Monday, January 6, 2020

အင်္ဂ၀ိဇ္ဖာအဟောသင်ခန်းစာ

တနင်္ဂနွေတိုင်ပညာခန်း
=============
အင်္ဂဝိဇ္ဇာအဟောသင်ခန်းစာများ (၁)
================
တနင်္ဂနွေနေ့မနက် ၆ နာရီမှ ၇ နာရီ
တွင်းနေလ နက္ခတ်သဘော ဂြိုလ်များ၏တည်နေပုံ



၁= မူလ



ဘာသာရေးကိစ္စဖြင့်ခရီးထွက်လိုခြင်း
မင်္ဂလာဆောင်ကိစ္စများ
နတ်ပွဲ အဘဘိုးမင်းခေါင်ပွဲများ
စီးပွားရေးလုပ်ငန်းအောင်မြင်ပြီးငွေရနေချိန်
ရာထူးတက်ခြင်း
အပူဇော်ခံရခြင်း
စင်မြင့်ထက်တွင်ဟောပြောခြင်း
အိုးအိမ်ဝယ်နိုင်ခြင်း / အိုးသစ်အိမ်သစ်ရခြင်း
မိတ်ဆွေဟောင်းများနှင့်ဆုံတွေခြင်း
အဝေးမှကောင်းသတင်းကြားရခြင်း
အိမ်ထောင်ပရိဘောဂများဝင်ခြင်း
ထိုအချိန်ဗေဒင်လာမေးသူသည် အထက်ပါအကြောင်း
တရားများနှင့်တိုက်ဆိုင်နေလိမ့်မည်

အင်္ဂဝိဇ္ဇာအဟောသင်ခန်းစာ(၂)
================
တနင်္လာနေ့ ၁၂ နာရီမှ ၁နာရီခွဲတွင်း
နေလနက္ခတ်ဂြိုလ်တို့၏သဘော



၁= မူလ



အိမ်ခြံမြေအမှုကိစ္စများနှင့်ကြုံတွေ့နေခြင်း
စီးပွားရေးစပ်တူလုပ်၍ဆုံးရှုံးခြင်း
စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန်စိတ်ကူးယဉ်နေခြင်း
ခရီးသွားမည့်ကိစ္စမအောင်မြင်ခြင်း
အိမ်ထောင်ရေးသောကရောက်ခြင်း
ကျမ်းမာရေးတွင်ဒူးနာခြင်း အာရုံကြောညပ်ခြင်း
လက်ရှိလုပ်ကိုင်နေသောစီးပွားရေးရပ်တန့်သွားခြင်း
မိမိဇနီးမယားတွင်ကိုယ်ဝန်ရှိခြင်း သို့မဟုတ် ပျက်ခြင်း
ငွေကျပျောက်ခြင်း အလိမ်ခံရခြင်း
အမျိုးများကိစ္စကြောင့်စိတ်ညစ်ရခြင်း

အင်္ဂဝိဇ္ဇာအဟောသင်ခန်းစာ(၃)
=================
အင်္ဂါနေ့မနက် ၇နာရီခွဲမှ ၉နာရီတွင်းဂြိုလ်နက္ခတ်
တို့၏ရပ်တည်မှုသဘော



၁=မူလ



အနီးကပ် ပူးတွဲအုပ်စုများနှင့်အမှုဖြစ်ခြင်း
မိသားစုညီအကိုမောင်နှမများနှင့်ငွေကြေးပြဿနာ
တက်ခြင်း အမှုဖြစ်ခြင်း
ပူးတွဲရှယ်ရာပြဿနာတက်ခြင်းစုမဲကိစ္စများလိမ်ခံရခြင်း
မိမိကျမ်းမာရေးနှင့်မိသားစုကျမ်းမာရေးကြောင့်စိတ်
ညစ်ရခြင်း
ငွေလိမ်ခံရခြင်း
အိမ်ရှင်အိမ်ငှာပြဿနာများ
အလုပ်ရှင်အလုပ်သမားပြဿနာများ
မှတ်ချက် တနင်္ဂနွေသားသမီး ၂၇ ၃၅ ၄၃ ၅၁
အင်္ဂါသားသမီး ၂၆ ၃၄ ၄၂ ၅၀
သက်ရောက်အဟောနှင့်အထက်ပါအချိန်ရောက်ရှိ
အဟောမှာတူညီပါသည်
မည်သည့်ကျမ်းနှင့်မျှမညှိဘဲ မိမိသက်ရောက်နှင့်သာ
ချိန်ဆကြည့်ပါ တိုက်ဆိုင်လျှင်ရှယ်ပြီးမတိုက်ဆိုင်လျှင်ပယ်နိုင်ပါသည်။

အင်္ဂဝိဇ္ဇာ အဟောသင်ခန်းစာ(၄)
================
စနေနေ့ ၁၀ နာရီခွဲမှ ၁၂ နာရီတွင်းနရီနက္ခတ်
သဘော



၁= မူလ



မိတ်ကောင်းဆွေကောင်းများနှင့်ဘာသာရေးတွဲဖက်
လုပ်ရခြင်း
ကြွေးဟာင်းများပြန်လည်ရှိခြင်း
မိသားစုဘုရားဖူးထွက်ရခြင်း
တန်ခိုးကြီးဘုရားဖူးရခြင်း
တန်ခိုးကြီး ဆရာတော်များနှင့်ဆုံတွေ့ရခြင်း ဖူးရခြင်း
မိတ်ဟောင်းဆွေဟောင်းများပြန်ဆုံခြင်းစီးပွားလုပ်ငန်း
တွဲဖက်လုပ်ရခြင်း
အင်္ဂဝိဇ္ဇာတနင်္ဂနွေတိုင် ၄ မျိုး မှာ နာရီအလိုက်ပြောင်း
လည်းမှုများဖြစ်ပေါ်တာကိုတွေ့ရမှာဖြစ်ပါတယ်
အကြောင်းသဘောတရားမှာအခြေခံပြီး အကျိုးတရား
ဖြစ်ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်
နေ့ရဲ့သဘောနဲ့ဆက်စပ်ပြီးအခါသဘောကိုသုံးသပ်
ထားတာဖြစ်ပါတယ်
အကြောင်းအကျိုး အင်္ဂဝိဇ္ဇာပညာဖြစ်ပါတယ်
                                                                                 ဆရာမြတ်ထွဋ်ခေါင်
                                                                            ( အင်္ဂဝိဇ္ဇာကျမ်းပြုပညာရှင်)




No comments:

Post a Comment