Friday, August 31, 2018

ငွေန၀င်း (၂)

အောင်သိဒ္ဓိငွေအဝင်ကြမ်းယတြာ
ငွေန၀င်းပွဲ အမှတ် (၂)

ပြုလုပ်ရန်အချိန် တနင်္လာနေ့မနက်( ၉နာရီမှ၁၀နာရီ) ခွဲပြုလုပ်နိုင်ပါသည်
တပတ်တိတိထားပြီးနောက်တပတ်တနင်္လာနေ့တွင်ပြန်လည်ပြုလုပ်ရမည်ဖြစ်ပါသည်
ပွဲဟောင်းကိုမိမိအဆင်ပြေရာတွင်စွန့်ပြီးပွဲသစ်တင်နိင်ပါသည်( ပွဲတင်ပြီး မကိုင်ရ မထိရ )

လိုအပ်သောပစ္စည်းများ

အုန်း  ၆ ညွန့်
ခရေ  ၆ ရွက်
မန်းကျည်း ၇ ညွန့်
သရက် ၁၀ ရွက်


ပြုလုပ်ပုံအဆင့်ဆင့်

ရှေးဦးစွာ ကလပ်တစ်ခုကိုယူပါ ပြီးလျှင်ကလပ်ပေါ်ကိုပန်းကန်တစ်ချပ်တင်လိုက်ပါ
ထိုပန်းကန်ပေါ်သို့အုန်း  (၆)ညွန့်ကိုကြယ်ပုံသဏ္ဍန်တင်လိုက်ပါပြီးလျှင်ထိုအုန်းညွန့်ပေါ်
သို့ ဖလားတစ်လုံးတင်လိုက်ပါ ထိုဖလားထဲရေထည့်ပါ ပြီးရင်ဖန်ခွက်တစ်လုံးထည့်ပါ
ထိုဖန်ခွက်ထဲတွင်မန်ကျည်း (၇)ညွန့်ထည့်ပါ ခရေ (၆)ညွန့်ထည့်ပါ ဖန်ခွက်နှင့်ဖလား
ကြားထဲသို့ သရက် (၁၀)ရွက်ထည့်လိုက်ပါ ပြီးရင်ဘုရားစင်မှာဘဲလှူဒါန်းပါ

မည်သည့်လုပ်ငန်းမျိုးတွင်မဆိုအသုံးပြုနိုင်ပါသည် ငွေဝင်စေရန်နှင့်ဝင်ငွေတိုးရန်ဖြစ်ပါသည်

ဤယတြာအား မိမိ၏ကိုယ်ပိုင်တီထွင်ဟန်ဖြင့်အခြားသူတစ်ဦးတစ်ယောက်ကိုပေးပါက
အောင်မြင်မည်မဟုတ်ဘဲ ကြီးမားသောအကုသိုလ်ဘေးဆိုးကြီးများကြုံတွေရမည်ဟုလည်းအသိပေး
ကြေညာအပ်ပါသည်  တုပ၍နာမည်မကြီးဘဲ အန္တရယ်ဘေးဆိုးကြီးများ တုပသောဆရာ၏မိသားစုဝင်
များကြရောက်မည်ဖြစ်ကြောင်းလည်းသတိပေးအပ်ပါသည်

ဤယတြာကို ၇ ရက်သားသမီးများကောင်းစားရေးအတွက်သစ္စာပြု ပြီးတီထွင်ခဲ့ပါသောကြောင့်
မည်သည့်နေ့သားမဆို ပြုလုပ်နိုင်ပါကြောင်းအောင်မြင်နိုင်ကြောင်း အသိ ပေးအပ်ပါသည်




No comments:

Post a Comment