Monday, July 30, 2018

ကျွန်တော် ဗေဒင်ဆရာဘဝ ( ၇ )
ဟိုးတုန်းကပေါ့လေ ကျွန်တော်ကဗေဒင်ဟောခန်းဖွင့်မယ်ဆိုပြီး အိမ်က ခလေးတွေစာကြည့်စားပွဲကိုထမ်း
ချလာတာ မှတ်မိသေးတယ် ဈေးထဲကသူငယ်ချင်းက
လေ အမြင်မတော်တော့ ကိုထွဋ်ရာ ခင်ဗျားဒုက္ခမသေး
ပါလား ကျွန်တော်အိမ်မှာ ထိုင်ခုံတစ်ခုံရှိတယ်လာယူ
ပါ ကျွန်တော်တို့လည်းမသုံးဘူး ခင်ဗျားထိုင်တဲ့ကော်
ခုံထက်တော့သာတယ်
နောက်နေ့သူ့အိမ်ကိုသွားတော့ သူကအိမ်ထဲကခုံ
တစ်ခုံထုတ်လာတယ် ဘိုးတော်ဘုရားလေးဘက်
ထောက်လောက်ကဖြစ်မယ်ထင်တယ် ဒါကအရေး
မကြီးဘူး ထိုင်ခုံက ဖင်ထိုင်တဲ့နေရာမှာပျဉ်ပြားမရှိ
တာခက်တာ ဒါကအရေးမကြီးပါဘူး ပျဉ်ပြန်ခင်းရ
တာဘဲ ဒီလိုနဲ့အဲဒီခုံကြီးထမ်းလာတာ အိမ်ရောက်
တော့ခုံကိုချ အိမ်ကမသုံးဘဲပြစ်ထားတဲ့သုံးထပ်သား
အဟောင်းကိုလွှနဲ့ဖြတ်ပြန်ခင်း ဆေးမှု တ်
လာပြီ ခုံအသစ်နဲ့ဗေဒင်ဆရာ ဘာပြောဦးမလည်း
ဗေဒင်စာအုပ်တွေကလည်း ဈေးကြီးလိုက်တာလေ
အကုန်ဝယ်မဖတ်နိုင်တော့ တစ်ခန်းကျော်က ဗေဒင်
ဆရာနဲ့ စာအုပ်ခြင်းလဲဖတ်ရတယ်
ကျေးဇူး ရှင်တွေပါ ခုံစုတ်လေးပေးသနားတော်မူ
ခဲ့တဲ့သူငယ်ခြင်း စာအုပ်ခြင်းလဲဖတ်ခွင့်ပေးခဲ့တဲ့
ဗေဒင်ဆရာ
ဒီလိုနဲ့ တစ်ယောက်ကို ၂၀၀ ကျပ်ပေါ့နော် ဗေဒင်
တွက်ခဲ့တာ တချို့  ကလည်း အဆစ်တောင်းတော့
မုန့်ဟင်းခါးရောင်းသလို သူခလေးတွေပါအဆစ်တွက်
ပေးရတယ် အပြင်စီးပွားရေးတစ်ဖက် ဗေဒင်တစ်ဖက်
ပေါ့ အိမ်ရှင်မက နားလည်းပေးရှာပါတယ် သူစုထား
တဲ့ငွေအချို့ ထဲကစာအုပ်တွေဝယ်ဘို့ထုတ်ပေးရှာ
တယ်
စာအုပ်တွေကလည်းဈေးကြီးတော့ နည်းနည်းခြင်းစု
ရပါတယ် နောက်တော့ အခန်းကဈေးတက် အိမ်ငှား
ဘဝနဲ့ဆိုတော့ တောင်ဥက္ကလာ ၁၀ ရပ်ကွက်မှာ
ပြောင်းဟောရတယ် အိမ်ကလည်းနိမ့်တော့မိုးတွင်း
ဆိုရေဝင်တယ် ပတ်ဝန်းကျင်က ကူညီကြပါတယ်
ဒါပေမဲ့ ကံကမပေးချိန်ဘာမှဖြစ်မလာဘူး ပညာနု
တာလည်းပါတာပေါ့
ပညာအတွေ့အကြုံလေးလည်းပြောရဦးမယ်
ကျွန်တော်ဗေဒင်ဆရာပေါက်စဘဝမှာ ကျွန်တော်တို့
နားမှာမုတ်ဆိတ်ရှည် ယောဂီဝတ်ဗေဒင်ဆရာတစ်
ယောက်ရှိတယ် သူကဗေဒင်ကိုဘယ်လိုသင်လာ
လည်းတော့မသိဘူး ကျွန်တော်တို့နဲ့အယူအဆလွဲ
နေတယ် တနေ့ အဲဒီနေ့က ကျွန်တော်ကဈေးက
အပြန်သူက ကျွန်တော့်အဖေဆီရောက်နေတယ်
အဖေက ကျွန်တော်ရောက်ရောက်ခြင်း ဟေ့မောင်
ထွဋ် မင်းဦးလေးက စနေသက်ရောက်ထဲရောက်
နေလို့ဘုန်းကြီးသွားဝတ်မလို့တဲ့ မင်းတို့လှူ ချင်
ရင်လှူ လို့ရတယ်
ကျွန်တော်က စနေသက်ရောက်က အညံ့ထဲမှာအဖေ
ဘာလို့ဘုန်းကြီးဝတ်မှာလည်း
ကျွန်တော်ကထိုသို့ပြောရာ ထိုဗေဒင်ဆရာကြီးမှာ
ဘာမှပြန်မပြောဘဲ ကျွန်တော်ကိုပြုံး၍ကြည့်နေပါသည်
အဲဒီအကြည့်ကိုကျွန်တော်ကောင်းကောင်းသိပါသည်
မင်းငယ်ပါသေးတယ်ကွာ'' ဟူ၍ပြုံးကြည့်ကြည့်ခြင်း
ဖြစ်ပါသည် ကျွန်တော်လည်းဘာမှမပြောတော့ဘဲ
အိမ်ပေါ်တက်လာခဲ့ပါသည်
xxxxx xxxxxx xxxxxx xxxx
အချိန်က တစ်လခွဲလောက်ရှိမယ်ထင်ပါသည် ထိုဗေဒင်
ဆရာကြီးထောင်ကြသွားသည့်သတင်း ----- -----
ကျွန်တော်လည်းထူးခြားသတင်းဖြစ်၍အခြေအနေကို
စုံစမ်းကြည့်လိုက်ရာ ဘုန်းကြီးဝတ်နှင့်အိပ်ယာထဲ
အရက်ပုလင်းတွေ့ခြင်းဖြစ်ပါသည်
သာသနာသန့်ရှင်းနှင့်ကြူံ သွားပါသည် သြော် စနေ
သက်ရောက်မှာ ကံနိမ့်နေတာ လူတကာကန်တော့
တာခံချင်တာကိုး
ဒါကကြားဖြတ်အတွေ့အကြုံလေး သတိရလို့ပြော
တာပါ
ကျွန်တော်ဗေဒင်ဆရာဘဝ ၎
လွယ်အိပ်တလုံးနဲ့ ဟောခန်းကပြန်လာတဲ့ကျွန်တော် အိမ်ထဲကိုဝင်လိုက်တော့ တအိမ်လုံးတိတ်ဆိတ်နေတာ
တွေ့လိုက်ရတယ် နောက်ဖေးဖက်ဝင်လိုက်တော့
ကြက်ဥ ၁၀၀ တန်သေးသေးလေးတစ်လုံးကိုကြော်
နေတဲ့သမီးငယ်ကိုတွေ့လိုက်ရတယ်
ကျွန်တော်လည်းတစ်ချက်မျှ သူ့ကိုငှဲ့ကြည့်ပြီးအိပ်ခန်း
ထဲဝင်လိုက်တော့ စောင်ခြုံပြီးအိပ်နေတဲ့အိမ်ရှင်မကို
တွေ့လိုက်တယ်
``ဟေ့ရှင်မ အစောကြီးအိပ်နေတာလား နေမကောင်း
လို့လား ဟုမေးလိုက်ပါသည်´´
သူမက တစ်ချက်မျှပင် ကျွန်တော်အားလှည့်မကြည့်ပါ
ကျွန်တော်လည်း သူမအိပ်နေတာနေမှာပါဟုစိတ်မှ
တွေးပြီး အသာအယာပြန်ထွက်လာခဲ့ရာ
အင့် အဟင့် ''
ငို သံလိုလိုကြားလိုက်မိသဖြင့် နောက်သို့အသာ
အယာပြန်လှည့်ကာ ဟေ့ ရှင်မ မင်းငိုနေတာလား
ကျွန်တော်ကသူမ၏ ပုခုံးကိုဖြေးဖြေးခြင်းဆွဲလှည့်လိုက်
ရာ သူမမှာ ရုပ်တရက် ရှိုက်ကြီးတငင်နှင့် ကျွန်တော့်
ပုခုံးအားကိုင်၍ငိုပါတော့သည်
အင် ဘာဖြစ်လို့လည်းရှင်မ ရယ် အလန့်တကြားရှိ
လိုက်တာ အကိုတဲ့ ဒီလကုန်ဆိုင်လခပေးရမှာတဲ့
ရှိတဲ့ရွေ တစ်ကျပ်သား ကလည်းပြီးခဲ့တဲ့ဆိုင်လခ
ပေးခါနီးရောင်းလိုက်ရလို့ဒီတခါရောင်းစရာမရှိတော့ပါ
တဲ့ အိမ်မှာလည်း ဆန်ကုန်နေပြန်ပြီတဲ့
``အေးပါကွာရှင်မရယ် အကိုကြံပါဦးမယ်´´
အကိုရယ်တဲ့ အကိုဗေဒင်ဟောခ ခြောက်ပြားတပဲ
အလုပ်ကိုစွန့်လွတ်ပြီး ကားလေးဘာလေးထွက်
မောင်းပါလားတဲ့
`` ဘာ´´
ကျွန်တော်အသံ နည်းနည်းကျယ်သွားလို့ ရှင်မ လန့်
သွားတယ်ထင်တယ် ဇက်ကလေးပုသွားတယ်
သူ့စကားလွန်သွားမှန်းသိလို့ ငိုမဲ့မဲ့မျက်နှာလေးနဲ့
ဟိုလေ အကိုကိုယ် ပုံမှန်ဝင်ငွေလေးရှာဘို့ပြောတာ
ပါ ကျမ ကိုတစ်မျိုးမထင်ပါနဲ့
ကျွန်တော်သည်လည်း အံကိုတင်းတင်းကြိတ်ထားသ
ဖြင့်မေးရိုးကြီးများထောင်ထနေပါတယ်
အတွေးများစွာနဲ့ ငါ ဗေဒင်လောကကိုကြောခိုင်း
ရမှာလား ငါဘာလုပ်ရမလည်း ကားဘဲမောင်းရမှာ
လား မိသားစုအရေး xxx xxx xxx
ပုတီးကို ဆွဲ၍ဘုရားဘက်သို့ခေါင်းငိုက်စိုက်ထွက်
ကာ xxx xxxxx xxxxx
ပိုင်ဆိုင်ထားတဲ့ အနှစ် ၂၀ ပညာ အုပ် ၁၀၀ ကျော်
ကျော် ဗေဒင်ကျမ်းများ ခဲတံတို တစ်ချောင်း အနား
စုပ်နေတဲ့ စာအုပ်
ငါဘာဆက်လုပ်ရမှာလည်း xxxxx xxxxx

မျှေိာပါ




No comments:

Post a Comment