Sunday, October 20, 2019

အင်္ဂ၀ိဇ္ဖာ ဆေးပညာ

ဒီနေ့ ဇာတာနှစ်ဦးစစ်ပါတယ်လင်မယား
နှစ်ယောက်စလုံးပါ
မေးခွန်းက ခလေးရနိုင် မရနိုင်ပါ
ဒီမေးခွန်းကိုလူပေါင်းများစွာမေးကြပါတယ်
ဆရာဝန်တွေနဲ့ဆွေးနွေးကြည့်ပါတယ်တိကျတဲ့
အဖြေမရခဲ့ပါ
နှစ်ပေါင်းတစ်ရာကျော်က ကာမာရတနာကျမ်း
စွန်းလွန်းဆရာတော်ဆေးကျမ်း ၃ ရာသီဆေးကျမ်း
အင်္ဂဝိဇ္ဇာဆေးကျမ်း အဲဒါတွေကိုလေ့လာတော့
လည်းအားမရခဲ့
ကိုယ်တိုင်ဆေးပညာနဲ့အင်္ဂဝိဇ္ဇာပေါင်းစပ်တော့မှ
အဖြေတစ်ခုထွက်လာပါတယ်
အင်္ဂလိပ်နည်းကတော့ ဒေါက်တာမောင်မောင်ညို
ဒေါက်တာအောင်ခင်ဆင့်တို့ကျမ်းတွေကိုလေ့လာ
ခဲ့ပါတယ်
ဆရာပီမိုးနင်းရဲ့ ကာမသျှတရကျမ်း တိုင်းရင်းဆေး
ပညာကျမ်းပုဂ္ဂလပညတ်ဆေးကျမ်းတွေကိုလေ့
လာခဲ့ပါတယ်
အဲဒီတော့ ခလေးရနိုင်မရနိုင်ကိုစစ်ကြရအောင်
ပထမဦးဆုံး နှစ်ဦးစလုံးရဲ့တံဆာလိင်ဘာဝကို
စစ်ဆေးရပါမယ် အောင်မြင်မှုရှိမရှိ
ပြီးရင် သုတ်သွေးထဲ မှာသန္ဓေသားဖြစ်နိုင်တဲ့
စပန်းကောင်လေးတွေအောင်မြင်မှု ရှိမရှိ
စစ်ရပါမယ်
ပြီးရင်အမျိုးသမီးရဲ့သားအိမ်စစ်ရပါမယ်
သားအိမ် အနေအထားမှန်မမှန် ကြည့်ရပါမယ်
အမျိုးသားလိင်ဘာဝမှာ ပြီးဆုံးချိန်ထိအောင်
မြင်မှု ရှိမရှိထပ်စစ်ရပါမယ်
စပန်းအောင်လည်း သားအိမ်အားနည်းရင်အမျိုး
သမီးမှာခလေးမရပါ
မီးယပ်သွေးကပုံမှန်ဘဲနော် ခလေးတာမရတာ
တေဇောဦးစီးနေရင်ခလေးမရဘူး
မူလဇာတာပိုင်းစစ်ပါ
အင်္ဂဝိဇ္ဇာပိုင်းမှာစစ်ပါ ဒဿာပိုင်းစစ်ပါ
မွေးချိန်မှာ သားအိမ်ပိုင်းတွေစစ်ပါ
အမျိုးသားလိင်ဘာဝကို မွေးချိန်မှာစစ်ပါ


No comments:

Post a Comment