Wednesday, September 2, 2020

၃ ကြွင်း အင်္ဂါသားသမီးများ

 

(၃)ကြွင်းအင်္ဂါ (ဘင်္ဂဖွား)

 

ဂြိုဟ်

သက်

     (ဘင်္ဂ)

 ၁၇ (ပုတိ)


၂၅

၁၀ (အဓိပတိ)


၃၅

၁၉ (သိုက်)


၅၄

၁၂ (ပုတိ)


၆၆

၂၁ (မာရဏ)


၈၇

မူလ                                           သက္ခတ်




 

ဂြိုဟ်အိပ်ကြီး

၁၅

၂၁


၁၇

၁၂

၁၉

၁၀

 

 

ဇာတာရှင်၏ အသက်(၁)နှစ် မှ အသက်(၈)နှစ်တွင်း ကံဇာတာ

=================================

 

ဇာတာရှင်သည် ထိုအသက်အပိုင်းအခြား၌ မူလမဟာဘုတ်ဇာတာတွင် အိမ်ရှင်သခင်ဂြိုဟ်သည် ဘင်္ဂနေရာတွင်ရပ်တည်နေသောကြောင့် အမိအဖများနေအိမ်အပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များဖြစ်သောကြောင့် မိမိသည်လည်း နေရာဌာနများ အပြောင်းအရွှေ့များဖြစ်တတ်ပါသည်။

ငယ်ရွယ်စဉ်ကာလတွင်း သွားရောဂါများ အပူကြီးသောအပူနာရောဂါများဖြစ်တတ်ပါသည်။ အိုးအိမ်နေရာပြောင်းရွှေ့မှုများသည် (၈)နှစ်အတွင်း အကြိမ်ကြိမ်ကြုံတွေ့ရတတ်သည်။

 

ဇာတာရှင်၏ အသက်(၈)နှစ် မှ အသက်(၂၅)နှစ်တွင်း ကံဇာတာ

=====================================

 

ဇာတာရှင်သည်ထိုအသက်အပိုင်းခြားတွင် မူလမဟာဘုတ်၏အိမ်ရှင်သခင်ဂြိုဟ်သည် ပုတိနေရာတွင်ရပ်တည်နေသောကြောင့် ထိုအသက်အပိုင်းအခြားတွင် မမျှော်လင့်ဘဲအိမ်ထောင်ကျတတ်ပါသည်။ မူလအင်္ဂါဂြိုဟ်နှင့်ဗုဒ္ဓဟူးသည် (၃x၄) ရာဇာ အတွင်းရန်ဖြစ်သောကြောင့် နေအိမ်မှထွက်ခွာရခြင်း ပြည်တွင်းပြည်ပသို့ခရီးထွက်ရခြင်းများလည်းကြုံတွေ့ရတတ်ပါသည်။ အိမ်တွင်းရေးအုပ်စုမတည်ငြိမ်သောကာလလည်းဖြစ်သည်။ ထိုအသက်အပိုင်းအခြားတွင် အိမ်ထောင်ကျခဲ့သော် အိမ်ထောင်ရေးတည်ငြိမ်မှုမရှိဖြစ်တတ်ပါသည်။

 

ဇာတာရှင်၏ အသက်(၂၅)နှစ် မှ အသက်(၃၅)နှစ်တွင်း ကံဇာတာ

=======================================

 

ဇာတာရှင်သည်ထိုအသက်အပိုင်းခြားတွင် မူလမဟာဘုတ်ဇာတာတွင် အဓိပတိဂြိုဟ်တွင်ရပ်တည်နေသောကြောင့် မိမိလုပ်သမျှသည်ရှေ့သို့မရောက်ဘဲ နောက်ပြန် ပြန်ရောက်နေတတ်ပါသည်၊ အိမ်တွင်းရေးအိမ်ထောင်ရေးတည်ငြိမ်မှုမရှိပါ၊ ငွေဝင်သလောက်ပြန်ကုန်နေသောအချိန်ဖြစ်ပါသည်။

ကျန်းမားရေးမကြာခဏချူခြာသောနယ်မြေဖြစ်ပါသည်၊ လုပ်ငန်းများတိုးချဲ့ခြင်းမပြုလုပ်သင့်သောကာလဖြစ်သည်။

 

ဇာတာရှင်၏ အသက်(၃၅)နှစ် မှ အသက်(၅၄)နှစ်တွင်း ကံဇာတာ

=======================================

 

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလမဟာဘုတ်ဇာတာတွင် ကြာသပတေးဂြိုဟ်သည် မူလအိမ်ရှင်သခင်ဂြိုဟ် (သိုက်) ဌာနတွင်ရပ်တည်နေသောကြောင့် အတိတ်ဘ၀မှကံ၏ အကျိုးပေးမှုများကြုံတွေ့ရမည်ဖြစ်ပါသည်။ ၄ ခွင်နယ်မြေဖြစ်သောကြောင့် ကျန်းမားရေးညံ့တတ်ပါသည် မူလအင်္ဂါနှင့် (၃x၅) စိန်ပန်းဖြစ်နေသောကြောင့် ပီယဓါတ်ဝင်ပြီး မိမိလုပ်ငန်းများတွင်ပြောသမျှအောင်မြင်ခြင်း ငွေဝင်ခြင်း၊ထီပေါက်ခြင်း၊အမွေရရှိခြင်းများကြုံတွေ့နိုင်သဖြင့် အထူးကံကောင်းနေသောနယ်မြေဖြစ်ပါသည်။

 

ဇာတာရှင်၏ အသက်(၅၄)နှစ် မှ အသက်(၆၆)နှစ်တွင်း ကံဇာတာ

====================================

 

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလမဟာဘုတ်ဇာတာတွင် ရာဟုဂြိုဟ်သည် ပုတိတွင်ရပ်တည်နေပြီး မူလအင်္ဂါဂြိုဟ်နှင့် (၃x၈) ရာဇာ အတွင်းရန်ကျရောက်နေသောကြောင့် အိမ်တွင်းရေး၊ အိမ်ထောင်ရေးများမတည်ငြိမ်သောကာလဖြစ်ပါသည်၊ သားသမီးများ၏အိမ်ထောင်ရေးပြဿနာများလည်း ထိုကာလတွင်ဖြေရှင်းရတတ်၏ ကျန်းမားရေးပိုင်းတွင် အတွင်းရန်သဘောကြောင့် လေရောဂါများ၊ သွားရောဂါများနှင့်အာရုံကြောရောဂါများဖြစ်တတ်သောကြောင့် ဂရုစိုက်ရန်လိုပါသည်။

 

ဇာတာရှင်၏ အသက်(၆၆)နှစ် မှ အသက်(၈၇)နှစ်တွင်း ကံဇာတာ

======================================

 

ဇာတာရှင်သည်ထိုအသက်အပိုင်းအခြားတွင် မူလဇာတာတွင် သောကြာ အိမ်ရှင်သခင်ဂြိုဟ်သည် သုခံလောကဓံ (မာရဏ) ဂြိုဟ်တွင်ရပ်တည်နေပြီး မူလအင်္ဂါဂြိုဟ်နှင့် (၃x၆) အပြင်မိတ်ကြရောက်နေသောကြောင့် မာရဏ သဘောကြောင့် ကျန်းမားရေးဂရုစိုက်ရမည်ဖြစ်ပြီး အပြင်မိတ်သဘောကြောင့် ခရီးသွားရခြင်း၊ထီပေါက်ခြင်း၊မိတ်ဆွေဟောင်းများနှင့်ဆုံတွေ့ရခြင်း၊ ဘုရားတည်ကျောင်းဆောက်ရခြင်း၊ငွေဝင်ခြင်း၊ပြည်ပခရီးများသွားရခြင်းတို့ကြုံတွေ့နိုင်ပြီး ကျန်းမားရေးပိုင်းတွင်လူကြီးရောဂါများဖြစ်တတ်၏။

 

*** ယခုဖွင့်ဆိုသော သက္ခတ်ပညာပိုင်းမှာအမျိုး(၄)ပါးဖြစ်သောမင်း၊ကုန်သည်၊လယ်သမား၊လက်လုပ်လက်စား

အရအနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ဒေသ(၃)ပါးအရလည်းကွဲလွဲမှုများရှိနိုင်ပါသည်။


 

 

No comments:

Post a Comment