Sunday, September 15, 2019

ချစ်သူနှင့်ကွဲသောမဟာဘူတ်ပိုင်ရှင်များ

တစ်ကြွင်းမဟာဘုတ်ပိုင်ရှင်များ
==================
တစ်ကြွင်းများသည်ချစ်သူနှင့်ကွဲသောအခါ တွေ့ကရာဆိုင်များတွင်အစားအသောက်များနှင့်မုန့်များကို
အသားကုန်စားလေသည်။
မှတ်ချက်--  တစ်ကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ဒေါသသမားများဖြစ်ကြလေသည်။

 နှစ်ကြွင်းမဟာဘုတ်ပိုင်ရှင်များ 
=================
နှစ်ကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါသီလရှင်ယောဂီတလလောက်ဝတ်ကြလေသည်။
မှတ်ချက်--နှစ်ကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ဘာသာရေးသမားများဖြစ်ကြလေသည်။

သုံးကြွင်းမဟာဘုတ်ပိုင်ရှင်များ
================ 
 သုံးကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါမိမိတွင်စုထားသောငွေကြေးများနှင့်မြန်မာ
ပြည်အနှံ့ဘုရားဖူးထွက်ကြလေသည်။
မှတ်ချက်--သုံးကြွင်းများသည်စိတ်ညစ်မခံတတ်သူများဖြစ်ကြလေသည်။

လေးကြွင်းမဟာဘုတ်ပိုင်ရှင်များ
==================
 လေးကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါ ကာရာအိုကေဆိုင်တွင်သီချင်းသွားဆို
ကြလေသည် ။
မှတ်ချက်--လေးကြွင်းမဟာဘုတ်ပိုင်ရှင်များသည်မခံချင်စိတ်ကြီးမားသူများဖြစ်ကြလေသည် 

ငါးကြွင်းမဟာဘုတ်ပိုင်ရှင်များ
=================
ငါးကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါမိမိတွင်စုထားသောငွေကြေးများကို
လူအိုရုံတွင်လှူလိုက်လေသည်။
 မှတ်ချက်--     ငါးကြွင်းမဟာဘုတ်ပိုင်ရှင်များသည် ပရဟိတစိတ်ရှိသူဖြစ်သည်။

ခြောက်ကြွင်းမဟာဘုတ်ပိုင်ရှင်များ
===================
ခြောက်ကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါနောက်ချစ်သူတစ်ယောက်ကို
တလအတွင်းထားလေသည်
မှတ်ချက်-  -ခြောက်ကြွင်းများသည်အလွန်ရိုးအလွန်းသောကြာင့်လူလိမ်မခံရအောင်အဖေါ်တစ်ယောက်
အနားမှာရှိနေတာပိုကောင်းမည်ဟုထင်သောကြောင့်ဖြစ်သည်

သုံညကြွင်းမဟာဘုတ်ပိုင်ရှင်များ
==================
သုံညကြွင်းမဟာဘုတ်ပိုင်ရှင်များသည်ချစ်သူနှင့်ကွဲသောအခါချုံးပွဲချငိုလေသည် ငို၍၀သောအခါ
ဟားတိုက်ပြီးရီသည်
မှတ်ချက်--  ၀ကြွင်းမဟာဘုတ်ပိုင်ရှင်များသည် ရုပ်ရှင်မင်းသမီးများပင်ဖြစ်သည် ။




 

No comments:

Post a Comment