Tuesday, December 3, 2019

စတုရန်းဂြိုဟ်အဖွင့်


စတုရန်းဂြိုလ်အဖွင့်
=============
အထက်လူကြီးစိတ်ဆိုးပြေစေရန်

ကျမ်းရင်းလင်္ကာ အပိုဒ် (၇)မှာဖွင့်ဆိုထားတဲ့ အောင်လံတေဇသကျမှီအုန်းနန္ဒီသေနထုံး

ကျမ်းရင်းလင်္ကာ အတွဲ ၁ စာမျက်နှာ ၃၁ အပိုဒ်၃၉
မှာဖွင့်ဆိုထားတာကတော့ စတုရန်းသက်သက်ကစား
ကွက်မှာ စတုရန်းနှစ်ဆင့်ကစားမှ ဓါတ်သက်ဝင်တဲ့
သဘောကိုပြောထားတာတွေ့ရပါတယ် ဒီနေရာမှာ
ကျွန်တော်တို့ကဥာဏ်ကစားမှဖြစ်မှာ

တဆင့်ထဲရိုက်မယ်ဆို တြိရန်းဒါမှမဟုတ်ပဉ္စပွတ်ကို
ပြန်တွဲနိုင်မှရမယ်

ဒီကစားကွက်ကို ကုမဏ္ဍီတို့ရုံးတို့အထက်လူကြီး
တွေနဲ့အဆင်ပြေစေဘို့ပြုတ်ခါနီး ပြောင်းရခါနီး
ဆဲဆဲမှာ ဒီကစားကွက်ကိုသုံးရမှာ

ဓါတ်ယတြာဖြစ်လို့ယူသုံးသူတွေအတွက်အာဏာစက်
လိုပါတယ် ဒီယတြာကိုအသုံးပြုမယ်ဆိုရင်တော့
အသုံးပြုခွင့်ပြုပါဆရာဟုကွန့်မန့်ရေးဘို့လိုပါတယ်

အခြားသောဆရာ ဆရာမများလည်း မိမိအသုံးပြုမယ်
တခြားသူတွေကိုလည်းမျှဝေမယ်ဆိုရင်အာဏာစက်
ယူဘို့လိုပါတယ် ဂုဏ်သိက္ခာအရ တိတ်တဆိတ်
ယူသုံးမည်ဆိုပါက အောင်မြင်မည်မဟုတ်ပါ

တနင်္ဂနွေသားသမီး
===========
အထက်လူကြီးများ မျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
လင်းလွန်းသားကိုဆင်ရုပ်ထုပြီးဆောင်ကာလူကြီး
နှင့်စကားပြောပါကမိမိတွင်ရှိသောအပြစ်များပိန်းကြာ
ရွက်ပေါ်တွင် ရေမတင်သကဲ့သို့လျှောကျသွားမည်
ဖြစ်ပါသည်

တနင်္လာသားသမီး
===========
အထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
ပျဉ်းမသားကို ကြွက်ရုပ်ထုပြီးဆောင်ကာ လူကြီးနှင်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါသည်

အင်္ဂါသားသမီး
=========
ထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
သီဟိုသားကိုပူးရုပ်ထုပြီးဆောင်ကာ လူကြီးနှင့်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါ
သည်

ဗုဒ္ဓဟူးသားသမီး
==========
ထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
ထနောင်းသားကိုနဂါးရုပ်ထုပြီးဆောင်ကာ လူကြီးနှင့်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါ
သည်

ကြာသပတေးသားသမီး
==============
ထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
အင်သားကို ဂဠုန်ရုပ်ထုပြီးဆောင်ကာလူကြီးနှင့်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါ
သည်

သောကြာသားသမီး
============
ထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
ကန့်ကော်သားကိုကျားရုပ်ထုပြီးဆောင်ကာ လူကြီးနှင့်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါ
သည်

စနေသားသမီးများ
===========
ထက်လူကြီးများမျက်မုန်းကျိုး၍ညိုညင်ခဲ့သော်
စစ်စီးသားကိုခြင်္သေ့ရုပ်ထုပြီးဆောင်ကာလူကြီးနှင့်
စကားပြောပါက မိမိတွင်ရှိသောအပြစ်များပိန်းကြာရွက်
ပေါ်တွင်ရေမတင်သကဲ့သိုံ့လျှောကျသွားမည်ဖြစ်ပါ
သည်

ဒီနေရာမှာပြောစရာအနည်းငယ်ရှိပါသည်
ဆရာမြတ်ထွဋ်ခေါင်ရယ် ခင်ဗျားကကျွန်တော်တို့စား
ကွက်တွေအွန်လိုင်းမှာအကုန်ချပြနေတော့ ကျွန်တော်
တို့ကဘာနဲ့လုပ်စားတော့မလည်း

ဟုတ်ပါတယ် အများအတွက်ဆိုပြီး ကျွန်တော်ကစေ
တနာနဲ့ချပြခဲ့ပေမဲ့ တိုက်ခိုက်မှုတွေအများကြီးကြုံ
ခဲ့ပါတယ် ဝေဖန်မှုတွေကြုံခဲ့ပါတယ်

ကျမ်းပြုအကျော် တစ်ယောက်ဖြစ်ဘို့ကျိုးစားခဲ့ပါတယ် တကယ်ဒီနေ
ရာရောက်တော့မှလူသားအကျိုးပြုပညာတွေချမပြခဲ့
ဘူးဆိုရင်လူသားမဆန်ဘူးလို့ကိုယ့်ကိုယ်ကိုထင်မိ
လို့ပါ ပညာရှင်တွေအားလုံးခွင့်လွတ်ပါ အားလုံးဆရာ
စဉ်ဆက်မြုတ်ထားခဲ့တဲ့အဆင့်မြင့်ပညာတွေဖွင့်ချ
ခဲ့မိပါတယ်
 
 

1 comment:

  1. အသုံးပြုခွင့် ပေးပါဆရာမြတ်ထွဋ်‌ေါင်ခငိများ

    ReplyDelete