Wednesday, June 26, 2019

ဆရာမြတ်ထွဋ်ခေါင်

            ဆရာ မြတ်ထွဋ်ခေါင်
      ရွှေပျံလွှားကရာတေးဒိုအဖွဲ့ချုပ်
            ( နည်းပြချုပ်ဥက္ကဌ )
   ( တဥ) မြို့နယ်ဆပ်ကော်မတီဥက္ကဌဟောင်း
အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးအဖွဲ့ဝင်ဟောင်း
မြန်မာရိုးရာဗေဒင်ပညာရှင် (အင်္ဂဝိဇ္ဇာကျမ်းပြု)
     မြန်မာနိုင်ငံစာရေးဆရာများအဖွဲဝင်
နက္ခတ္တရောင်ခြည် ဂမ္ဘီရ ဗေဒင်ပညာစာစဉ်
ဂမ္ဘီရဆန်းကျယ် မဂ္ဂဇင်းများ၏ဆောင်းပါးရှင်

www.myathtutkhaung.com

09.970304801     09.261215405 
09.421077195     09.73025994
ကျိုက္ကစံဘုရားအနောက်မုဒ်  သင်္ကန်းကျွန်းမြို့နယ်



      



မှော်ဝင်ကြယ်

အဆောင်အမည် မှော်ဝင်ကြယ်
====================
အသုံးပြုပုံ ငွေကြေးအဆက်အခဲများအဆင်
စေရန် ရုံးဝန်ထမ်းများအထက်
လူကြီးနှင့်အဆင်ပြေရန်
အိမ်ခြံမြေပွဲစားလုပ်ငန်း တိုက်ခန်း
အရောင်းအဝယ်များအဆင်ပြေရန်
ဈေးဆိုင်များ ရောင်းကောင်းစေရန်
လူချစ် လူခင်ပေါစေရန် သွားလေ
ရာမျက်နှာပွင့်စေပြီး မည်သည့်လုပ်
ငန်းမဆိုသုံးနိုင်ပါသည်
ဤ အဆောင်ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်
ခန့်၁၂၇၅ ခုထုတ် ကာမာရတနကျမ်းမှ မှော်ဝင်နည်း
ပညာများကိုစံထားပြီး ခေတ်မှီနည်းပညာများဖြင့်ပေါင်း
စပ်တည်ထွင်ခဲ့ပါသည်
အဆောင်မှာ မွေးနေ့ခုနှစ်ဖြင့်ပြုလုပ်ရသောအဆောင်
အမျိုးအစားပင်ဖြစ်ပါသည်
မီးနေခန်း သချိုင်းမြေ မယူရ

Sunday, June 23, 2019

မဟာဘုတ် ဆိုင်ရာသုတပိုင်း

မဟာဘုတ်နှင့် ကိုယ်နေဟန်ပန်
===================
၁ ကြွင်းမဟာဘုတ်
မျက်နှာဝိုင်းလေးနှင့်ချစ်စရာကောင်းခြင်း
တည်တည်တံ့တံ့နေတတ်ခြင်း
လမ်းလျှောက်ပါက သိမ်မွေ့စွာလျှောက်တတ်ခြင်း

၂ ကြွင်းမဟာဘုတ်
မျက်နှာသွယ်ပြီး မျက်လုံးမျက်တောင်များလှပခြင်း
မြန်မာ့ရိုးရာဝတ်စုံများကိုနှစ်သက်စွာဝတ်ဆငိခြင်း
ဘာသာရေးကိုင်းရှိုင်းခြင်း
၃ ကြွင်းမဟာဘုတ်
မျက်နှာဝိုင်းပြီး ချစ်စရာအလွန်ကောင်းသည်
အမြဲတမ်းပြုံးပြုံးကလေးနေတတ်သည်
ကိုယ်လုံးကိုယ်ပေါက်လှပကျော့ရှင်းသည်
၎ ကြွင်းမဟာဘုတ်
မျက်နှာအဝိုင်း အသွယ်နှစ်မျိုးရှိသည်
ဆံကေသာ နက်မှောင်ကျော့ရှင်းပြီးချောမော
လှပသူများဖြစ်သည် အဝတ်အစားဘာဝတ်ဝတ်
ကြည့်ကောင်းသည်
၅ ကြွင်းမဟာဘုတ်
အရပ်အနည်းငယ်ပုပြီး ကိုယ်လုံးလှသည်
မျက်နှာဝိုင်းအမျိုးအစားဖြစ်ပြီး အသံအလွန်ကောင်း
သည်
၆ ကြွင်းမဟာဘုတ်
မျက်နှာသွယ်သောအမျိုးအစားဖြစ်သည် တချို့
မေးရိုးကားသည် နူးညံ့စွာနေတတ်သည်
နုတ်ခမ်းအလွန်လှသည် စကားတိုးတိုးပြောသည်
ဝ ကြွင်းမဟာဘုတ်
မျက်နှာသွယ်သောအုပ်စုဖြစ်သည် အရပ်မြင့်တတ်
ပြီး ပြုံးချိုသောမျက်နှာပိုင်ရှင်များဖြစ်တတ်သည်
စကားပြောနူးညံ့သည် လမ်းလျှောက်မြန်သည်

မဟာဘုတ်နဲ့ ငွေကြေးဆိုင်ရာ
==================
အမျိုးသား များအတွက်သာ
မန့်ချင် တိုင်း ဝင်မန့်လို့ရပါတယ် အားမနာတမ်း
၁ ကြွင်း မိန်းမသိတဲ့ ငွေကတစ်မျိး
မိန်းမ မသိတဲ့ငွေကတစ်မျိုး

၂ ကြွင်း လက်ထဲ ငွေနည်းနည်းရှိလာတာနဲ့ရွချင်
လာတယ်
၃ ကြွင်း လက်ထဲငွေပြတ်လာရင်မိန်းမကိုရမ်းချင်
လာတယ် စိတ်တိုပြီးဘယ်သူမှစကား
မပြောတော့ဘူး
၎ ကြွင်း လက်ထဲငွေရှိလာရင်တော့ KTV တစ်ခါ
လောက်သွားလိုက်ချင်တယ်
၅ ကြွင်း လက်ထဲငွေရှိလာရင်သူငယ်ချင်းတွေကို
လိုက်ကြွေးချင်တယ် အိမ်ကမိန်းမမပါ
၆ ကြွင်း လက်ထဲငွေရှိလာရင်တော့ ပြဿ နာတစ်
ခုကြောင့်ပြန်ကုန်ပြန်ရော
ဝ ကြွင်း လက်ထဲငွေရှိတာနဲ့ ဝယ်ချင်တာတွေအကုန်
စွတ်ဝယ်တာ

၁ ကြွင်းမဟာဘုတ်ကိုသုသေသနပြုလုပ်ခြင်း
=========================
၁ ကြွင်း ကျားနဲ့မ နှစ်မျိုးရှိတယ်
အဲဒီမှာကျွန်တော်တို့ကနေ့အလိုက်တွေရဲ့ဥာဉ်
တွေနဲ့ပေါင်းစပ်လိုက်ရင် ကျား ၇ မျိုး မ ၇ မျိုး
ထွက်လာမယ် ဒါက အကျဉ်းပိုင်း အကျယ်ပိုင်းမှာ
နာရီနဲ့ပြန်စိတ်လို့ရတယ်

ယခုအပိုင်းမှာကျားနဲ့မ နှစ်မျိုးဘဲရှင်းသွားမှာ
၁ ကြွင်း ကျား ပြဿ နာများ
အဆိုးကိုရှာမှာနော် ဒါမှအဆိုးကိုသိရင်ပြင်လိုက်
တာနဲ့အကုန်ကောင်းသွားမှာ
၁ ကြွင်းဟေ့ ဆိုတာနဲ့ လူအဆိုး ဆိုတာသိထားရ
မယ် လူတွေဆိုးနေတယ် ဘယ်သူတွေလည်း
ဘူဆိုလို့ကတော့အကုန်ပါသွားပြီ အဖေ အမေ
ညီအကိုမောင်နှမ အကုန်ဆိုးနေတာ အကုန်ဆိုတယ်
ဆိုလို့မိဘတွေကိုလူဆိုးလို့သတ်မှတ်မှာလား
ဘယ်သူအထောက်အပန့်မှမရဘဲ ကိုယ့်ဒူးကိုယ်ချွန်
ဇာတာ အဲလိုဆိုလိုတာ ကိုယ်ဘဝကိုကိုယ်ရုန်းတက်
လာရတယ် အဲဒီတော့ကိုယ်စွမ်းကိုယ်စတွေထုတ်
ရတယ် ၁ ကြွင်းမှန်ရင်ညဏ်ကောင်းတယ် ဘာလို့
လည်း ကိုယ်စွမ်းမှ ကိုယ်ရမှာ ကူညီမဲ့သူပေါနေလို့
ကတော့အစွမ်းတွေထွက်မလာဘူး
အိမ်ပြောင်း အလုပ်ပြောင်း ကျောင်းပြောင်း အဲလို
မကြာခနဖြစ်တဲ့ဇာတာ အိမ်ထောင်ရေးကိုကြည့်
ပြန်တော့လည်းမတည်ငြိမ်မှု ကွဲလိုက်ပေါင်းလိုက်
တွေခနခနဖြစ်တယ်
လာပြီ ကျွန်တော်ကတော့အိမ်ထောင်ရေးကောင်း
ပါတယ်တဲ့ ၁ ကြွင်း အဲဒါဆိုသူယူတဲ့မိန်းမက
ကျမ်းမာရေး လူမှု ရေးအားနည်းနေလိမ့်မယ်
အဲလိုဆိုလိုတာ
သားသမီးတွေရပြန်တော့ တစ်ယောက်တစ်မျိုးဆိုး
နေပြန်ရော ကျွန်တော့သားသမီးတွေမဆိုးပါဆို
ရင်တော့ ဒီခလေး လူစဉ်မမှီ ညဏ်ရေမမှီလို့ဘဲ
မိန်းမဘက်ကအမျိုးတွေ ကိုယ့်အမျိုးတွေများလေ
ပြဿ နာတွေများလေဘဲ ကွဲလိုက်ပေါင်းလိုက်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်
၁ ကြွင်းမတွေကြည့်လိုက်ပြန်တော့ယူတဲ့ယောင်္ကျား
ကလူဖြစ်နေပြန်တယ် ကိုယ်ကလူအဆိုး ဇာတာ
အရက်သောက်တတ်သူနဲ့ညားလောင်းကစားသမား
အိမ်ထောင်ရှုပ်သူနဲ့ညား အဲလိုမဟုတ်ဘူးကျွန်မ
ယောက်ကျားကလူတော်လူကောင်းပါဆိုရင်တော့
ခြေလက်မကောင်းတဲ့သူကျမ်းမာရေးညံ့သူဘဲဖြစ်
နေလိမ့်မယ်
သီအိုရီက သီအိုရီဘဲ အခြေအနေပေါ်မှာပြောင်း
လည်းပြီးဖြစ်တာ
အဲဒီတော့ ၁ ကြွင်း ကျားမ အရမ်းတော်ပါတယ်
ကိုယ်တိုင်ဆိုးရင်ဆိုး မဆိုးရင်ဘေးလူတွေဆိုး
အဲဒီဒဏ်ခံနိုင်ရင်တော့ ဒီတစ်ကြွင်းတိုးတက်ပြီ
အဲဒီတော့ ကိုယ့်ကျင့်တရားကိုနိုင်အောင်ထိမ်း
အမိအဖစောက့်ရှောက်
အသိုင်းအဝိုင်းကိုသည်းခံ
ရိုးရိုးကျင့် မြင့်မြင့်ကြံ
အဲဒီ ၁ ကြွင်းတိုးတက်တယ်

အကြွင်း (၇) ပါးရဲ့စိတ်သဘောထား
====================
မိန်းခလေးတွေပြောကြည့်ရအောင်
၁ ကြွင်းမဟာဘုတ် အာကျယ်
၂ ကြွင်း မဟာဘုတ် ထင်ရာလုပ်
၃ ကြွင်းမဟာဘုတ် ပစိပစပ်
၎ ကြွင်းမဟာဘုတ် စပ်စပ်စုစု
၅ ကြွင်းမဟာဘုတ် ငွေခင်
၆ ကြွင်းမဟာဘုတ် အတင်းတုတ်
ဝ ကြွင်းမဟာဘုတ် ပေါ်ပြူ လာ

ဒါကစတာဘာ တကယ်လို့မယူပါနဲ့
တကဲ့အစစ်အကြွင်းကဒီလိုပါ
၁ ကြွင်းမဟာဘုတ် အနစ်နာခံ
၂ ကြွင်းမဟာဘုတ် သံယောဇဉ်ကြီး
၃ ကြွင်းမဟာဘုတ် စိတ်သဘောဖြူ
၎ ကြွင်းမဟာဘုတ် ကယ်တင်ရှင်
၅ ကြွင်းမဟာဘုတ် အလှူ ရှင်
၆ ကြွင်းမဟာဘုတ် အေးအေးနေ
ဝ ကြွင်းမဟာဘုတ် သနားတတ်
ဒါကမှ မိန်းခလေးတွေရဲ့အကြွင်း ၇ ပါးစရိုက်အစစ်
ကြီးပါ အပေါ်ကစတာကိုပယ်ပြစ်ပါ


Saturday, June 22, 2019

ဂဋုန် ပုန်းခိုက် ပုတ်သင်မိုက် ကိုက်လေနှစ်ပါးသေ

ဂဋုန်ပုံးခိုက်ပုတ်သင်မိုက် ကိုက်လေနှစ်ပါးသေ
======= ====== =============
လင်္ကာတွေကတော့အတော်ဆိုလို့ကောင်းတာဘဲ ဒါပေမဲ့ဒီနေ့ခေတ်မှာအတုတရာ ဖြစ်နေတဲ့ကိစ္စ
တွေ ***** ဘယ်လိုလုပ်ရမလည်း
အမှန်တော်တော်များများကိုသိပေမဲ့ဖွင့်မပြရဲတဲ့ဘဝ
သူတော်စဉ်လက်ထဲမှာတန်ဘိုးရှိပေနဲ့သူယုတ်မာ
လက်မှာတန်ဘိုးမဲ့သွားတတ်လို့ သိသမျှထဲက
တစ်ခုကို မိတ်ဆွေတို့ကိုသိစေချင်တဲ့သဘောနဲ့နည်း
နည်းလေးလှစ်ပြခဲ့ပါတယ်
ပေးချင်တာတော့မဟုတ်ဘူး စေတနာရှိလို့လည်းပေး
တာမဟုတ်ဘူး အများနဲ့တစ်ယောက် အများကောင်း
စားဘို့ရည်ရွယ်ခဲ့တာ တန်ဘိုးမသိတဲ့လူတစ်ယောက်
တလေအတွက်ကြည့်နေလို့အများနစ်နာမယ် ဒီသဘောနဲ့ချပြပေးတာ အများကောင်းစားမယ်အများ
အကျိုးရှိမဲ့အရေးတွေးပြီးပေးမှာ
ပညာကောင်းတွေတင်ပေးတယ် သူ့တို့ကိုယ်တိုင်
တည်ထွင်ဟန်နဲ့ ကိုယ်ပိုင်အကောင့်တွေမှာကော်ပီ
ယူပြီးထပ်တင်တယ် အဲလိုမဖြစ်အောင်ဒီပို့စ်ကို
အာဏာစက်ပေးပြီးတင်မယ်
အကယ်၍များဤပညာခန်းကိုခိုးယူသုံးစွဲမည်ဆိုပါ
ပညာစူးပြီးခိုးယူသုံးစွဲသူသည်ဝိဇ္ဇာတို့၏ဒဏ်ခတ်မှု
ဖြင့် အကာလမာရဏဘေးများကျရောက်မည်ဖြစ်ပါ
သည်
ဤပညာခန်းကိုအသုံးပြုမည်ဆိုပါက စာပိုင်ရှင်ထံမှာ
ဆရာရှင့် /ဆရာခင်ဗျား ဤပညာကိုအသုံးပြုခွင့်ပြု
ပါ ဟု အာဏာစက်ယူရမည်ဖြစ်ပါသည်
တနင်္ဂနွေသားသမီးများ
==============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အရှေ့မြောက်
အရပ်တွင် တနင်္ဂနွေသား၏ ပဉ္စပွတ် ဆပွတ်နံဖြစ်သော
ပျဉ်းတော်သိမ်/ ဖက်သန်းအပင်များကိုစိုက်မိပါက နေ့
သား၏စီးပွားလုပ်ငန်းများသည် အပင်ကြီးလာလေ
စီးပွားပျက်လေဖြစ်တတ်ပါသည်
တနင်္လာသားသမီးများ
=============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အရှေ့အရပ်
တွင် တနင်္လာသား၏ပဉ္စပွတ် ဆပွတ် နံဖြစ်သောသနပ်
ပင်များကိုစိုက်မိပါကနေ့သား၏စီးပွားလုပ်ငန်းများသည်အပင်ကြီးလာလေ စီးပွားကျလေဖြစ်ပါသည်
အင်္ဂါသားသမီးများ
============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏အရှေ့တောင်
အရပ်တွင်အင်္ဂါသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော
ထအောင်းပင်များစိုက်မိပါက နေ့သား၏စီးပွားလုပ်ငန်း
များသည်အပင်ကြီးလာလေစီးပွားပျက်လေဖြစ်တတ်ပါ
သည်
ဗုဒ္ဓဟူးသားသမီးများ
==============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ တောင်အရပ်
တွင် ဗုဒ္ဓဟူးသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော အင်ကျင်း
ပင်/ အကျော်ပင်များစိုက်မိပါက နေ့သား၏စီးပွားလုပ်
ငန်းများ အပင်ကြီးလာလေ စီးပွားပျက်လေ ဖြစ်တတ်
ပါသည်
ကြာသပတေးသားသမီးများ
==================
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အနောက်
အရပ်တွင် ကြာသပတေးသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်
သော ကဇွန်းပင် ကညင်ပင် ကြက်ဆူပင်များစိုက်မိပါ
က နေ့သား၏စီးပွားလုပ်ငန်းများအပင်ကြီးလာလေ
စီးပွားပျက်လေဖြစ်တတ်ပါသည်
သောကြာသားသမီးများ
===============
မိမိ၏ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ မြောက်အရပ်
တွင်သောကြာသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော
ဇောင်းလျှားပင် ဇလပ်ပင် ဇီဇဝါပင်များစိုက်မိပါက
နေ့သား၏စီးပွားလုပ်ငန်းများအပင်ကြီးလာလေစီးပွား
ပျက်လေဖြစ်တတ်ပါသည်
စနေသားသမီးများ
============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏အနောက်
တောင်အရပ်တွင်စနေသား၏ပဉ္စပွတ် ဆပွတ်နံဖြစ်
သော လက်ပန်ပင် လမုပင် လက်ဖက်ပင်များစိုက်ပျိုး
မိပါကနေ့သား၏စီးပွားလုပ်ငန်းများသည် အပင်ကြီး
လာလေစီးပွားပျက်လေဖြစ်တတ်ပါသည်
ကျမ်းကိုး
=======
ကျမ်းရင်းလင်္ကာ ပ/ဒု/တ
အရှင်ဣန္နာဝံသမထေ အင်္ဂဝိဇ္ဇာကျမ်း
အဗျင်းဆရာတော် ဗေဒင်ခေါင်းဆောင်ကျမ်း
လောကီပညာညွန့်ပေါင်း