Friday, July 20, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀ (၁၇)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၁၇ )
ဟိုးတုန်းကပေါ့လေ
ကျွန်တော်ကဗေဒင်ဆရာဖြစ်ကာစပေါ့
ကျွန်တော့်ရဲ့ကျောင်းနေဘက်သူငယ်ချင်းမခိုင်ဆို
တာတစ်ယောက်ရှိခဲ့ဘူးတယ် သူကသူငယ်ချင်း
တွေထဲမှာ နဲနဲတော့လန်းတယ်
အရပ်ကနည်းနည်းပုတယ် ဒါပေမဲ့ကြည့်ကောင်းတယ်
ကြည့်ကောင်းမှာပေါ့ ခန္တာကိုယ်ကမိုက်တယ်လေ
စွင့်ကားပြီး ဖွင့်ထွားတော့ ပုရိသတွေကြားရေပန်းစား
ခဲ့တာပေါ့ ကျွန်တော်ကသူ့သူငယ်ချင်းဆိုတော့
မိခိုင်လို့ဘဲခေါ်တာ သူ့အမည်ရင်းကကြည်ဖြူ ခိုင်
တနေ့တော့သူကကျွန်တော့်ဟောခန်းကိုဆိုက်ဆိုက်
မြိုက်မြိုက်ကြီးရောက်လာပြီး ဟဲ့ ထွဋ်ကြီး ငါနင့်ဆီ
လာလည်တာ နင်ကဗေဒင်ဆရာဖြစ်နေပြီဆိုတော့
ငါ့ကိုဗေဒင်တွက်ပေး
အင်း '' မိခိုင်ကတော့ငါ့ကိုလာရစ်နေပြီ
မရစ်ပါဘူးဟာ ငါ အတည်ပြောတာ ငါ့ကိုတွက်ပေး
ပါဟာ မနက်စာငါကြွေးမယ် ''
ဟဲဟဲ မနက်စာနင်ကြွေးမယ်ဆို ငါတွက်ပေးမယ်
ကျွန်တော်ကမိခိုင်ကိုတချက်ဝှေ့ပြီးကြည့်လိုက်တော့
အမယ်'' မိုက်သားဟ ဂျင်းစကပ်ကို တင်းကျပ်နေ
အောင်ဝတ်ထားတာ ခန္တာကိုယ်အလှပေါ်လွင်စေတယ်
ဟဲ့ထွဋ်ကြီး နင်ငါ့ကိုဘာလို့အဲလောက်ကြည့်နေတာ
လည်း ငါမနေတတ်တော့ဘူး ''
အေးငါ့ သူငယ်ချင်းမတွေ့တာ အတော်ကြာပြီ
လှတုန်းဘဲလို့ပြောမလို့ပါဟာ
ကျွန်တော်လည်းရောသောပေါသောနဲ့သူမဝတ်ဆင်လာသောအင်္ကျင်္ီကပန်းရောင် စလင်းဘက်ပန်းရောင်
တို့ကိုအသေအချာမှတ်ထားလိုက်ပါသည်
မွေးသက္ကရဇ်က 23. 1. 1969 ကြာသပတေး
အချိန်က အင်္ဂါချိန်ကြီး 



၃ အင်္ဂါချိန်

၂ အကြွား ခိုက်
၅ ပန်းရောင် မွေးနံ
ဟဲ့မိခိုင် နင့်ယောင်္ကျား အိမ်ပေါ်ကဆင်းသွားတာ
လား ကျွန်တော်က ထိုသို့မေးလိုက်ရာ မိခိုင်က
ပြုံးစိစိနဲ့ ဟဲ့မိခိုင် ငါမေးနေတယ်လေ''
ကျွန်တော်က စိတ်မရှည်ဟန်နဲ့ ခတ်ဆတ်ဆတ်မေး
လိုက်မှ ထွဋ်ကြီးရယ်ဖြေးဖြေးပြောပါဟာ သူဆင်း
တာမဟုတ်ဘူး ငါနှင်ချလိုက်တာ
ဟင်'' ကျွန်တော့်အယူအဆ နဲ့သူဖြစ်နေတာက
တူသလိုနဲ့ မူကွဲနေတယ် တြိရန်းဌာန ကပျက်စီး
ခြင်းထွက်သွားခြင်း သူက နှင်ချလိုက်တာ
သူမအိမ်ထောင်ရေးက ရင်မောစရာ ယောင်္ကျားက
အရက်သမား ခလေးကနှစ်ယောက် ခုတော့
ကွာမယ်ပြဲမယ်ပေါ့
ဒါပေမဲ့ထူးဆန်းတာက သူ့ကိုယ်ကျွန်တော်တွက်တဲ့
အချိန်က ဒုက္ခံလောကဓံ သူက နောက်တစ်ယောက်
နဲ့ထပ်ပြီးအိမ်ထောင်ပြု မှာတဲ့
ဟဲ့မိခိုင် နင်ယောင်္ကျားနဲ့ကွဲတာကွာတာက ဒီသက်
ရောက်မှာဖြစ်တတ်တဲ့သဘာဝဘဲ ဒါပေမဲ့ဒီကိန်း
မှာနောက်အိမ်ထောင်ပြုရင်တော့ ထပ်ကွဲမှာဘဲ
xxxx xxxx xxxx xxxx
မိခိုင်နဲ့ မတွေ့တာ ကြာပြီပေါ့ သူ့ကိုတွက်ခဲ့တုန်း
က 16. 8 .2007 ခုဆိုရင် သူမ ဘာတွေဖြစ်နေမှာ
လည်း
ရင်သို့တိုးဝှေ့ဆဲပါခိုင် ''
အဲလိုဘဲဗျ ရှေးဟောင်းနှောင်းဖြစ်တွေပြန်တွေးရင်
ဖီလင်တစ်မျိုးရတယ်
တစ်ခါတုန်းကလည်းရီရတာပြောပြရဦးမယ်
အိမ်ရှင်မနဲ့ နှစ်ယောက်လေ တနင်္ဂနွေနေ့ညနေ
ဘက်ကြီး ကုလားမင်္ဂလာဆောင်မှာ ဒန်ပေါက်
သွားစားကြတာ ကျွန်တော်က ဟေ့ရှင်မ ငါကစနေ
ဒန်ပေါက်ကစနေ ကုလားဆိုတာစနေ ၃ ဆင့်ကြီး
ငါမသွားချင်ဘူး အဲလိုပြောတော့
အိမ်ရှင်မက ရှင်ကလည်းလေ အလကားနေရင်
ဒီ တိုင်တွေတန်းတွေကြီးဘဲ လိုက်ချိန်နေတာ
ဒီလောက်လူတွေတပုံကြီးလာနေတာ ရှင့်ကြမှဘဲ
ခိုက် ၃ ဆင့်မိတာတို့ဘာတို့ရှုပ်နေတာဘဲ



၁ တနင်္ဂနွေနေ့ညနေ ၅ နာရီ

ဝ မွေးနံ ဒန်ပေါက် ကုလားအိမ်
ကျွန်တော်လည်း ပါချုပ် ဒါချုပ် ခေတ်စားနေချိန်
ဓါတ်ချုပ်ကြီးဘွဲ့ခံယူထားပေမဲ့ ရာထူးကြီးရင်မယား
စကားနားထောင်တာကောင်းတယ် ဆိုပြီး
ဒန်ပေါက်သွားစားလိုက်တာ ဝမ်းတော်လားပြီး
ဆေးခန်းရောက်သွားတော့တာဘဲ ၂ ရက် ၃ရက်
ဆေးခန်းပြလိုက်မှသက်သာသွားတယ်
ဓါတ်ချုပ်ကြီးကနေ ဓါတ်ပြော့ကြီ့းဖြစ်သွားတာ
သတိထားဘို့ပြောတာနော် ဓါတ်ခိုက်ရင်နတ်တိုက်
တာထက်ဆိုးတယ်
အပိုင်း ၁၈ မျှော်ပါ

No comments:

Post a Comment