Sunday, July 29, 2018

ကျွန်တော် ဗေဒင်ဆရာဘဝ ၂၆
ဟိုးတုန်းကပေါ့လေ
ကျွန်တော်က အပတ်စဉ် ၃ သင်တန်း
ကို တောင်ဥက္ကလာပ ၁၀ ရပ်ကွက်ထဲကသူငယ်ချင်းတစ်ယောက်အိမ်မှာဖွင့်ဖြစ်တယ် ညပိုင်းသင်တာ
လူကတော့ ၆ ယောက် လူကြီးပိုင်းတွေဘဲ လူငယ်ဆိုလို့သင်္ဘောသားတစ်ယောက်ဘဲပါတာ အဲဒီမှာ
အတိုက်အခံတွေတအားပေါတာ တခြားဆရာတွေကလည်းသူသိ သူတတ်နဲ့ပညာဝင်ပြကြတာ စိတ်ကုန်
ဘို့ကောင်းတယ် နောက်တော့ဒီတပည့်တွေလည်းဘိုးတော်ယောင် နောက်လိုက်သွားကြတယ်
သူတို့က အင်္ဂဝိဇ္ဇာပညာကို မရှင်းတာ



၆ မူလ
၂ စတု

၁ တြိ
ကျွန်တော်က သောကြာတိုင်မှာတြိစတု ကိုပြတယ်
ဒီတိုင်ရဲ့ မူကိုဘဲကြည့်ရမှာ
၂ ပဉ္စပွတ်


၅ မူလ
၁ စတုရန်း

ကြာသပတေးတိုင်မှာ သာစည်ပင်းယဇောက်ထိုး
ဖြစ်နေတာ ဒါနဲ့သွားချိန်ရင်မှားပြီ
ကြာသပတေး မိတ်က တနင်္ဂနွေ ဓါတ်က တနင်္လာဒီအတွဲလည်းဒီလိုဘဲ မိတ်နဲ့ ဓါတ်ကစားရင်
သာစည်ပင်းယဇောက်ထိုးကို သွားမချိန်နဲ့ တစ်ခုကိုအသုံးပြု ရင်နောက်တစ်ခုနဲ့မချိန်နဲ့ ကျွန်တော်တို့
က ပညာရှင်လိုင်း ပညာရှင်ဖြစ်ဘို့ဂဏန်းတွေစုန်ဆန်သိဘို့လိုတယ်
ဒီလိုနဲ့ တပည့်တွေလည်း ငါးသိုင်းများပြီး ဟင်းဟုန်တဲ့အဖြစ်ကိုရောသွားပါတယ် ONE WAY ဆိုရင်
တော့ထူးချွန်တာပေါ့
အဲဒီ ၁၀ ရပ်ကွက်မှာ ဟောခန်းဖွင့်ဖြစ်တယ် ရီတော့ရီရတယ် ကျွန်တော်ကစားပွဲခုံမရှိလို့ လက်ဖက်ရည်
ဆိုင်က စားပွဲအပုတလုံးကိုအဟောင်းဈေးနဲ့ရှာဝယ်တပည့်တစ်ယောက်က ဈေးထဲက ပိတ်စတကိုက်စဝယ်
ပြီးလာဖုံးပေး ဆိုင်းဘုတ်ကိုဗီနိုင်းဆွဲ အဲလိုနဲ့ဟိုတစဒီတစ နဲ့ဟောခန်းလေးဖြစ်သွားတယ်
စဖွင့်တဲ့အချိန်က မိုးရာသီဆိုတော့ လမ်းကရေတွေကဟောခန်းထဲဝင်လာတော့ ဗေဒင်စားပွဲ အစုတ်ကလေး
ကိုကဗျာ ကရာ ကုတင်ပေါ်တင်စာအုပ်တွေရောဘဲညရောက်တော့ ကုတင်ပေါ် အကုန်တက်နေရတယ်
ဖိနပ်တွေ ရေမျောလို့ လိုက်ဆယ်ရသေးတယ်မနက်ရေကျသွားတော့ ရွံ့နှစ်တွေကျန်ခဲ့တာ ဗေဒင်
ဟောရင် ကုတင်ပေါ်တက်ဟောရတယ် ဟာသတွေဖြစ်လို့
ကျွန်တော်လည်းခြေအေးဝမ်းရောင်ဖြစ်ပြီးဆေးခန်းရောက်သွားတယ် အဲဒီတုန်းက အမျိုးသမီးကလက်
ဖက်ရည်ဆိုင်ဖွင့်တော့ ကျွန်တော်ဟောခန်းလူမရှိရင်သူ့ဆိုင်မှာဝိုင်းကူ ဧည့်သည်လာတော့စက်ဘီး
နဲ့ပြန်ပြေး ဘေးခန်းကလူတွေမှာထားရတယ်စီးပွားလုပ်ငန်းတွေစွန့်ပြီးဗေဒင်လောက အပြီးတိုင်
ဝင်ဘို့ပြောတိုင်း အိမ်ရှင်မနဲ့စကားများရတယ်ရှင့်ဗေဒင်ဟောခ ၆ ပြားတပဲနဲ့ မိသားစုမလောက်င
ဘူး ဆိုတဲ့စကား
ကျွန်တော်က စာရေးတာဝါသနာပါတယ် စာမူခတလကို တပုဒ် ၄၀၀၀ နှစ်ပုဒ်ပါရင် ၈၀၀၀ အိမ်ရှင်
မကရီတယ်
နောက်တော့ ကျွန်တော့ဝါသနာကိုအိမ်ရှင်မပြောမရတော့ မနက်ကို ဟောခန်းဖွင့် ၁၂ နာရီဆိုသိမ်းပြီး
စီးပွားရေးလုပ်
ဟောခန်းငှားတဲ့လခ ပေးချိန်ကျရင် ကျွန်တော့်ခေါင်းမီးတောက်တဲ့အချိန်ဘဲ အိမ်ရှင်မလည်းမပြောရဲ
တပည့်တွေဆီလည်းအောက်ကျမခံချင် ဖြတ်သန်းရတဲ့ဝိဇ္ဇာခရီး ပင်ပန်းလွန်းပါတယ်
ကျွန်တော်က ပညာပါရမီ ရှိတော့ ဆရာကောင်းတွေနဲ့ဘဲတွေ့တာ သူတို့က အားပေးပါတယ်
ဒါပေမဲ့လမ်းကကြမ်းတော့ ခနော်ခနဲ့နဲ့ဘဲဒီလမ်းကိုဆက်လျှောက်ခဲ့ရပါတယ်
ဝိဇ္ဇာလမ်း ဝိဇ္ဇာစခန်းတွေက ဒါးတောင်ကို ကျော်ပြီးမီးပင်လည်ကိုဖြတ်ရတဲ့အတိုင်းပါဘဲ

No comments:

Post a Comment