Friday, July 24, 2020

တစ်ကြွင်းအင်္ဂါ

အင်္ဂါ သားသမီး(၇)မျိုး
=============


 (၁) ကြွင်း အင်္ဂါ      သိုက်ဖွား




 (၂) ကြွင်း အင်္ဂါ      ပုတိဖွား




(၃) ကြွင်း အင်္ဂါ       ဘင်္ဂဖွား




(၄) ကြွင်း အင်္ဂါ       အထွန်းဖွား




(၅) ကြွင်း အင်္ဂါ                         ရာဇဖွား




 (၆) ကြွင်း အင်္ဂါ      အဓိပတိဖွား



 (၀) ကြွင်း အင်္ဂါ      မာရဏဖွား

(၁)ကြွင်းအင်္ဂါ (သိုက်ဖွား)
ဂြိုဟ်
သက်
     (သိုက်)
 ၁၇ (မာရဏ)

၂၅
၁၀  (အထွန်း)

၃၅
၁၉ (အဓိပတိ)

၅၄
၁၂ (မာရဏ)

၆၆
၂၁  (ရာဇ)

၈၇
မူလ                                           သက္ခတ်




ဂြိုဟ်အိပ်ကြီး
၁၅
၂၁

၁၇
၁၂
၁၉
၁၀

ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၈)နှစ်တွင်း ကံဇာတာ

ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၈)နှစ်တွင်း ကံဇာတာမှာ မူလအိမ်ရှင်သခင်ဂြိုဟ်သည် မဟာဘုတ်ဇာတာတွင် သိုက်နယ်မြေဖြစ်သောကြောင့် ထိုနှစ်အပိုင်းအခြားတွင် အမိအဖတို့ငွေကြေးအဆင်ပြေခြင်း ငွေကြေးစုဆောင်းမိခြင်းတို့ကြောင့် ငယ်ဘ၀တွင် အဆင်ပြေနေနိုင်ခဲ့ပါသည် နေအိမ်တိုက်တာအဆောင်အဦးများကိုယ်ပိုင်မဟုတ်သော်လည်း အမိအဖတို့ အဆင်ပြေမှုကြောင့် အေးချမ်းစွာနေထိုင်ခဲ့ရချိန်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၈)နှစ် မှ အသက်(၂၅)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ်သည် မဟာဘုတ်ဇာတာတွင် မာရဏနေရာတွင်ရပ်တည်နေပြီး မွေးနံနှင့်အတွင်းရန် (ရာဇာ) ကြရောက်နေသောကြောင့် ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ပြုပါကအိမ်ထောင်းရေးမတည်ငြိမ်ခြင်း ချစ်သူရည်းစားထားပါကလည်း ယူမည့်အဆင့်ရောက်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခြင်း၊ခွဲခွာရခြင်းများကြုံတွေ့ရမည်ဖြစ်ပြီး ကျန်းမားရေးတွင် ၀မ်းဗိုက်အောင့်ခြင်း၊လေရောဂါဖြစ်ခြင်းများကြုံတွေ့ရမည်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၂၅)နှစ် မှ အသက်(၃၅)နှစ်တွင်း ကံဇာတာ
ဇာတာရှင်သည်ထိုအသက်အပိုင်းခြားတွင် မူလအိမ်ရှင်သခင်ဂြိုဟ်သည် မဟာဘုတ်ဇာတာတွင် အထွန်းအိမ်တွင်ရှိပြီး မူလအင်္ဂါဂြိုဟ်နှင့်ဂြိုဟ်ခြင်းသဘောတူပြီးကောင်းသောနယ်မြေဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်အဆင်ပြေခြင်း၊အစိုးရအမှုထမ်းဖြစ်ပါက ထိုအသက်အပိုင်းအခြားတွင် ရာထူးတက်ခြင်း၊နယ်ပြောင်းရခြင်း၊၀င်ငွေကောင်းခြင်း၊လုပ်ငန်းများအောင်မြင်ခြင်းများ တိုက်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။

ဇာတာရှင်၏ အသက်(၃၅)နှစ် မှ အသက်(၅၄)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလမဟာဘုတ်အိမ်ရှင်သခင်ဂြိုဟ်၏ အဓိပတိ နေရာတွင် ကြသပတေးဂြိုဟ်ရပ်တည်နေပြီး မွေးနံအင်္ဂါဂြိုဟ်၏ (၄) ခွင်မြောက်သော ဘုမ္မိနယ်မြေဖြစ်ပါသည် ကျန်းမားရေး အထူးဂရုစိုက်ရမည့်နယ်မြေဖြစ်ပါသည် အဓိပတိဂြိုဟ်၏သဘောကြောင့် လုပ်ငန်းများသည် အကောင်းအဆိုးမျှနေတတ်ပါသည် စီးပွားရေးလုပ်ငန်းများပုံမှန်လည်ပတ်နေပြီး ဆက်လက်တိုးချဲ့ရန် မသင့်သောကာလဖြစ်ပါသည် ဖြေးဖြေးမှန်မှန်လုပ်သွားသင့်သောနယ်မြေဖြစ်ပါသည်၊ ထိုနယ်မြေတွင် အိမ်ခြံမြေများလည်းပိုင်ဆိုင်ရတတ်ပါသည်။

ဇာတာရှင်၏ အသက်(၅၄)နှစ် မှ အသက်(၆၆)နှစ်တွင်း ကံဇာတာ

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလမဟာဘုတ်အိမ်ရှင်သခင်ဂြိုဟ်၏ မာရဏနေရာတွင် ရာဟုဂြိုဟ်ရပ်တည်နေသောကြောင့် ကျန်းမားရေးပိုင်းတွင်လေနှင့်ဆိုင်သောရောဂါများဖြစ်တတ်ခြင်း မူလမွေးနံဂြိုဟ်နှင့် အတွင်းရန် ရာဇာ ဖြစ်သောကြောင့် ခွဲစိတ်ကုသမှုခံရခြင်း၊အိမ်ထောင်ရေးပြဿနာပေါ်ခြင်း အမိအဖနှင့်ညီအကိုအမောင်နှမများသေဆုံးခြင်း ဆွေမျိုးအုပ်စုများနှင့်ပေါင်းလိုက်ကွဲလိုက်ဖြစ်ခြင်း စုစည်မရခြင်း၊သားသမီးများနေအိမ်မှခွဲခွာသွားခြင်း၊အဝေးသို့တာဝန်ထမ်းဆောင်ရခြင်းများ ကြုံတွေ့ရတတ်ပါသည်။

ဇာတာရှင်၏ အသက်(၆၆)နှစ် မှ အသက်(၈၇)နှစ်တွင်း ကံဇာတာ

ထိုအသက်အပိုင်အခြားတွင်ဇာတာရှင်၏ မူလမဟာဘုတ်ဇာတာတွင် သောကြာဂြိုဟ်သည် ရာဇအိမ်တွင်ရပ်တည်နေပြီး မူလမွေးနံဂြိုဟ်နှင့်အပြင်မိတ်ဖြစ်သောကြောင့် အသက်အရွယ်ကြီးပိုင်းတွင် ကံကောင်းနေသောကာလဖြစ်ပါသည်။ထိုကာလတွင်စီးပွားရေးလုပ်ငန်းများ မိမိမလုပ်ကိုင်နိုင်လျှင်လည်း အခြားသောအထောက်အပံ့တစ်ခုရရှိပြီးလုပ်ငန်းငွေကြေးများအဆင်ပြေခြင်း သားသမီးဆွေမျိုးတို့၏ အထောက်အပံ့ရခြင်း ထီပေါက်ခြင်း ငွေဝင်ခြင်း၊ကောင်းသောခရီးသွားရခြင်းများတိုက်ဆိုင်ကြုံတွေ့ရတတ်ပါ သည်။

*** ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စား
အရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။


No comments:

Post a Comment