Friday, July 20, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀(၂၄)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၂၄ )
ဟိုးတုန်းကပေါ့လေ
ကျွန်တော်တပည့်တစ်ယောက်ရှိတယ်ကျွန်တော်နဲ့အသက်တူ အကြွင်းတူ နေ့တူဘဲသူက ကားမောင်းတယ်လေ ကျွန်တော်ဆီလာတွက်
တဲ့အချိန်က တနင်္ဂနွေချိန်ကြီး အဲဒီနေ့က သူ့အမျိုးသမီး စနေသမီးက လာတွက်တာ



၁ သူရဇ္ဇအခါ

ဝ မွေးနံ သူဇနီးမွေးနံ
ကာယကံရှင်မွေးနံခိုက် ကိုယ်စားလှယ်မွေးနံခိုက်နှစ်ဆင့်ကြောင့် အမှု အခင်းဖြစ်နိုင်ပါတယ်ယသောလောကဓံ သက္ခတ်အရ မိန်းခလေးတစ်ဦးနဲ့ပတ်သက်ပါတယ် လို့ပြောလိုက်တော့သူ့အမျိုးသမီးက ဆရာတဲ့ ထောင်တွေဘာတွေကျနိုင်ပါသလားတဲ့ ကျွန်တော်က ခိုက်နှစ်ဆင့်ကြောင့် မလွတ်နိုင်ပါ ဒါပေမဲ့ အတတ်နိုင်ဆုံးကူညီပေးမယ်လို့ပြောလိုက်ပါတယ်
သူ့အဖြစ်က ထူးဆန်းတယ် သူက ကားမောင်းတာဒီအမျိုးသမီးက ငွေတိုးချေးတာ ကားသမားတွေလည်းသူ့ဆီက ငွေလှဲ့တယ်ထင်ပါတယ် တနေ့ဒီအမျိုးသမီးက သူ့ကို အိမ်ထမင်းစားဖိတ်တယ် သူ့ယောင်္ကျားမရှိတဲ့အချိန် ဒီလူက လည်းလိုက်သွားမိတယ် အဲဒီ
အကွက်နဲ့ဘဲ တရားစွဲခဲ့တာ သူကနဂိုရ်ထဲက သက်သေတွေဆင်ထားခဲ့တာ ရန်ညှိုးကတော့ ကျွန်တော်
လည်းသိပ်မသိဘူးကျွန်တော်လည်း ကိုယ့်တပည့်ဘက်ကိုအတတ်နိုင်ဆုံး နဝင်းပညာ နဲ့ ကာ ကု ဖွင့် ကစားပေးလိုက်တယ်
ဒါပေမဲ့သူ ထောင်တနှစ်ကျသွားပါတယ် ထူးဆန်းပါတယ် နဝင်းတန်ခိုးလား သူ့ကံလားတော့မသိဘူး လွတ်ညိမ်းချမ်းသာခွင့်ပေးချိန်နဲ့ကြုံ နေလို့လပိုင်းနဲ့ပြန်လွတ်လာတယ်ပြောချင်တာက ပညာသင်တွေ သတိထား ခိုက် ၂ဆင့်ကိုသွားပြီး အာမခံနဲ့ ကျမှာဘဲ ကိုယ့်ဘက်ကစကား ခံထားကျွန်တော်က အတွေ့အကြုံများနေပြီ တခါတုန်းကခလေးလေးတစ်ယောက် ခွေးကိုက်ခံရတာ ကျွန်တော်ဆီလာအကူအညီတောင်းတယ် ကျွန်တော်လည်း ခိုက်နှစ်ဆင့်ကိုမကြည့်ဘဲ ကူညီလိုက်မိတာနောက်ပိုင်း ခလေးဆုံးသွားတော့ ရပ်ကွက်ထဲ သူက သတင်းလိုက်ဖြန့်တာ ကျွန်တော့်ယတြာကြောင့်ဆိုပြီး ကူညီတာလည်း ကူညီပေါ့ခိုက်ကိုလည်းမမေ့နဲ့
ဟိုးတုန်းကပေါ့လေ
ကျွန်တော့ မိတ်ဆွေတစ်ယောက် ခုလိုတပေါင်းလကြီးဖိနပ်မပါဘဲ ကျွန်တော်ဆီရောက်လာတာ ဟေ့လူဒီလောက်နေပူတာ ခင်ဗျား ဘာလို့ဖိနပ်မစီးတာလည်းလို့မေးတော့ ကျွန်တော် စနေသက်ရောက်ရောက်နေလို့ ဗေဒင်ဆရာက ဖိနပ်မစီးဘဲ မွေးနေ့မှာတရက်လုံး
နေခိုင်းတာ ကျွန်တော်က ခင်ဗျား နွေရာသီမှာဖိနပ်မစီးဘဲ နေပူထဲလျှောက်သွားတာ အန္တရယ်များပါတယ်ကိုယ့်ညဏ်နဲ့စဉ်းစားပါလို့ပြောလိုက်တယ်မကြာပါဘူး တစ်ပတ်ပါဘဲ ဒီလူ ဆေးရုံရောက်သွားတယ်
သဘာဝ တရားရဲ့ လှို့ ဝှက်ချက်ဆိုတာရှိတယ်တခါတုန်းက တပည့်တစ်ယောက် မိတ်ကပ်လက်ဆောင်ရတယ်ဆိုပြီး လိမ်းလိုက်တာ မျက်နှာမှာအဖုအပိန့်တွေထွက်လာလို့ ဆေးခန်းသွားလိုက်ရတာဆိုလိုတာက ကိုယ်က စနေသက်ရောက် ကံနိမ့်နေတာ ပုံမှန်ဘဲသွားပါ မထွင်နဲ့ မကွန့်နဲ့ အေးအေးနေ အက္ခရာသင်္ချာနည်းနဲ့ကြည့် အနုပ်ကို အနုပ်နဲ့ခြေ အပေါင်းကိုအပေါင်းနဲ့ခြေ ရွှေ့လိုက်တာနဲ့အစားခံရမှာဘဲ
အပိုင်း ၂၅ မျှော်ပါ



No comments:

Post a Comment