Wednesday, September 2, 2020

ရူပသျှတရ ပညာ

ရူပ သျှတရ ပညာ အပိုင်း ၁
===========(==
၁ ဦးခေါင်းပိုင်း
၂ ကိုယ်လုံးအနေအထား
၃ လက်ပုံသဏ္ဍန်
၎ လိင် အင်္ဂါ
၆ နဖူး
၇ မေးစေ့
၈ နှာခေါင်း
၉ နှု ပ်ခမ်း
၁၀ နားရွက်
၁၁ မျက်လုံး
၁၂ မျက်ခုံးမွေး
၁၃ မွှေးညင်း
၁၄ သွား
၁၅ သွား
၁၆ ပုခုံး
၁၇ သားမြတ်
၁၈ ကျော
၁၉ ခါး
၂၀ တင်ပါး
၂၁ ခြေပခုန်
ရုပ်ဗေဒ အားဖြင့် ပညာရပ်များသည် အတွေ့အကြုံ
များဖြင့်သုသေသန ပြုလုပ်၍ လေ့ကျင့်မှသာလျှင်
တော်ကာကြပေမည်
အထက်ပါ အပိုင်း ၂၁ ပိုင်းကိုတစ်ခုခြင်းတင်ပြသွားပါ
မည် အခြေခံသဘောကို ကြည့်ပြီးလူတောထဲမှာမွေ
နှောက်ရှာမှ ပြည့်စုံမည်ဖြစ်ပါသည်
ဦးခေါင်းပိုင်းမှ စ၍ သုံးသတ်ပါမည်
၁ ရှည်သောမျက်နှာ
သဘောတရာရေးရာနှစ်သက်သည်
နာမ်ပိုင်းဆိုင်ရာနှစ်သက်သည်
၂ ဝိုင်းသောမျက်နှာ
လက်တွေ့ဆန်သည်
၃ လေးထောင့်ကျသောမျက်နှာ
သဘောတရားထက်လက်တွေ့ကိုပိုနှစ်သက်သည်
အမှတ် ၁ ရှည်သောမျက်နှာသည် နာမ်ဝါဒဆန်သည်
စိတ်ကိုသာပြုပြင်တတ်သောသဘောရှိသည်
ကိုယ်ကျင့်တရားကိုထိမ်းသည် လောဘမရှိသူများ
ဖြစ်သည် အကြင်နာလွန်ကဲသည် စိတ်ကူးယဉ်တတ်သည်
ပညာတစ်ခုကိုထူးချွန်သည် ထိုပညာဖြင့်လူသားအကျိုးပြု
သည် သို့သော်လည်းသူရှာသောငွေသူမသုံးရ အများက
ဝိုင်းသုံးကြသည်
ထိုရုပ်မျိုးတွင်မေးရိုးထက် နဖူးပြင်ပိုကျယ်နေပါက
ဗေဒင်ဆရာ စာရေးဆရာ ပန်းချီဆရာ ဒါရိုက်တာ
တို့ဖြစ်တတ်၏
ရသလောက်နှင့်တင်းတိမ်တတ်သည် အားနာတတ်သည်
အမှတ် ၂ မျက်နှာအဝိုင်းပုံစံများသည် မျှတသူများဖြစ်
သည် စေ့စေ့စပ်စပ်လုပ်တတ်သည် တရားသူကြီးများ
ကထိကများတွင်ထိုမျက်နှာမျိုးရှိတတ်သည်
စီးပွားလုပ်ငန်းများလျှင်မြန်စွာတိုးတက်တတ်သည်
နှာတံပေါ်မျက်ခုံးကောင်းလျှင်လူချမ်းသာများဖြစ်တတ်
သည်နဖူးကျယ်လျှင်ပိုကောင်းသည်
မေးရိုးကျယ်ပြီး အသားအရေနူးညံ့ကာမျက်နှာဝိုင်းလျှင်
ပိုကောင်းသည်
ချစ်ချင်းမေတ္တာကိုသိပ်မခံစားတတ်ပါ အိမ် ကား
ပြည့်စုံသည်
ပုံစံ ၃ မျက်နှာလေးထောင့်ကျကျပုံစံများသည် စီးပွားရေး
လောကတွင်အောင်မြင်ကြသည် အိမ်ထောင်ရေးညံ့
သည် ဆုံးဖြတ်အချက်မြန်သည် တယူသန်စိတ်များသည်
ဗေဒင်ဆရာ ဆရာဝန် ခွဲစိတ်အထူးကု အလုပ်မျိုးတွင်
အောင်မြင်ကြသည်
နိုင်ငံရေးလောကတွင်လည်းအောင်မြင်ကြသည်
ဥက္ကဌ အတွင်းရေးမှုး ဖြစ်ကြ၏
 

 

 

No comments:

Post a Comment