Saturday, June 22, 2019

ဂဋုန် ပုန်းခိုက် ပုတ်သင်မိုက် ကိုက်လေနှစ်ပါးသေ

ဂဋုန်ပုံးခိုက်ပုတ်သင်မိုက် ကိုက်လေနှစ်ပါးသေ
======= ====== =============
လင်္ကာတွေကတော့အတော်ဆိုလို့ကောင်းတာဘဲ ဒါပေမဲ့ဒီနေ့ခေတ်မှာအတုတရာ ဖြစ်နေတဲ့ကိစ္စ
တွေ ***** ဘယ်လိုလုပ်ရမလည်း
အမှန်တော်တော်များများကိုသိပေမဲ့ဖွင့်မပြရဲတဲ့ဘဝ
သူတော်စဉ်လက်ထဲမှာတန်ဘိုးရှိပေနဲ့သူယုတ်မာ
လက်မှာတန်ဘိုးမဲ့သွားတတ်လို့ သိသမျှထဲက
တစ်ခုကို မိတ်ဆွေတို့ကိုသိစေချင်တဲ့သဘောနဲ့နည်း
နည်းလေးလှစ်ပြခဲ့ပါတယ်
ပေးချင်တာတော့မဟုတ်ဘူး စေတနာရှိလို့လည်းပေး
တာမဟုတ်ဘူး အများနဲ့တစ်ယောက် အများကောင်း
စားဘို့ရည်ရွယ်ခဲ့တာ တန်ဘိုးမသိတဲ့လူတစ်ယောက်
တလေအတွက်ကြည့်နေလို့အများနစ်နာမယ် ဒီသဘောနဲ့ချပြပေးတာ အများကောင်းစားမယ်အများ
အကျိုးရှိမဲ့အရေးတွေးပြီးပေးမှာ
ပညာကောင်းတွေတင်ပေးတယ် သူ့တို့ကိုယ်တိုင်
တည်ထွင်ဟန်နဲ့ ကိုယ်ပိုင်အကောင့်တွေမှာကော်ပီ
ယူပြီးထပ်တင်တယ် အဲလိုမဖြစ်အောင်ဒီပို့စ်ကို
အာဏာစက်ပေးပြီးတင်မယ်
အကယ်၍များဤပညာခန်းကိုခိုးယူသုံးစွဲမည်ဆိုပါ
ပညာစူးပြီးခိုးယူသုံးစွဲသူသည်ဝိဇ္ဇာတို့၏ဒဏ်ခတ်မှု
ဖြင့် အကာလမာရဏဘေးများကျရောက်မည်ဖြစ်ပါ
သည်
ဤပညာခန်းကိုအသုံးပြုမည်ဆိုပါက စာပိုင်ရှင်ထံမှာ
ဆရာရှင့် /ဆရာခင်ဗျား ဤပညာကိုအသုံးပြုခွင့်ပြု
ပါ ဟု အာဏာစက်ယူရမည်ဖြစ်ပါသည်
တနင်္ဂနွေသားသမီးများ
==============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အရှေ့မြောက်
အရပ်တွင် တနင်္ဂနွေသား၏ ပဉ္စပွတ် ဆပွတ်နံဖြစ်သော
ပျဉ်းတော်သိမ်/ ဖက်သန်းအပင်များကိုစိုက်မိပါက နေ့
သား၏စီးပွားလုပ်ငန်းများသည် အပင်ကြီးလာလေ
စီးပွားပျက်လေဖြစ်တတ်ပါသည်
တနင်္လာသားသမီးများ
=============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အရှေ့အရပ်
တွင် တနင်္လာသား၏ပဉ္စပွတ် ဆပွတ် နံဖြစ်သောသနပ်
ပင်များကိုစိုက်မိပါကနေ့သား၏စီးပွားလုပ်ငန်းများသည်အပင်ကြီးလာလေ စီးပွားကျလေဖြစ်ပါသည်
အင်္ဂါသားသမီးများ
============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏အရှေ့တောင်
အရပ်တွင်အင်္ဂါသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော
ထအောင်းပင်များစိုက်မိပါက နေ့သား၏စီးပွားလုပ်ငန်း
များသည်အပင်ကြီးလာလေစီးပွားပျက်လေဖြစ်တတ်ပါ
သည်
ဗုဒ္ဓဟူးသားသမီးများ
==============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ တောင်အရပ်
တွင် ဗုဒ္ဓဟူးသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော အင်ကျင်း
ပင်/ အကျော်ပင်များစိုက်မိပါက နေ့သား၏စီးပွားလုပ်
ငန်းများ အပင်ကြီးလာလေ စီးပွားပျက်လေ ဖြစ်တတ်
ပါသည်
ကြာသပတေးသားသမီးများ
==================
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ အနောက်
အရပ်တွင် ကြာသပတေးသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်
သော ကဇွန်းပင် ကညင်ပင် ကြက်ဆူပင်များစိုက်မိပါ
က နေ့သား၏စီးပွားလုပ်ငန်းများအပင်ကြီးလာလေ
စီးပွားပျက်လေဖြစ်တတ်ပါသည်
သောကြာသားသမီးများ
===============
မိမိ၏ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏ မြောက်အရပ်
တွင်သောကြာသား၏ပဉ္စပွတ်ဆပွတ်နံဖြစ်သော
ဇောင်းလျှားပင် ဇလပ်ပင် ဇီဇဝါပင်များစိုက်မိပါက
နေ့သား၏စီးပွားလုပ်ငန်းများအပင်ကြီးလာလေစီးပွား
ပျက်လေဖြစ်တတ်ပါသည်
စနေသားသမီးများ
============
မိမိ၏ ပရိဝါရ အရပ်ဖြစ်သော နေအိမ်၏အနောက်
တောင်အရပ်တွင်စနေသား၏ပဉ္စပွတ် ဆပွတ်နံဖြစ်
သော လက်ပန်ပင် လမုပင် လက်ဖက်ပင်များစိုက်ပျိုး
မိပါကနေ့သား၏စီးပွားလုပ်ငန်းများသည် အပင်ကြီး
လာလေစီးပွားပျက်လေဖြစ်တတ်ပါသည်
ကျမ်းကိုး
=======
ကျမ်းရင်းလင်္ကာ ပ/ဒု/တ
အရှင်ဣန္နာဝံသမထေ အင်္ဂဝိဇ္ဇာကျမ်း
အဗျင်းဆရာတော် ဗေဒင်ခေါင်းဆောင်ကျမ်း
လောကီပညာညွန့်ပေါင်း



No comments:

Post a Comment