Friday, August 31, 2018

ငွေန၀င်း (၂)

အောင်သိဒ္ဓိငွေအဝင်ကြမ်းယတြာ
ငွေန၀င်းပွဲ အမှတ် (၂)

ပြုလုပ်ရန်အချိန် တနင်္လာနေ့မနက်( ၉နာရီမှ၁၀နာရီ) ခွဲပြုလုပ်နိုင်ပါသည်
တပတ်တိတိထားပြီးနောက်တပတ်တနင်္လာနေ့တွင်ပြန်လည်ပြုလုပ်ရမည်ဖြစ်ပါသည်
ပွဲဟောင်းကိုမိမိအဆင်ပြေရာတွင်စွန့်ပြီးပွဲသစ်တင်နိင်ပါသည်( ပွဲတင်ပြီး မကိုင်ရ မထိရ )

လိုအပ်သောပစ္စည်းများ

အုန်း  ၆ ညွန့်
ခရေ  ၆ ရွက်
မန်းကျည်း ၇ ညွန့်
သရက် ၁၀ ရွက်


ပြုလုပ်ပုံအဆင့်ဆင့်

ရှေးဦးစွာ ကလပ်တစ်ခုကိုယူပါ ပြီးလျှင်ကလပ်ပေါ်ကိုပန်းကန်တစ်ချပ်တင်လိုက်ပါ
ထိုပန်းကန်ပေါ်သို့အုန်း  (၆)ညွန့်ကိုကြယ်ပုံသဏ္ဍန်တင်လိုက်ပါပြီးလျှင်ထိုအုန်းညွန့်ပေါ်
သို့ ဖလားတစ်လုံးတင်လိုက်ပါ ထိုဖလားထဲရေထည့်ပါ ပြီးရင်ဖန်ခွက်တစ်လုံးထည့်ပါ
ထိုဖန်ခွက်ထဲတွင်မန်ကျည်း (၇)ညွန့်ထည့်ပါ ခရေ (၆)ညွန့်ထည့်ပါ ဖန်ခွက်နှင့်ဖလား
ကြားထဲသို့ သရက် (၁၀)ရွက်ထည့်လိုက်ပါ ပြီးရင်ဘုရားစင်မှာဘဲလှူဒါန်းပါ

မည်သည့်လုပ်ငန်းမျိုးတွင်မဆိုအသုံးပြုနိုင်ပါသည် ငွေဝင်စေရန်နှင့်ဝင်ငွေတိုးရန်ဖြစ်ပါသည်

ဤယတြာအား မိမိ၏ကိုယ်ပိုင်တီထွင်ဟန်ဖြင့်အခြားသူတစ်ဦးတစ်ယောက်ကိုပေးပါက
အောင်မြင်မည်မဟုတ်ဘဲ ကြီးမားသောအကုသိုလ်ဘေးဆိုးကြီးများကြုံတွေရမည်ဟုလည်းအသိပေး
ကြေညာအပ်ပါသည်  တုပ၍နာမည်မကြီးဘဲ အန္တရယ်ဘေးဆိုးကြီးများ တုပသောဆရာ၏မိသားစုဝင်
များကြရောက်မည်ဖြစ်ကြောင်းလည်းသတိပေးအပ်ပါသည်

ဤယတြာကို ၇ ရက်သားသမီးများကောင်းစားရေးအတွက်သစ္စာပြု ပြီးတီထွင်ခဲ့ပါသောကြောင့်
မည်သည့်နေ့သားမဆို ပြုလုပ်နိုင်ပါကြောင်းအောင်မြင်နိုင်ကြောင်း အသိ ပေးအပ်ပါသည်




Thursday, August 30, 2018

ဗေဒင်ဆရာဘ၀ (၂၂)

ကျွန်တော်ဗေဒင်ဆရာဘဝ ( ၂၂ )
ဟိုးတုန်းကပေါ့လေ
၂၀၀၂ လောက်ကဖြစ်မယ်ထင်တယ်
ကျွန်တော်က တောင်ဥက္ကလာ ၁၀ ရပ်ကွက်ဈေးထဲ
မှာဟောခန်းဖွင့်ခဲ့တာ အမျိုးသမီးတစ်ယောက်ဗေဒင်
လာတွက်တယ် သူ့သားအတွက်
ဆရာတဲ့ကျွန်မသားလေးဆေးရုံမှာသတိမေ့နေပါ
တယ်တဲ့အဲဒါ ဆရာနဝင်းပညာနဲ့ ကူညီလို့ရရင်ကူ
ညီပါတဲ့ ကျွန်တော်က အချိန်တိုင်ကိုကြည့်လိုက်တော့
ဗုဒ္ဓအချိန်
၁ လူမမာနေ့သား

၂ လာတွက်သူအမေ
၎ ဗုဒ္ဓအခါ


ဆေးရုံမှာမေ့နေတဲ့ခလေး က ၂၄ ရက်တိတိ
ဆုံးဖြတ်ရခက်သွားပါတယ် အချိန်တိုင်မှာဒီခလေး
အသက်ရှင်မယ် လို့အဖြေထွက်တယ်
လောလောဆယ်မေ့မြောနေချိန် ၂၄ ရက်
ပညာကို တည့်တည့်ကြည့်ရမှာလား အခြေအနေက
တော်တော်ဆိုးနေတာ ဒါပေမဲ့မျက်စိစုံမှတ်ပြီးပညာ
ကိုဘဲကြည့်ဖြစ်လိုက်ပါတယ်
ဒီမယ်ညီမ ညီမခလေး တပတ်အတွင်းအသက်ပြန်ရှင်
မယ် သတိပြန်ရမယ်
ရှင်'' ထိုမိန်းခလေး၏ မျက်ဝန်းအစုံမှ မျက်ရည်တို့
သည် တလိမ့်လိမ့်ဆင်းလာတာတွေ့လိုက်ရပါသည်
လက်ထဲတွင်ကိုင်ထားသော တစ်ထောင်တန်တစ်ရွက်
သည်လည်း တုံရီနေတာတွေ့လိုက်ရပါသည်
ဝမ်းသာလွန်း၍ ထိုမိန်းခလေးအသံမထွက်နိုင်တော့ပါ
ဆ ဆရာ ညဏ် ညဏ် တုံတုံရီရီထိုးပေးလာသော
ငွေတစ်ထောင်ကိုသူဘက်သို့ပြန်တွန်းလိုက်ပါသည်
ငွေမလိုပါဘူး ညီမလေးရယ် လူ့အသက်ဆိုတာ
တန်ဘိုးမှဖြတ်လို့မရတာ
ကျွန်တော်လည်း ထိုခလေး၏ ဆံပင် ခြေသဲ လက်သဲ
တို့ဖြင့် နဝင်းအဆင်မြင့်ယတြာ ကိုယ်ပွားခြေလိုက်
ရာ ထိုခလေးမှာ နောက်နေ့မနက်တွင်သတိပြန်ရ
လာပါသည်
ယခုထိုခလေးလေးမှာအရွယ်တောင်အတော်ကြီး
နေပါပြီ ဒါပေမဲ့ ၂၄ ရက်မေ့မြောသောအချိန်ကြောင့်
ကျောင်းထားလို့တော့မရပါ ကျန်သောကျမ်းမာရေး
ကိစ္စအဝဝ မှာသာမန်လူတစ်ယောက်အတိုင်းပြန်
ကောင်းပါသည်
သူတို့မိသားစုသည်ယခုတောင်ဥက္ကလာပ ၅ရပ်ကွက်
မှာအေးချမ်းစွာရှိပါသည်
တခါတုန်းကလည်း အမျိုးသမီးတစ်ယောက် သူ့ယော
င်္ကျား သေမလား ရှင်မလား လာမေးခဲ့တာသတိ
ရတုန်းပြောပြလိုက်ဦးမယ်
အဲဒီနေ့က သူမက သူ့ယောင်္ကျားကျမ်းမာရေးကို
နဝင်းလာလုပ်တာ သူ့ယောင်္ကျားလည်းနဝင်းလုပ်
ပြီးအပြင်ထွက်အသွား ဆရာတဲ့ပွင့်ပွင့်လင်းလင်း
ဟောပေးပါတဲ့ သူ့ယောကျာင်္း ဒီတောင်ကိုကျော်
နိုင်ပါ့လားတဲ့ အချိန်က သောကြာချိန်ကြီး
၃ လူမမာမွေးနံ


၆ သောကြာအခါ
၂ ကိုယ်စား မိန်းမ

ညီမ ရယ် ညီးယောင်္ကျား ရိုက်သတ်လို့တောင်မသေ
ပါဘူး ဘယ်လိုဖြစ်နေတာလည်း ကျွန်တော်ကထိုသို့
ပြောရာ သူမက ရှုးတိုးတိုး ဆရာတဲ့ ဆရာဝန်က
၂၀ ရာခိုင်နှုးံဘဲ တာဝန်ယူတော့တာ အခြေအနေမ
ဟန်ဘူး
အေးပါ ဆရာကျိုးစားကြည့်ပါ့မယ် ကျွန်တော်လည်း
နဝင်းပညာ၏ အမြင့်ဆုံး တိုက်ကွက်များ ဖြင့်ကာကွယ်
ပေးလိုက်ရာ ပဲခူး မှတိုင်းရင်းဆေးဆရာတစ်ယောက်
နှင့်တွေ့ပြီး ရေခဲမုန့်စားခြင်း မုန့်တီကြွေးခြင်း
မုန့်ဟင်းခါး ဒံပေါက် အစရှိသော ဓါတ်စာကုသမှု
ဖြင့် ပြန်လည်ကောင်းမွန်ခဲ့ပါသည်
ထိုသူသည် ယခုအခါ ကျွန်တော့ဟောခန်းတွင် လစဉ်
နဝင်းလာရောက်ပြုလုပ်လျှက်ရှိရာ အချိန်ကာလ ၅
နှစ်ခန့်ရှိပါပြီ
ကျွန်တော့၏ဆရာသခင်ဖြစ်သော ဆရာကြီးဦးကြာမြင့်
သည် ဆရာကန်တော့ပွဲတစ်ခုတွင်ပြောကြားခဲ့သည်
မှာ မင်းတို့မေးမေးနေတဲ့ နဝင်း ပညာတကယ်စွမ်း
လားဆိုတဲ့စကားကို ငါက တဲ့တဲ့ပြန်ဖြေပြမယ်
စွမ်းတယ်ကွ သစ္စာ အရေးကြီးတယ် ဆရာအပေါ်
တာ သစ္စာရှိပါ မင်းတို့လုပ်တဲ့နဝင်းစွမ်းကိုစွမ်းရ
မယ် ခုတော့ကွာ မင်းတို့ဟာက သင်တော့နဝင်း
တပ်ထားတဲ့ဆိုင်းဘုတ်ကနဝင်း လုပ်တော့တခြား
အဲဒီမှာတင်ရှုပ်ကုန်တာ
ဒါက ဆရာကြီးရဲ့ဆုံးမစကားပါ

ဟိုးတုန်းကပေါ့လေ
ဗေဒင်တခါတွက် ၂၀၀ ကျပ်နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုဟောခဲ့တာပေါ့
လွန်ခဲ့သောအနှစ် ၃၀ ဆိုတာ တချို့ အာကျယ်နေတဲ့
ဆရာ့ဆရာ့ကြီးတွေ သူသိသူတတ် သူနတ် ဓါတ်ပုံ
ဆရာကြီးတွေအဲဒီအချိန် နို့ဗူးစို့တုန်း ကျွန်တော်တို့
သိုင်းလောကမှာ ကျားကျား နဲ့ကန်ကျောက်နေချိန်
သူတို့တွေက ဝါးဝါးနဲ့ ပုခက်ထဲမှာရှိနေတုန်း
အင်္ဂဝိဇ္ဇာ ဆေးပညာ
ကျွန်တော်ကိုတိုင် သုသေသနလုပ်ခဲ့တဲ့ တိုင်ပညာ
ခန်း တစ်ခုပြောပြရဦးမယ် အဲဒီတုန်းက အမျိုးသမီး
တစ်ယောက်က ညဏ်ပူဇော်ခ ၂၀၀ နဲ့ဗေဒင်လာ
တွက်တယ် သူခလေးရနိုင်မရနိုင်
ခလေးတစ်ယောက်ရမရ ကိုအင်္ဂဝိဇ္ဇာပညာနဲ့စစ်
တော့မယ်ဆို ကျွန်တော်တို့ကသားအိမ်ပိုင်းမှာရှိ
တဲ့ ပထဝီ တေဇော အာပေါ ဝါယော ဓါတ်တွေကို
အရင်စစ်ရတယ် ပြီးမှ နှလုံးပိုင်းကိုပြန်စစ်ရတယ်
စပန်းလို့ခေါ်တဲ့ သားဥပိုင်းတွေကိုစစ်ရတယ်
မျိုးဥ ကောင်းတယ် သားအိမ်မကောင်းရင်လည်း
ခလေးမရနိုင်ဘူး
ဆေးကုတဲ့အပိုင်းက ကျွန်တော်တို့အလုပ်မဟုတ်
ဘူး ကျွန်တော်ကပြောတယ် သားအိမ်အားနည်းတယ်
ခလေးမရနိုင်ပါလို့ သူကပြောတယ် အခုသူ့မှာကိုယ်
ဝန် ၃ လ ရှိနေပါတယ်တဲ့ ဆရာ့ဗေဒင်မှားပါတယ်
လို့ပြောပြီး ၂၀၀ တန်တစ်ရွက်ထုတ်ကာ မျက်နှာ
ကြောတင်းတင်းပြန်ထွက်သွားပါတယ် နောက် ၎
လလောက်အကြာမှာ သူ့မိတ်ဆွေကလာပြောပါ
တယ် ဆရာတဲ့ သူ့သူငယ်ချင်းခလေးအဖတ်မတင်ပါတဲ့ ကိုယ်ဝန်ပျက်သွားပါတယ်တဲ့ သားတစ်ဖြစ်ပြီး
မှပျက်တယ်ဆိုတော့ သူလည်းအတော်ခံစားလိုက်ရပါတယ် သင်တန်းမှာတော့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့
နဝင်းပညာတွေလည်း သင်ခဲ့ဘူးပါတယ်
ဆိုလိုတာက ပညာရပ်တစ်ခုဟာဘယ်တော့မှမပြီး
ဆုံးပါဆရာဆိုတာ ပညာအားလုံးကိုသိပြီးတတ်ပြီး
သားဖြစ်နေရင်တော့တစ်နေရာမှာအသုံးဝင်မှာပါဘဲ
တခါတုန်းကလည်းအမျိုးသမီးတစ်ယောက်ရင်သား
ကင်ဆာပါဆိုပြီးနဝင်းလာလုပ်တယ် ကျွန်တော်က
ပြောတယ်ရိုးရိုးတန်းတန်းရင်သားနာတာပါဘာမှ
စိုးရိမ်စရာမလိုပါလို့ပြောတော့သူကလက်မခံဘူး
သမားတော် ၆ ယောက်လောက်နဲ့စစ်မှဘဲသူအဖြေ
မှန်ထွက်သွားတယ် ရင်သားကင်ဆာမဟုတ်ပါတဲ့
ကျွန်တော်တို့ တိုင်ပညာမှာ ၉၆ ပါးသောရောဂါနဲ့
ဘဲဓါတ် ၄ ပါးဘဲဆက်စပ်နေတာ



၎ လူတစ်ယောက်



ဂြိုလ်သက်အားလုံးကိုပေါင်းလိုက်ရင် ၉၆
ရပါတယ်
ဒါက အခြေခံပါ ဥတု ၆ မျိုး မှာ သွေးသလိပ်သည်း
ခြေ ထပ်ခွဲထားပါသေးတယ် ဆေးလမ်းကြောင်း
ရောက်မှာစိုးလို့ထပ်မရှင်းတော့ပါဘူး အင်္ဂဝိဇ္ဇာ
ပညာကိုဘဲဆက်ပြောမှာပါ
ဗေဒင် ဆေး အဂ္ဂိယ အင်း အားလုံးကိုတိုင်ပညာက
ဘဲချုပ်ထားတာပါ