Thursday, February 8, 2018
အလဘောလောကဓံသို့ခြင်းနင်းဝင်ရောက်လာသူတစ်ယောက်အကြောင်း
မောဟနယ်သို့ ချဉ်းကပ်မိခြင်း
          သင်ခန်းစာယူရမည့် ဇာတ်လမ်းတစ်ပုဒ်။
          အတုယူမယ်ဆိုလည်း ယူစရာ၊ လောကမှာ လုပ်တိုင်းမဖြစ်တာတွေရှိတယ်။ ဥာဏ်ကောင်းပေမဲ့ ကံ မကောင်းခဲ့ရင် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘူး။
          ပိုဆိုးတာက လောကဓံ(၈)ပါး သက္ခတ်ဗေဒင် ပညာမှာ ''အလဘော''လို့ ကြာသပတေးသက္ခတ် ရောက်လာရင် ရောက်လာသမျှ လူအားလုံး မောဟအားကြီးလာကြတာပဲ။
          သူ့နာမည်က ယွန်းမှီမှီ။
          ဗုဒ္ဓဟူးသမီး။
          တကိုယ်တော် လူစွမ်းကောင်း၊ အုပ်စုဗိုလ်လုပ်ချင်သူ ။ မဟာဘုတ်ဇာတာက (၂) ကြွင်း။
          တယူသန်စိတ်ရှိပြီး ဘယ်သူ ဘာပြောပြော လက်ခံလိုသူ မဟုတ်။ သူသိ၊ သူတတ်၊ သူပဲတော် ကျန်သူတွေ တစ်ကမ္ဘာလုံးငတုံး။
          ရောက်နေတဲ့သက္ခတ်က အလဘော (ကြာသပတေး) နယ်မြေ (၄၃)နှစ်။ သူက စင်ကာပူသွားချင် လို့တဲ့။
          ကျွန်ုပ်ကလည်း ထောက်ခံလိုက်ပါတယ်။ သွားပါ ၊ ရှိပစ္စည်းကုန်မယ်လို့။
          သူကပြောတယ်။ ကုန်စရာမလိုဘူးတဲ့ ၊ ဟိုရောက်မှ ကုန်ကျစရိတ်ကို အလုပ်လုပ်ရင်း ပြန်ဆပ်လို့ ရတယ်တဲ့။
          အဲဒါက လောကဓံကို အဆစ်တောင်းနေတာ ဟိုရောက်မှ အလုပ်,လုပ်ရင်း ပြန်ဆပ်လည်း အလကားမှ မဟုတ်တာ။ ကုန်မှာပဲ။
          ပြီးတော့ ထပ်ပြီး အဆစ်တောင်းသေးတယ်။
          ဆရာတဲ့ ၊ ဘာပဲဖြစ်ဖြစ် ၊ နိုင်ငံခြားကို ထွက်ချင်တယ် ၊ ဆရာမတားပါနဲ့တဲ့။ သူ့ကိုထွက်သွားရ လွယ်ကူအောင် ယတြာပြုပေးပါတဲ့။ အကယ်၍ အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင်တောင် သူဖြစ်သူခံပါ့မယ်တဲ့။
          ရော …. ခက်ပါပြီ ၊ မိန်းကလေးရယ်။
          အန္တရာယ်ရှိပါတယ်။ ရှိပစ္စည်းကုန်ပါမယ့်လို့ ပြောနေတာတောင် သွားမယ်ဆိုတာကြီးပါပဲ၊ မောဟ နယ်မြေရဲ့ ဆွဲအားထင်ပါရဲ့။
          ကျွန်ုပ်တို့၏ လောကဓံ (၈)ပါး သက္ခတ်ဗေဒင် ပညာမူအရ အလဘော လောကဓံသည် ဂြိုလ်အား ဖြင့် ကြာသပတေးဂြိုလ်ဖြစ်ပြီး ဓာတ်သဘောအားဖြင့် ဂဗ္ဘေမြေပျော့ဓာတ်ဖြစ်ပါသည်။ မြေသဘောမှာ နှုန်းမြေ ဖြစ်သောကြောင့် ၄င်းနယ်မြေသို့ ရောက်ရှိသူအားလုံး လှုပ်၍ မရပါ။ လှုပ်လေ မြုတ်လေ ဖြစ်တတ် ပါသည်။
 ကြာသပတေးဂြိုလ်၏ ဆွဲအားမှာ နှုန်းဖြေဖြစ်သောကြောင့် ၄င်းနယ်မြေထဲရောက်သူအားလုံး ရုန်း ထွက်ကြသည်။ လှုပ်ကြည့်သည်။ ထို့ကြောင့် ရုန်းလေ နစ်လေဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကျဆုံးကြရ၏။ ရှိပစ္စည်းကုန်ကြရ၏။ အိမ်ရောင်း၊ မြေရောင်း၍ စီးပွားရေးလုပ်ကြ၏။ အိမ်တစ်လုံးပျောက်သွားသည်။ အိမ်လည်းပျောက် ၊ ငွေလည်းပျောက် ၊ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက်နယ်မြေဖြစ်ပါသည်။
          နောက်ဆုံးပြောမရသဖြင့် ကျွန်ုပ်သည် ယွန်းမှီမှီ၏ အလိုကို လိုက်ကာ နိုင်ငံခြား အမြန်ထွက်စေရန် ဓာတ်ဆင်လိုက်ရ၏။
          သူကလည်းပြောပါတယ်။ ဆရာတဲ့ ….. ဖြစ်ချင်ရာဖြစ် သူခံမယ်တဲ့။ နိုင်ငံခြားရောက်ရင် ပြီးရောဆိုပဲ။
          ကျွန်ုပ်လည်း စွမ်းသလောက်လုပ်ပေးလိုက်၏ ။
          တစ်လလောက်အကြာတွင် ယွန်းမှီမှီ တစ်ယောက် နိုင်ငံခြားသို့ ထွက်ရန် သေချာပြီဆိုသော သတင်းကြားလိုက်ရ၏။
          (၆)လခန့်ကြာမည်ဟု ကျွန်ုပ်ထင်သည်။
          အိမ်မှာ ဧည့်သည်ရောက်နေသည်ဟု ကျွန်ုပ်၏ သမီးငယ် မေဇင်စိုးထွဋ်လာရောက်ပြော၍ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှ ခပ်သုတ်သုတ်အိမ်သို့ပြန်ခဲ့ရ၏။ အိမ်သို့အရောက် အိမ်ရှေ့ဟောခန်းထဲတွင် ထိုင်နေ သော မိန်းကလေးအား မြင်ဖူးသည်ဟု ကျွန်ုပ်ထင်နေရာ ….
          ''သြော် … ဘယ်သူများလည်းလို့ ယွန်းမှီမှီပါလား''
          ''ဆရာ နေကောင်းတယ်နော်''
          ''အေး …. ဒါနဲ့ မင်းစင်္ကာပူသွားဖြစ်တယ်ဆို ၊ ဘယ်တုန်းက ပြန်ရောက်နေတာလဲ''
          ''မနေ့က ပြန်ရောက်တာ ဆရာ။ ရောက်ရောက်ချင်း သတိရတာနဲ့ ဒီနေ့ထွက်လာခဲ့တာ''
          ''ဆိုပါဦး ၊ ဘယ်လိုဖြစ်လို့ ဒီကိုပြန်လာတာလဲ။ ဟိုမှာ အဆင်မပြေလို့လား''
          ''ဆိုပါတော့ ဆရာရယ်။ ကျွန်မ အစအဆုံးရှင်းပြပါ့မယ်။ ကျွန်မတို့ ဒီကမထွက်ခင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တုန်းကတော့ ဟိုမှာ နာ့(စ်)အနေနဲ့ လုပ်ဖို့ပဲ။ ဟိုကျတော့ ဗြုန်းကနဲ အလုပ်မ၀င်ရသေးဘူး။ ဟိုမှာ နေစရိတ်၊ စားစရိတ်ကလည်း ကြီးတော့ ပွဲစားက အိမ်တစ်အိမ်မှာ အိမ်ဖော်အနေနဲ့ ခဏ၀င်လုပ်ဖို့ ပြောတယ်။ ကျွန်မလည်း အဲဒီမှာတင် အလိမ်ခံရပြီဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ မလုပ်လို့လည်း မရတော့ဘူး။ နေဖို့၊ စားဖို့ရှိသေးတယ်။ ကျွန်မ အလုပ်သွားလုပ်မဲ့ အိမ်မှာက အိမ်ရှင်သူဌေးနဲ့ သူ့မိန်းမ နှစ်ယောက်ပဲနေတာ။
          တစ်နေ့ သူ့မိန်းမက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတော့ အိမ်ရှင်သူဌေးက ကျွန်မကို မတော် မတရား လုပ်ဖို့ကြံစည်တယ်လေ။ ကျွန်မလည်း ဟင်းချက်တဲ့ သားလှီးဓားနဲ့ကိုင်ပြီး ကိုယ့်အရှက်ကို ကာကွယ်ခဲ့ရတယ်။ ဘာမှတော့ မဖြစ်လိုက်ဘူး။သူလည်း ကျွန်မ လက်မခံမှန်းသိတော့ လက်လျော့သွားပုံ ရတယ်။ ကျွန်မလည်း နောက်တစ်နေ့မှာ ပွဲစားကိုပြောပြပြီး ကိုယ့်မြန်မာနိုင်ငံကို ပြန်ခဲ့ရတယ်''
          '' အင်း ---- မင်းကိစ္စကရင်မောစရာကြီးပါလား ဒါပေမဲ့ ပြဿနာမရှိဘူး မဟုတ်လား။ ကိုယ်မှ ငွေ မစိုက်လိုက်ရတာ''
          ''အာ ---- ဆရာကလည်း ဘယ်ကလာပြဿနာ မရှိရမှာလဲ၊ ပွဲစားက လိမ်တာက သတ်သတ်လေ။ ဒီမှာက ကုမ္ပဏီကို ငွေရှင်းရမှာ က ရှင်းရမှာပဲ''
          ''ဟော''
          ''အဲဒါပေါ့ ဆရာရယ်။ ကျွန်မလည်း ဆရာ့စကားနားမထောင်လိုက်တာ''
          ''အင်း ---- ကဲပါလေ မင်းအခု ဘာလုပ်မလဲ စိတ်ကူးလဲ''
          ''ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး ဆရာရယ်။ ဒီမှာရှိတဲ့ ရွှေတွေရောင်းပြီး ကုမ္ပဏီကို ကြွေးဆပ်လိုက်ရင် လက်ထဲမှာ ငွေကျန်မရှိတော့ဘူး''
          ''အဲဒါဆို မင်းပထမလုပ်တဲ့ လုပ်ငန်းဟောင်းပဲ ပြန်လုပ်ပေါ့။ နောက်ပိုင်း မွေးလကျော်မှပဲ အခြားလုပ်ငန်း ပြောင်းလုပ်ဖို့ ဆရာစီစဉ်ပေးမယ်''
        ကျွန်ုပ်နှင့် ယွန်းမှီမှီဆိသော မိန်းကလေးသည် မွေးလကျော်သွားသောအခါ 
တစ်ကြိမ်ပြန်လည် တွေ့ဆုံ၍ ထပ်မံဆွေးနွေးဖြစ်ကြ၏ ။ ၄င်းအား ကုမ္ပဏီတစ်ခုမှ လုပ်ငန်းတွဲလုပ်ရန် ကမ်းလှမ်းလာသောအခါ ၄င်းလုပ်ငန်းအား ကျွန်ုပ်ကိုယ်တိုင် တိုက်တိုက်တွန်းတွန်းလုပ်ခိုင်းရာ ယခုဆိုလျှင် ၄င်းကုမ္ပဏီတွင် လခသိန်းပိုင်းရသော ၀န်ထမ်းတစ်ယောက်အဖြစ် ရပ်တည်နေလေပြီ။
          ဆိုလိုသည်မှာ မေဟနယ်မြေသို့ ရောက်လာသူများ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ဆုံးမ မှုကို ခံယူပြီး မိမိလုပ်သော လုပ်ငန်းများကို လုပ်သင့်မလုပ်သင့်။ တိုးချဲ့သင့်၊ မတိုးချဲ့သင့် အစရှိသည် တို့ကို ချိန်ဆရန်လိုပါသည်။
          ကြာသပတေးနယ်မြေအား သုံးတန်းပေါ်နည်းအရ တွက်ချက်ကြည့်လျှင် ကြာသပတေးဂြိုလ်သည် နိစ်ကြီးထဲတွင် ရှိနေသောကြောင့် တယူသန်စိတ်ဖြစ်တတ်ပါသည်။ ဘယ်သူဘာပြောပြော လက်မခံ။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ပါသည်။
          ကျွန်ုပ်၏ ဗေဒင်သက်တမ်းတစ်လျှောက်တွင် ၄င်းနယ်မြေထဲ ရောက်လာသူတစ်ယောက်၏ ဇာတ်လမ်းမှာ အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။
          သူ၏ကံဇာတာကို ကျွန်ုပ်အား စစ်ဆေးပေးရန်ခွင့်ပန်လာသော နေ့တစ်နေ့ ကျွန်ုပ်က ၄င်း၏ ကံဇာတာမှာ  အလဘော (ကြာသပတေး) နယ်မြေထဲရောက်ရှိနေ၍ ငြိမ်ငြိမ်နေရန် အကြံပေးလိုက်ပါသည်။
          (၂)လ၊ (၃)လခန့်တွင် အတိုးစားရသည်။ နောက်ပိုင်း ၄င်းဘဏ်ဆိုသည်မှာ (အတု)ကြီးဖြစ်နေ၍ လူလိမ်ခံရပြီး ၄င်းငွေသိန်း(၁၅၀)မှာ ရေထဲပြစ်ချလိုက်သလို ဖြစ်သွား၏ ။
          သူတို့မိသားစုမှာလည်း အိမ်ပိုင်ဘ၀မှ အိမ်ငှားဘ၀သို့ ပြောင်းလဲသွားပါသည်။ သူ့ယောကျာ်း လည်း အဲဒီစိတ်နဲ့ အိပ်ရာထဲလဲကာ နောက်ပိုင်းဆုံးပါးသွား၏။
          သူနှင့် ကလေးနှစ်ယောက်
          အရင်တုန်းက သူဌေး၊ အခုတော့ လမ်းဘေးမှာ အသုတ်၊ မုန့်ဟင်းခါး ရောင်းနေရသည်။
          ကျွန်ုပ်နှင့် ပြန်ဆုံကြသောအခါ
          သူကမပြောပါနှင့် ဟုဆိုသော်လည်း ကျွန်ုပ်ကတော့ ကမ္ဘီရဆန်းကြယ်စာဖတ်ပရိသတ်ကြီးသိ အောင် ဗဟုသုတအောင်တော့ နည်းနည်းပြောချင်တယ်။
          မောဟနယ်မြေဖြစ်သော (ကြာသပတေး)ဂြိုလ်သို့ ရောက်ရှိလာပါက အိမ်ရောင်း၊ ကားရောင်း၍ စီးပွားတိုးချဲ့လို့မရပါ။ စပ်တူလုပ်၍ မရပါ။ လူလိမ် လူကောက်များနှင့် တွေ့နိုင်ပါသည်။ စီးပွားရေးလုပ်ငန်း များကိုလည်း မတရားမလုပ်ပါနှင့်။ ငြိမ်ငြိမ်နေပါ။ လက်ထဲတွင်ရှိသော ရွှေများပင် အလိုလိုနေရင်း ကျ ပျောက်ခြင်း၊ အပေါင်ဆိုင်သို့ ရောက်ခြင်း၊ ငွေခက်ခဲလို့ ရောင်းချခြင်းများ ဖြစ်တတ်ပါသည်ဟု သတိပေး လိုက်ရပါသည်။
(၇)ရက်သားသမီးများ
မောဟနယ်မြေ (ကြာသပတေးဂြိုလ်)သို့
ရောက်ရှိလာသော အသက်အပိုင်းအခြားများ
   တနင်္ဂနွေ သားသမီးများ ၆ ၁၄ ၂၂ ၃၀ ၃၈ ၄၆ ၅၄ ၆၂ ၇၀ ၇၈
တနင်္လာသားသမီးများ ၅ ၁၃ ၂၁ ၂၉ ၃၇ ၄၅ ၅၃ ၆၁ ၆၉ ၇၇
အင်္ဂါသားသမီးများ ၄ ၁၂ ၂၀ ၂၈ ၃၆ ၄၄ ၅၂ ၆၀ ၆၈ ၇၆
ဗုဒ္ဓဟူးသားသမီးများ ၃ ၁၁ ၁၉ ၂၇ ၃၅ ၄၃ ၅၁ ၅၉ ၆၇ ၇၅
ကြာသပတေးသားသမီးများ ၁ ၉ ၁၇ ၂၅ ၃၃ ၄၁ ၄၉ ၅၇ ၆၅ ၇၃
သောကြာသားသမီးများ ၇ ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉
စနေသားသမီးများ ၂ ၁၀ ၁၈ ၂၆ ၃၄ ၄၂ ၅၀ ၅၈ ၆၄ ၇၂  
အင်္ဂ၀ိဇ္ဖာ အကြားအမြင်ဗေဒင်ပညာ
ပစ္စည်းပျောက်အဟောများ အင်္ဂ၀ိဇ္ဇာပညာ၏ လျို့ဝှက်ချက်များ
ပစ္စည်းပျောက်နှင့် အင်္ဂ၀ိဇ္ဇာ
          တစ်နေ့သ၌ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏ သင်တန်းသားများဖြစ်ကြသော ကိုအောင်ဝင်း၊ ကိုသက်ဝေ၊ ကိုလင်းလင်း၊ ကိုထွန်းလှိုင်တို့နှင့်အတူ တောင်ဥက္ကလာပ ဟေမ၀န်ဈေးအတွင်းရှိ ကျွန်ုပ်၏ဗေဒင် ဟောခန်းတွင် ပစ္စည်းပျောက်အဟောသင်ခန်းစာ အသေးစိတ်ရှင်ပြနေချိန် …
          ''ဆရာထွဋ်ရေ…. ဆရာထွဋ် လုပ်ပါဦးဗျာ''
          အသံဗြဲကြီးနှင့် ရောက်လာတာကတော့ ကျွန်ုပ်၏မိတ်ဆွေ ပန်းထိမ်ဆရာ ကိုထွေးဖြစ်ပါသည်။
          ''ဘာလဲဗျ …. ကိုထွေးရ ၊ ခင်ဗျားကလည်း အလန့်တကြား''
          ''ဆရာထွဋ်ရေ ကူညီပါဦးဗျာ ၊ ကျွန်တော်ရွှေပျောက်သွားလို့''
          ကိုထွေးမှာ အတော်ကို ထိတ်လန့်နေသည့်ပုံသဏ္ဍာန်ဖြစ်သည်၊ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် ဆီးစေ့ခန့်လောက်သာရှိတော့သည်။
          ထိုအခါ ကျွန်ုပ်၏ ဇနီးသည် ဒေါ်လှလှဌေး မှ
          ''ဆိုင်ထဲမှာ သေချာရှာပြီးပြီလား ကိုထွေး''
          ''ရှာပြီးပါပြီ မလှရယ်၊ ရှာတာမှ ဒေါင်းတောက် နေတပဲ ၊ ဘယ်မှာကျသွားလည်း မသိပါဘူး''
          ကျွန်ုပ်မှ ''ဘယ်လိုဖြစ်တာလည်း ကိုထွေး''
          ''ကျွန်တော်ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး ဆရာထွဋ်ရယ်၊ ဆွဲကြိုးတစ်ကုံးကို အရောင် တင်နေတာအပြီးသတ်ခါနီးမှ ''လချိတ်''  ပျောက်နေလို့ အလေးချိန်က တစ်ပဲလေးရွေးလောက်ရှိတာဆို တော့ ကာလတန်ကြေးနဲ့ ငွေ (၃၅၀၀၀၀ိ/-) သုံးသောင်းခွဲလောက်တော့တန်တာပေါ့''
          ကိုထွေးသည် ကျွန်ုပ်အားရှင်းပြနေရင်း နဖူးမှ စီးကျလာသော ချွေးများကို လက်နှင့် သပ်ချလိုက် သည်။         
          ကျွန်ုပ်ကလက်မှ နာရီကိုကြည့်လိုက်ရာ၊ ကျွန်ုပ်၏ တပည့်ထဲမှ မောင်လင်းလင်းနှင့် မောင်ထွန်းလှိုင်က
          ''စနေနေ့ ၊ ဗုဒ္ဓဟူးအချိန်ပါ ဆရာ''
          ကျွန်ုပ်သည် ပြုံးလိုက်မိသည်။
          ကျွန်ုပ်၏တပည့်ကျော်များသည် ကျွန်ုပ်နှင့် အခြေအတင်စကားပြောနေစဉ် သူတို့သည် အင်္ဂ၀ိဇ္ဇာ အချိန်တိုင်အား မှတ်ထားလိုက်ကြသည်။
          (တော်ပေစွ)
          ကျွန်ုပ်မှ ''ဒီလိုလုပ်မယ်ကွာ ၊ ငါနဲ့ ကိုအောင်ဝင်းဒီမှာအချိန်နဲ့ အရပ်မျက်နှာရွေးလိုက်ဦးမယ်၊ မင်းတို့ အဖွဲ့ကိုထွေးနဲ့ ရွှေဝိုင်းရှာပေးလိုက်ကြဦး။
          ''ဟုတ်ကဲ့ပါ ဆရာ''
          ကိုလင်းလင်းတို့ အဖွဲ့ ကိုထွေးဆိုင် ကို ရွှေရှာရန် ထွက်သွားချိန်တွင်
          ''ကဲ …. ကိုအောင်ဝင်းစာရွက်တစ်ရွက်ယူပြီး အချိန်တိုင်ရေးဗျာ ၊ စနေနေ့ နေ့လည်(၂)နာရီခွဲဆို တော့ ဗုဒ္ဓအချိန်ပေါ့''
 နေ့တိုင်တွင် ရွှေမှာ (န၀င်း)တွင် ရပ်တည်နေပြီး အခါတိုင်တွင် (မူလ)မှာ ရပ်တည်နေပါသည်။
          ကျွန်ုပ်သည် တပည့်ကျော် ကိုအောင်ဝင်းအား
          ''အချိန်တိုင်းမှာ ရွှေ (န၀င်း) စီးနေတယ်။ နေ့တိုင်မှာလည်း ရွှေက (မူလ)မှ ရပ်တည်နေတဲ့အား ကြောင့် ဒီရွှေလုံးဝအရှင်းမပျောက်နိုင်ဘူး။ ဒါပေမဲ့ နိဂိုရ် ၊ ယာယီကိန်းနဲ့ ပြန်ကြည့်ရင် နေ့တိုင်ကနဂိုရ်ဖြစ် နိုင်ဘူး။ ဒါပေမဲ့ နိဂိုရ်၊ ယာယီကိန်းနဲ့ ပြန်ကြည့်ရင် နေ့တိုင်ကနိဂိုရ်ဖြစ်ပြီး၊ အချိန်တိုင်က ယာယီ ဖြစ်နေတယ်၊ ရှာရင်ခက်လိမ့်မယ်၊ ယာယီသဘောက မူလနေရာမှာ မရှိဘူး။ နေရာရွှေ့သွားနိုင်တယ်''
          ''ဆရာထွဋ်ပျောက်တဲ့ သူမွေးနံက အဓိကလား၊ ပျောက်တဲ့ ပစ္စည်းကအဓိကလား''
          ''ဒါကရှင်းပါတယ် ကိုအောင်ဝင်း၊ သူ့မွေးနံက ပျောက်တာမဟုတ်ဘူး။ ပစ္စည်းကပျောက်တာ၊ ပျောက်တဲ့ပစ္စည်းကို အဓိကယူရမယ်''
          ကျွန်ုပ်တို့ နှစ်ယောက်သား စကားစဖြတ်ကာ ကိုထွေး၏ ပန်းထိန်းဖိုသို့ကြည့်လိုက်ရာ
          (အားပါးပါး ရွှေဝိုင်းရှာနေတဲ့ လူတွေမနည်းပါလား)
          ကိုထွေး၏ ဆိုင်တွင် ရွှေပျောက်ရှာပုံတော်ဖွင့်နေကြသော လူအုပ်ကိုကြည့်၍ ကျွန်ုပ်တို့ နှစ်ဦးသား လန့်သွားသည်။
          ကျွန်ုပ်၏ တပည့်များအပါအ၀င် လူ(၁၀)ယောက်ခန့်သည် ဆိုင်တွင်းမှ ပစ္စည်းများကို မြေလှန်ရှာ နေကြသည်မှာ အလှူတစ်ခုလုပ်နေသည်လား အောက်မေ့ရသည်။
          ''ကဲ ကိုအောင်ဝင်းရေ၊ ဒီအတိုင်းရှာနေလို့ကတော့ ဒီနေ့တွေ့မှာ မဟုတ်ဘူး၊ ဒီတော့ ကျွန်တော်တို့ ရှာဖွေရမည့် အရပ်မျက်နှာကို အင်းဝရှင်ကြီးလင်္ကာနဲ့ ရွေးလိုက်ရအောင်''
          ''နေ့အဌလဂ်မှာ ဗုဒ္ဓတိုင်က တနင်္လာဂြိုလ်မှာ လာရပ်တည်နေတယ်၊ အဲဒါကို အင်းဝရှင်ကြီးနဲ့ ပြန် ကြည့်ရင် အဲဒီနေရာက အရှေ့အရပ်ကို ပြန်ကျနေတယ်၊ ဒါပေမဲ့ သူတို့ရှာနေတဲ့ နေရာက အနောက်တောင် ထောင့်မှာ၊ ကဲလာဗျာ ကိုအောင်ဝင်း၊ ကျွန်တော်တို့နှစ်ယောက် သွားရှာရအောင်''
          ပြောပြောဆိုဆို ကျွန်ုပ်နှင့် ကိုအောင်ဝင်း နှစ်ယောက်သား ကိုထွေးဆိုင်ဆီသို့ လာခဲ့ကြသည်။
          ''ကိုထွေးရေ၊ ရှာနေတဲ့သူတွေကို ခဏလောက် ရပ်ခိုင်းလိုက်ပါဗျာ၊ ကျွန်တော်တို့ နှစ်ယောက် တစ်လှည့် ရှာလိုက်ကြရအောင်''
          ကျွန်ုပ်သည် ကိုထွေးပန်းတိမ်ခန်း၏ အရှေ့ဘက်အခြမ်းရှိ အခင်းပြားကို ဆွဲလှန်လိုက်ရာ ထိုအခင်း ပြားပေါ်တွင် ရပ်နေသော ကိုထွေးမှာ
          ''ကျွန်တော် ဖယ်ရမလား ၊ ကိုထွဋ်''
          ''ရတယ် ကိုထွေး၊ ကျွန်တော်ပဲ လှန်လိုက်မယ်''
          ကျွန်ုပ်သည် ပြောပြောဆိုဆို ထိုအခင်းပြားကို ဆွဲမလိုက်ရာ ကိုအောင်ဝင်းမှ
          ''ဟာ ဟိုမှာ တွေ့ပြီ ၊ တွေ့ပြီ ၊ ဆွဲကြိုး ''လချိန်လေး'' ကိုထွေး ဒီဟာလေးလား''
          ''ဟုတ်တယ်ဗျို့ ၊ ဟုတ်တယ်၊ ကျွန်တော် ပျောက်သွားတာ ဒီလချိတ်လေးပဲ၊ ကိုထွဋ်နဲ့ ကိုအောင်ဝင်းကို ကျေးဇူးတင်လိုက်တာဗျာ''
          ''ကျွန်တော့်ကို သိပ်ကျေးဇူးတင်မနေနဲ့ဦး ၊ ဆရာထွဋ်ကို ကျေးဇူးတင်ရမှာ ဆရာက ရှိတဲ့နေရာမှာ အတိအကျတွက်ပေးလို့ ရှာလို့လွယ်တာ''
          ''ကျွန်တော်တော့ ၀မ်းသာလို့ ၊ ဘာပြောရမှန်းတောင် မသိတော့ဘူး၊ ကျွန်တော့်ဝင်ငွေက တစ်ရက်မှ (၃၀၀၀ိ/-)သုံးထောင်ရှိတာ ၊ ဒါလေးပျောက်သွားလို့ကတော့ (သေပြီဆရာ)လို့ အော်ရမှာ''
          ကျွန်ုပ်သည် ကိုထွေး၏ပြုံးရွှင်နေသော မျက်နှာအားကြည့်ရင်း ရင်တွင်းမှ ပီတိဖြစ်မိသည်။
          ''ဒီလို ကိုထွေးရဲ့ ၊ ကိုထွေးတို့က ကျပျောက်တဲ့ နေရာကို အဓိကထားပြီးရှာနေကြတာ၊ တကယ်တော့ ပျောက်တဲ့အချိန်က ယာယီချိန်မှာဆိုတော့ အရွှေ့အပြောင်းဖြစ်သွားပြီး နေရာရွှေ့သွားတာ''
 (ကိုထွေး၏ ပန်းတိမ်ဖိုသည် (တောင်)ဘက်ကို မျက်နှာ လှည်ထားသည်)
          နဂိုရ်ချိန်မှာ ပစ္စည်းပျောက်ရှာလိုလွယ်တယ်၊ ယာယီချိန်မှာပစ္စည်းပျောက်ရင် ရှာရခက်တယ်၊ ပြန်တွေ့တာ၊ မတွေ့တာကတော့ ဂြိုလ်အနေအထားတွေ ပြန်ကြည့်ရမှာပဲ''
          ထိုအချိန်တွင် ကိုထွေးဆိုင်ရှေု့မှ ဒေါ်ခင်ဝင်းသည်
          ''ကိုထွေးရေ ၊ နောက်တစ်ခါ ပစ္စည်းပျောက်ရင် မပူရတော့ဘူး၊ ဆရာထွဋ်နဲ့ တိုင်ပင်လိုက်ရုံပဲ''
          ''ဟာ … မလုပ်ပါနဲ့ဗျာ ၊ တော်ကြာဗေဒင်ဆရာကနေ ပစ္စည်းပျောက်ဆရာဖြစ်နေဦးမယ်''
          ဘယ်သူတွေ ဘာပဲပြောပြော၊ ဒီနေ့အဖို့တော့ ကိုထွေး တစ်ယောက် ပျော်လို့မဆုံး ၊ တပြုံးပြုံး ဖြစ်နေပါတောသည်။
အယူတော်မင်္ဂလာပညာနှင့် ပစ္စည်းပျောက်ရှာခြင်း
          ကျွန်ုပ်တို့အဖွဲ့အိမ်သို့ ပြန်ရောက်ချိန်တွင် မနက်က ကိုထွေးရွှေပျောက်သည့်ကိစ္စကို ပြန်လည် စားမြုံ့ပြန်ရင်း ရယ်လိုက်မောလိုက်နှင့် စကားပြောနေချိန်တွင်
          ''ဆရာထွဋ်ရေ …. ဆရာထွဋ်''
          ဒုတိယမြောက်ခေါ်သံကြားရပြန်၍ အင်း ဒီတစ်ယောက်လည်း ဘာပျောက်ပြန်ပြီလည်း မသိဘူး၊ သမီးရေ အိမ်ရှေ့မှာ ဘယ်သူလည်း မသိဘူး၊ ခြံတံခါးသွားဖွင့်လိုက်ပါဦး''
          ''သြော် အန်တီမိုး ပါလား ၊ လာလာ ၀င်ခဲ့ပါ''
          ကျွန်ုပ်သည် သမီးငယ် ခြံတံခါးသွားဖွင့်နေချိန်တွင် ပြောနေသော အသံကြောင့် ကျွန်ုပ်တို့၏ နှစ်အိမ် ကျော်မှာ ဦးသောင်းစိန်၏ ဇနီး ဒေါ်မိုးမိုးဆိုတာ ၊ သိလိုက်ရသောကြောင့် ကျွန်ုပ်ကထပ်ဆင့်၍ လောကွတ် လုပ်လိုက်ရသည်။
          ''ဒေါ်မိုးမိုးပါလား ၊ ကြွပါခင်ဗျာ ၊ ကျွန်တော် ဘာကူညီရမလဲ''
          ''ဆရာရေ  ၊ ပြောကို မပြောချင်ပါဘူး၊ မနက်ကဈေးကပြန်လာတော့ ကြွေးသိမ်းလာတဲ့ ငွေ(၅)သောင်းကို ပိုက်ဆံအိတ်ထဲထည့်ပြီး စားပွဲခုံပေါ်တင်ထားလိုက်တာ ၊ ထမင်းဟင်းချက်ပြီးမှ သတိရတာနဲ့ အိမ်ရှေ့ထွက်ပြီးကြည့်လိုက်တော့ စားပွဲပေါ်မှာ ပိုက်ဆံအိတ်မရှိတော့ဘူး ၊ ကျွန်မလည်း         
ငါအထားမှားတာပဲလို့ ထင်ပြီး အခြားနေရာတွေမှာပါ လိုက်ရှာလိုက်တာ၊ တစ်အိမ်လုံးလည်းနှံ့နေပြီ ၊ အိမ်ကို ဘယ်သူမှလည်း မလာဘူး၊ ကျွန်မနဲ့ ကလေးပဲရှိတာ၊ ကလေးကလည်း စကားတတ်ခါစဆိုတော့ သူလည်းယူတာမဖြစ်နိုင်ဘူး''
          ဒေါ်မိုးမိုးသည် မပြောချင်ဘူးဟုဆိုပြီး၊ ပြောလိုက်သည့် စကားတွေမှ ဒရစပ်၊ စက်သေနပ်ပစ်လိုက် သလား အောက်မေ့ရသည်။
          ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာတိုင်ထူရန် လက်မှနာရီအားကြည့်လိုက်သည်။ ထိုအချိန်တွင် ကျွန်ုပ်၏ ဇနီးသည် သမီးအကြီးမဇင်မာစိုးထွဋ်အား
          ''ဟဲ့ သမီးကြီး အိပ်ရာတွေသွားခင်းစမ်း ၊ နင့်အဖေ ပင်ပန်းလာပြီ၊ စောင်တွေကို သေချာခါပြီးခေါက် နော်၊ မိုးဦးကျဆို ပိုးကောင်တွေ ဘာတွေဝင်နေတတ်တယ်''
          ကျွန်ုပ်သည် လက်မှနာရီကို မကြည့်တော့ဘဲ၊ သူတို့သားအမိ ပြောဆိုသံကို နားထောင်နေလိုက်မိ သည်။
          ဒီမှာက ပစ္စည်းပျောက်လာမေးချိန်၊ ဇနီးသည်က အိပ်ရာပေါ်က စောင်တွေခါပြီး ခေါက်ခိုင်းနေချိန် ကျွန်ုပ်ဘာမှ မစဉ်းစားတော့ပါ။
          ''ကဲ …. ဒေါ်မိုးမိုး အိမ်ပြန်ပြီး ခင်ဗျား အိပ်ရာထဲမှာ ပြန်ရှာ၊ စောင်တွေကို သေချာလှန်ရှာ၊ တွေ့မတွေ့လည်း ဒီညအကြောင်းပြန်ဦး''
          ဒေါ်မိုးမိုသည် ကျွန်ုပ်တို့နှစ်အိမ်ကျော်မှ ဖြစ်သဖြင့် အကျိုးအကြောင်းကို ပြန်ပြော၇န်မှာလိုက်ခြင်း ဖြစ်ပါသည်။
          (၁၅)မိနစ်ခန့်ကြာသောအခါ
          ဒေါ်မိုးမိုးတစ်ယောက် အိမ်ပေါ်သို့ သုတ်သုတ် ၊ သုတ်သုတ် နှင့် ပြန်တက်လာကာ
          ''တွေ့တယ်ဆရာရေ ၊ ဆရာပြောလိုက်တာ ကွက်တိပါပဲ ၊ အိပ်ရာထဲက စောင်တွေအောက်ရောက် နေတယ်။
          ကျွန်မသားလေးလေ၊ ပိုက်ဆံအိတ်ကို ဆော့စရာမှတ်ပြီး အိပ်ရာထဲမှာ ယူဆော့ရင်းနဲ့ စောင်တွေ အောက်ရောက်သွားတာဖြစ်လိမ့်မယ်။
          ပြောပြောဆိုဆို ဒေါ်မိုးမိုးသည် ဥာဏ်ပူဇော်ခ အားဘုရားစင်ရှေ့ရှိ ဖန်ခွက်တွင်း ကန်တော့ထိုးကာ  ထည့်ပြီး ဘုရားကို ဦးချလိုက်သည်။
          ''ပြန်ဦးမယ်ဆရာရေ၊ အိမ်ကအမျိုးသားပြန်လာရင် ဒီကိစ္စကို သိသွားလို့ကတော့ မလွယ်ဘူး''
          ဒေါ်မိုးမိုး အိမ်ပေါ်မှပြာပြာသလဲ ပြန်ဆင်းသွားသည်ကို ကျွန်ုပ်သည် ငေးကြည့်နေရင်းမှ ရှေးပညာရှိ ကြီးများထားခဲ့သော ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းဆိုသည့် စကားသည် လွန်စွာမှန်ပါ လား ဟူ၍  တွေးတောမိရင်း သင်ဆရာ၊ မြင်ဆရာနှင့် ရှေးပညာရှိများအား စိတ်ထဲမှ ဦးညွတ်၍ ကန်တော့ လိုက်မိပါတော့သည်။
ပျားစွဲ နမိတ်
ဗေဒမကုဋမာလာကျမ်းကိုအရင်ရှင်းပြပေးပါ့
မယ် စာမျက်နှာ ၃၇၂ အပိုဒ် ၂ မှာပြဌန်းထား
တာကတော့
အိပ်ခန်းမှာစွဲသော် ရာထူးတက်မည်
အိမ်တွင်းမှာစွဲသော် ခိုက်ရန်ဖြစ်ပွားမည်
တောင်အရပ်ကစွဲသော် ဆွေမျိုးသားချင်းကြောင့်
သောကရောက်မည်
အရှေ့တောင်ကစွဲမူ မီးလောင်မည်
အနောက်တောင်ကစွဲမူသူခိုးခိုးခံရမည်
အနောက်မြောက်ကစွဲမူချမ်းသာမည်
မြောက်အရပ်ကစွဲမူ မင်းအစိုးရ၏ချီးမြောက်မှု
ခံရသည်
အရှေ့မြောက်မှစွဲမူငွေအထုတ်လိုက်ဝင်မည်
အိမ်၏ခေါင်တိုင်မှာစွဲမူ ဥစ္စာပစ္စည်းပျောက်မည်
ကြမ်းအောက်မှာစွဲလျှင်ဖျားနာတတ်သည်
တံစက်မြိတ်မှာစွဲမူ အမှုအခင်းဖြစ်တတ်သည်
တံခါမှာစွဲလျှင်တပည့်ကောင်းရတတ်သည်
လှေခါးအောက်စွဲလျှင်ရာထူးတက်မည်
ခေတ်သစ်ကျွန်တော်တီထွင်ခဲ့သောနမိတ်
ပညာ
တပည့်တစ်ယောက်ကမေးတယ် ဆရာတဲ့
သူ့မိတ်ဆွေတစ်ယောက်ကတဲ့လမ်းသွားရင်း
ကောင်းကင်ပေါ်ကကျီးကန်းတစ်ကောင်က
လေထဲမှာ ဥတစ်လုံးဥချလိုက်တာသူ့ရဲ့ဘယ
ဘက်ပုခုံးပေါ်မှာကျကွဲသွားပါတယ်ဘယ်လိုအ
တိတ်နမိတ်ပါလည်းတဲ့
အဖြေ
ကျီးကန်း ကြီးမှကန်းခြင်း ရာထူးကြီးသော
သူအလုပ်ပြုတ်ခြင်း
ဥတစ်လုံးလေထဲပြုတ်ကျ အလုပ်ပြုတ်ခြင်း
ဘယ်ပုခုံးကိုထိကွဲ လက်အောက်ငယ်သားတစ်
ဦးအကျင့်ပျက်ခြစားမှု နှင့်ပတ်သက်သည်
ပေါင်းစပ်မှု
ရာထူးကြီးသောသူတစ်ဦးသည်တစ်ပည့်တစ်ဦး၏
အကျင့်ပျက်မှုကြောင့်အမှု ဖြစ်ကာသူလည်းအလုပ်
ပြုတ်ခဲ့ပါသည်
အဖြစ်မှန်မှာကျွန်တော်၏နမိတ်ဟောပြောပြီး
တလအကြာတကယ်ပင်ထိုလူကြီးရာထူးပြုတ်ခဲ့
ပါသည် ထောင်တော့မကျခဲ့ပါ
ဘ၀ တစ်သက်တာအရောင်များ
မိမိဘဝတွင် အရေးကြီးအချိန်များတွင်ဝတ်ဆင်ရန်
အက်ီၤအေရာင္မ်ား
မိမိဘဝတွင်ဆိုင် ဆိုင်းဘုတ် အိမ် များတွင်ချယ်သ
ရန်အကျိုးပေးအရောင်များ
အစရှိသော ဘဝ၏အရေးတကြီးအသုံးပြု ရန်အရောင်
များ လိုအပ်ပါက ဤအရောင်များကိုအသုံးပြုနိုင်ပါ
သည်
မွေးခုနှစ်ဖြင့်ပေးမည်ဖြစ်ပါ၍လွန်စွာတိကျပါသည်
ဤပို့ကိုရှယ်ပြီးသိမ်းထားပါကသင့်ဘဝအတွက်
တန်ဘိုးရှိသောစာစဉ်များအဖြစ်ဘဝတွင်ရပ်တည်
ပါလိမ့်မည်
မွေးဖွားရာမြန်မာခုကို ၇ ဖြင့်စားပါကြွင်းသော
ဂဏန်းကို အကြွင်းဟုယူပါ
ဥပမာ ၁၃၂၄÷ ၇ = ၁ ကြွင်း
၁ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ ရေယှက်ရောင်
တနင်္လာ ရောယှက်ရောင်
အင်္ဂါ နက်ပြာ
ဗုဒ္ဓဟူး ပန်းရောင်
ကြာသပတေး အစိမ်းရောင်
သောကြာ နက်ပြာ
စနေ ပန်းရောင်
၂ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ ရောယှက်ရောင်
တနင်္လာ နက်ပြာ
အင်္ဂါ နက်ပြာ
ဗုဒ္ဓဟူး အနီရောင်
ကြာသပတေး ရောယှက်
သောကြာ အဝါရောင်
စနေ အနီရောင်
၃ ကြွင်း မဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ အဖြူ ရောင်
တနင်္လာ နက်ပြာ
အင်္ဂါ အနီရောင်
ဗုဒ္ဓဟူး အနီရောင်
ကြာသပတေး အဖြူ ရောင်
သောကြာ နက်ပြာ
စနေ ပန်းရောင်
၎ ကြွင်း မဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ ရောယှက်
တနင်္လာ အစိမ်းရောင်
အင်္ဂါ အနီရောင်
ဗုဒ္ဓဟူး အဖြူ ရောင်
ကြာသပတေး အဖြူ ရောင်
သောကြာ အစိမ်းရောင်
စနေ အနီရောင်
၅ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ အဖြူ ရောင်
တနင်္လာ နက်ပြာ
အင်္ဂါ အဝါရောင်
ဗုဒ္ဓဟူး အဖြူ ရောင်
ကြာသပတေး အစိမ်းရောင်
သောကြာ အစိမ်းရောင်
စနေ အဝါရောင်
၆ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ ပန်းရောင်
တနင်္လာ အစိမ်းရောင်
အင်္ဂါ အနီရောင်
ဗုဒ္ဓဟူး ပန်းရောင်
ကြာသပတေး အစိမ်းရောင်
သောကြာ အဝါရောင်စနေ အဝါရောင်
ဝ ကြွင်းမဟာဘုတ်ပိုင်ရှင်များအတွက်
တနင်္ဂနွေ ပန်းရောင်
တနင်္လာ ရောယှက်
အင်္ဂါ အဝါရောင်
ဗုဒ္ဓဟူး အဖြူ ရောင်
ကြာသပတေး ရောယှက်
သောကြာ အဝါရောင်
စနေ ပန်းရောင်
ဘဝအတွက်အရေးကြီးသောအရောင်များ
ဖြစ်ပါသည်