Friday, July 20, 2018

ကျွန်တော်ဗေဒင်ဆရာဘ၀(၁၅)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၁၅ )
ဟိုးတုန်းကပေါ့လေ
ကျွန်တော်တို့ရပ်ကွက်ထဲအင်မတန်လက်ပေါက်ကပ်တဲ့ ငနဲကြီးတစ်ဦးရှိတယ် ကောက်ညင်းပေါင်းစားပြီး
ပလွှေ မုတ်ရင်တောင် အဲဒီလောက်လက်ပေါက်မကပ်
ဘူး သူက အရင်ကစက်ချု ပ်တာ ခုတော့ပန်းထိမ်လုပ်
တယ် တနေ့တော့သူက ကျွန်တော်ကိုဇာတာစစ်ခိုင်း
တယ် သူက ၄ ကြွင်းသောကြာ စနေသက်ရောက်မှာ
အပြင်ရန် ကျွန်တော်က ခရီးဝေးမသွားဘို့တားလိုက်
တယ် သူက စပ်ဖြဲဖြဲနဲ့ သူဆင်ချင်ပါ့မယ်ပေါ့
ဒီလူကြီးကျွန်တော်ပြောတာကိုယုံသလိုမယုံသလိုနဲ့
အဲဒီနောက်တလလောက်ကြာတော့သူပြန်ရောက်
လာတယ် ကျွန်တော်ကိုဘာပြောတယ်မှတ်လည်း
သူကျိုက်ထီးရိုး သွားဘို့မဲပေါက်ပါတယ်တဲ့ကိုထွဋ်
ပညာနဲ့ ဘယ်လိုချိန်ဆမှာလည်းတဲ့
ကျွန်တော်လည်း ဓမ္မ နဲ့ပတ်သက်လို့မတားလိုပါ
သွားပါ ကောင်းပါတယ်ပေါ့ ဒါပေမဲ့သိချင်တာတစ်
ခုက မာရဏ ရန်ခတ်နေတဲ့ ၄ ကြွင်းသောကြာ ဒီခရီး
မှာဘာဖြစ်တတ်လည်း အရမ်းကိုသိချင်နေတာ
သူသတင်းကိုလည်း အချိန်နဲ့အမျှ စောင့်ကြည့်နား
ထောင်နေခဲ့ပါတယ်
နှစ်ရက်လောက်အကြာ ဖုန်းတစ်ခုဝင်လာပါတယ်
ကျို က်ထီးရိုးကတဲ့ ကျွန်တော်လည်း သူ့ဇနီးဆီမြန်
မြန်သွားလိုက်ပါတယ် သိချင်နေတာ ဒီသက္ခတ်ရဲ့
အဖြေကို
သူ့မိန်းမက အိမ်ထဲတောင်မဝင်ရသေးဘူး ကိုထွဋ်
ရေ ပြဿ နာတော့ပေါ်ပြီ ဟင် '' ဘယ်လိုဖြစ်တာ
လည်းအမကြီး ဟိုကိုယ်တော်လေ ကျို က်ထီးရိုး
တောင်ခြေ ကင်ပွန်းစခန်းမှာ မုန့်ဟင်းခါးစာပြီး
ပါဝါ အအေးသောက်လိုက်တာ အစာအဆိပ်သင့်
သွားတယ် ဝမ်းတွေရှောပြီးကျိုက်ထို ဆေးရုံရောက်
နေတယ်
အင်း အပြင်ရန်မာရဏက ဇာတိပြပြီ အဖြေထွက်
တာက ကျိုက်ထီးရိုးမရောက်ဆေးရုံရောက်သည်
ပေါ့
နောက်နှစ်ရက်လောက်ကြာတော့ဒီလူကြီးဆေးရုံက
ဆင်းလာပြီးကျွန်တော့ကိုလာတွေ့တယ်
ကိုထွဋ်ပြောတာမှန်တယ်တဲ့ ကျွန်တော်ကံနိမ့်နေတာ
အခုအဓိဌန်သွားဝင်မှာတဲ့ ဘယ်မှာလည်းလို့မေး
တော့ ရှင်ဥပ္ပဂုတ္တ ကန်ဘောင်မှာတဲ့
ကျွန်တော်က အခုရောက်နေတဲ့သက်ရောက်စနေ
မှာ ဘာသာရေးလုပ်ချင်ရင် အိမ်မှာလုပ်ပါ လူသူကင်း
တဲ့နေရာမှာ မလုပ်ပါနဲ့လို့ပြောတော့ သူကစပ်ဖြဲဖြဲ
နဲ့ရပါတယ် ကိုယ်ထွဋ်ရယ် ကျွန်တော်က ဘာသာရေး
လုပ်တာဘဲတဲ့ ကျွန်တော်မှာ ဘာသာရေးကိစ္စကို
တားခွင့်မရှိ၍ သွားပါပေါ့
ဒီလိုနဲ့ တလလောက်အကြာ သူ့အိမ်ကိုကျွန်တော်
သွားလည်တော့ ကိုယ်ထွဋ်ရေရှင့်သူငယ်ချင်းအိမ်မှာ
မရှိဘူး အင်'' ဘယ်သွားလည်းအမကြီး ဘယ်မှမသွားဘူး ရွာသာကြီးစိတ္တဇ ဆေးရုံကိုပို့လိုက်ရတာ
တရားသွားကျင့်တာလေ ညဘက်ကြီးဘာမြင်လာ
လည်းမသိပါဘူး ကြောင်တောင်တောင်နဲ့ ဖြစ်နေ
လို့ ဆေးရုံပို့လိုက်ရတယ်
အင်း -- -- - - - ဖြစ်ရလေ ကိုအဝှာရယ်
ဟိုးတုန်းကပေါ့လေ
ရပ်ကွက်ထဲကျွန်တော်နဲ့ခင်တဲ့ ၂ ကြွင်းကောင်မလေး
တစ်ယောက် ရှိတယ် တယူသန်တဇွတ်ထိုးလေးပေါ့
တနေ့တော့သူက ကျွန်တော့်ရုံးခန်းရောက်လာခဲ့ပြီး
ကိုကိုဆရာရေ ကျွန်မတော့အိမ်ထောင်ပြုတော့
မယ် ဟေ '' ကောင်းသားဟ မျက်စိနောက်သက်
သာတာပေါ့ အင်- - - -မဟုတ်ဘူးလေ ကိုကိုဆရာ
ကဗေဒင်ဆရာမဟုတ်လား မီးကိုဗေဒင်တွက်ပေးဦး


ဝ မွေးနံ
၂ စနြေ္ဒာအခါ

၁ အနီရောင်
စနြေ္ဒာချိန်ကြီး သူ့မွေးနံ စနေ ဝတ်လာတာအနီ
ရောင်
ညီး ကိုငါဗေဒင်မဟောချင်ဘူး''
ဟင့်အင်း ဟင့်အင်း မရဘူး ကိုကိုဆရာ ခုတွက်
ပေးရမယ်
ရော'' ခက်ပါပြီ မိန်းခလေးရယ် ကဲကဲ ညီးကိုဟော
ပေးမယ် ဒီနှစ်ထဲ အိမ်ထောင်ပြုမရဘူး ကွဲကိန်းရှိတယ်
အင် '' ကိုကိုဆရာကလည်း မိဘခြင်းတောင်ပြောပြီး
ပြီ အေးလေ ညီးက ဟောဆိုတော့ ငါလည်းဟော
တာပေါ့
×××× ×××× ×××× ×××××××××× ×××>
ဒီလိုနဲ့ ၃ လလောက်ရှိတော့ ဟောခန်းထဲအမျိုးသမီး
ငယ်တစ်ဦးကို အမျိုးသမီးကြီးတစ်ဦးတွဲဝင်လာတာ
တွေ့လိုက်ရတယ် ကောင်မလေးကြည့်ရတာခြေ
ထောက်မသန်တဲ့ပုံဘဲ
ဟင် '' မင်း ! မင်း ! ဟိုတစ်ယောက်''
ဟုတ်ပါတယ် ကိုကိုဆရာ ကိုကိုဆရာစကားနား
မထောင်ခဲ့လို့လေ
မင်္ဂလာဆောင်ပြီးဆွေပြမျိုးပြ သူ့အမျိုးတွေရှိတဲ့ရွာ
သွားတာ လမ်းမှာ ကားမှောက်တာ အမျိုးသားက
ပွဲခြင်းပြီးဆုံးတာ ကျွန်မကတော့ ပေါင်မှာစတီးရိုး
ထဲ့ထားရတယ်
အပိုင်း ၁၆ မျှော်ပါ

No comments:

Post a Comment