လေ အင်္ဂဝိဇ္ဇာက တန်ဘိုးရှိတယ်ကျွန်တော့်အိမ်ရှင်မ ဆီးချိုဖြစ်ခါစ အင်္ဂါတိုင်သဘောအမြစ်အညွန့်မတွန့်စေရ ကစားကွက် နဲ့ခရေရွက်ကို၃ ခွက်တစ်ခွက်တင်ပြုတ်သောက်တာ ချက်ခြင်းဆီးချိုကျတယ် ခရေက အခါး အဖန်

၎ ရေ အညွန့်

၃ ဆီးရောဂါ

၂ ခ အမြစ်
ကျွန်တော့်ကတနေ့က တနေ့ကအစားမှာတာနဲ့ဝမ်းပျက်သွားတာ ဆေးခန်းလည်းသွားတာပေါ့အင်္ဂဝိဇ္ဇာနည်း အောင်လံတေဇ သကျမှီအုန်း နည်းနဲ့နှမ်းဆီ ထန်းညက် ထမင်းစားတာချက်ခြင်းသက်သာတယ်



၎ ဝမ်းရောဂါ

ဝ နှမ်းဆီ ထန်းလျှက်

စနေနံ နှစ်ဆင့်နဲ့ဝင်သတ်လိုက်မှ ဝမ်းလည်းငြိမ်သွားတယ် စတုရန်းသတ်ကွက်က ကောင်းတယ် ကွမ်းစားလို့ထုံးပေါက်လည်းဆီသုတ်လိုက်ရင်ချက်ခြင်းသက်သာတယ်



ဝ ထုံးပေါက်
၃ ဆီသုတ်

ဟိုတုန်းကတော့ ဗေဒင်ဟောရတာရှက်သလိုပါဘဲခုတော့လည်း နေသားကျသွားပါပြီ



No comments:

Post a Comment